Sccc နေရာမှာ Ahjit နဲ့ အစားထိုးလိုက်တဲ့ EHOME Dota2

Sccc နေရာမှာ Ahjit နဲ့ အစားထိုးလိုက်တဲ့ EHOME Dota2

Song “Sccc” Chun တစ်ယောက် အသင်းက ထွက်ခွာပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ EHOME Dota2 အသင်းကတော့ LGD. International အသင်းရဲ့ Carry ကစားသမားဖြစ်သူ Lai “Ahjit” Jay Son ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

DPC China Regional League Season 1 စတင်ဖို့ ၁၀ ရက်ခန့်သာ လိုအပ်တော့တာ ဖြစ်တာနဲ့ အညီ EHOME Dota2 အသင်းကတော့ လစ်လပ်လျက်ရှိတဲ့ Carry Position အတွက် Ahjit ကို အလျှင်အမြန်ပဲ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ LGD. International Dota2 အသင်းရဲ့ Carry ကစားသမားဖြစ်သူ Ahjit ဟာ 2019-2020 DPC ရာသီ စတင်ချိန်မှာ CDEC Gaming ကို ရောက်ရှိခဲ့ပြီး အသင်းကို ရောက်ရှိပြီး သုံးလခန့် အကြာမှာ LGD Gaming ရဲ့ ခေါ်ယူခြင်းကို ခံယူခဲ့ရပါတယ်။

ဒါပေမယ့်လည်း LGD Gaming ကို ရောက်ရှိပြီး သုံးရက်ခန့် အကြာမှာပဲ ကစားပုံနဲ့ ကိုက်ညီခြင်း မရှိတာကြောင့် အသင်းကနေ ပြန်လည် ထုတ်ပယ်ခြင်းကို ခံခဲ့ရပြီး နောက်ဆုံးမှာ SEA အခြေစိုက် ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တဲ့ LGD Gaming ရဲ့ လက်ခွဲ Dota2 အသင်း LGD. International ကို ရောက်ရှိခဲ့ပါတယ်။ LGD. International Dota2 အသင်းဟာ SEA ဒေသတွင်း ပြိုင်ပွဲတွေမှာလည်း မယ်မယ်ရရ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့သလို အောင်မြင်မှုတွေနဲ့လည်း ဝေးကွာလို့သာနေခဲ့ပါတယ်။

ဒါ့အပြင် LGD. International Dota2 အသင်းဟာ ၂၀၂၀ ခုနှစ်၊ ၆ လပိုင်းက စတင်ပြီး ဘယ်ပြိုင်ပွဲမှာမှ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့တာကြောင့် Ahjit အနေနဲ့ အစားထိုး ကစားသမား အဖြစ် SEA အခြေစိုက် အသင်းတွေ၊ တရုတ်အခြေစိုက် အသင်းတွေမှာ ဝင်ရောက် ကစားပေးခဲ့ပါတယ်။

Ahjit အနေနဲ့ EHOME Dota2 အသင်းအတွက် ပထမဆုံး ပွဲစဉ်အဖြစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး DPC China Regional League Season 1 Upper Division ပွဲစဉ်တွေကို LAN ပြိုင်ပွဲ အဖြစ် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိထားတာကြောင့် SEA အခြေစိုက် ကစားသမားလေး Ahjit တစ်ယောက် အသင်းသစ်မှာ ဘယ်လောက်ထိ စွမ်းဆောင်ရည်ကောင်းတွေကို ပြသသွားနိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

EHOME Dota2 အသင်းရဲ့ ကစားသမာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Lai “Ahjit” Jay Son – Pos 1
  • Guo “Xm” Hongchen – Pos 2
  • Yang “Chalice” Shenyi – Pos 3
  • Pan “Fade” Yi – Pos 4
  • Jian Wei “xNova” Yap – Pos 5

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle