CDEC Gaming Dota 2 အသင်းမှာ ဝင်‌ရောက် ကစားသွားမှာဖြစ်တဲ့ SEA ဒေသတွင်း နာမည်ကျော် ကစားသမား AhJit

CDEC Gaming Dota 2 အသင်းမှာ ဝင်‌ရောက် ကစားသွားမှာဖြစ်တဲ့ SEA ဒေသတွင်း နာမည်ကျော် ကစားသမား AhJit

Leizig Major နဲ့ Bukovel Minor ဒေသတွင်း လက်ရည်စစ်ပွဲတွေ ပြီးဆုံးသွားချိန်မှာ CDEC Gaming အနေနဲ့ Carry Position အတွက် ကစားသမား အပြောင်းအလဲ တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ CDEC Gaming က အသစ်ခေါ်ယူလိုက်တဲ့ ကစားသမားကတော့ SEA Dota 2 ချစ်ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမား တစ်ဦးဖြစ်တဲ့ AhJit ပဲဖြစ်ပါတယ်။ AhJit အနေနဲ့ CDEC အသင်းကနေ အနားယူသွားမှာဖြစ်တဲ့ Carry ကစားသမား Eve နေရာမှာ အစားထိုး ဝင်ရောက် ကစားသွားမှာ ဖြစ်ပါတယ်။

Eve အနေနဲ့ CDEC Dota 2 အသင်းကို ၂၀၁၉ မတ်လမှာ စတင် ရောက်ရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ အသင်းကနေ ခေတ္တ အနားယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ CDEC အသင်းရဲ့ ထုတ်ပြန် ကြေငြာချက်များအရ Eve ရဲ့ တောင်းဆိုမှုကြောင့်သာ အသင်းကနေ အခုလို ခေတ္တ အနားပေးလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

Ahjit အနေနဲ့ ပရိုဖက်ရှင်နယ် Dota 2 လောကကို ၂၀၁၅ ခုနှစ်မှာ စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး ယခင် အချိန်တုန်းက SEA Dota 2 လောကရဲ့ အင်အားကြီး အသင်း တစ်ခု အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ WarriorsGaming.Unity အသင်းမှာ အဓိက ကစားသမား တစ်ဦးအဖြစ်လည်း ဝင်ရောက် ကစားခဲ့ပါတယ်။ WG.Unity အသင်းနဲ့အတူ အောင်မြင်မှုတွေ ထိုက်သင့်သလောက် ရရှိပြီး နောက်ပိုင်းမှာ SEA ဒေသတွင်း နာမည်ကျော် အသင်းတွေဖြစ်တဲ့ Fnatic, Clutch Gamers, Tigers, Mineski စတဲ့ အသင်းတွေမှာ ဝင်ရောက် ကစားခဲ့ပြီး အောင်မြင်မှု အနည်းအကျဥ်းကိုသာ ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

AhJit အနေနဲ့ ပရိုဖက်ရှင်နယ် Dota 2 လောကကနေ ၂၀၁၉ ခုနှစ် ၆ လပိုင်းမှာ ကွယ်ပျောက်သွားခဲ့ပြီး ၂၀၁၉ ခုနှစ် ၉ လပိုင်းမှာတော့ CDEC Dota 2 အသင်းရဲ့ လူငယ်အသင်းဖြစ်တဲ့ Tier-2 အဆင့် CDEC Avenger မှာ သွားရောက် ကစားခဲ့ပါတယ်။ CDEC Avenger အသင်းနဲ့အတူ 2019-2020 DPC Major/ Minor လက်ရည်စစ်ပွဲတွေမှာ ဝင်ရောက် ကစားခဲ့ပေမယ့်လည်း ရှုံးနိမ့်မှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

CDEC Dota 2 အသင်း အနေနဲ့ 2019-2020 DPC Minor ပြိုင်ပွဲနှစ်ခုလုံးရဲ့ ဒေသတွင်း လက်ရည်စစ်ပွဲမှာ ဗိုလ်လုပွဲ အထိ တက်ရောက်နိုင်ခဲ့ပေမယ့်လည်း Dota Summit 11 ဒေသတွင်း လက်ရည်စစ်ပွဲမှာ Invictus Gaming ကို ရှုံးနိမ့်ခဲ့သလို မကြာသေးမီ အချိန်က ကျင်းပပြီးစီးသွားခဲ့တဲ့ Bukovel Minor လက်ရည်စစ်ပွဲမှာလည်း RNG အသင်းကို ၃ ပွဲပြတ်ဖြင့် ထပ်မံ ရှုံးနိမ့်ခဲ့တာကြောင့် Bukovel Minor ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကိုလည်း ထပ်မံ ဆုံးရှုံးခဲ့ရပါတယ်။

ဒါကြောင့်လည်း CEDC Gaming Dota 2 အနေနဲ့ အခုလို နာမည်ကျော် ကစားသမား တစ်ဦးဖြစ်သူ Ahjit ကို အသင်းမှာ ထပ်မံ အင်အား ဖြည့်တင်းခဲ့တာ ဖြစ်ပါတယ်။ အခုလို လက်စွမ်းလက်န ကောင်းမွန်တဲ့ ကစားသမားဖြစ်သူ Ahjit ကို ထပ်မံ ခေါ်ယူခဲ့တာကြောင့် CDEC Gaming အနေနဲ့ နောင်ကျင်းပသွားမယ့် Major/ Minor လက်ရည်စစ်ပွဲတွေမှာ အောင်မြင်မှုတွေကို စွတ်ခူးသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

CDEC Gaming Dota 2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Lai “Ahjit” Jay Son (Pos-1)
  • Guo “Xm” Hongcheng (Pos-2)
  • Shen “123” Chao (Pos-3)
  • Zhou “James” Yifu (Pos-4)
  • Chen “Victoria” Guanhong (Pos-5)

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle