AIA Myanmar မှ နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် “AIA Go! For Light” အမည်ဖြင့် ၅ကီလို အပြေးပြိုင်ပွဲကို ပုဂံတွင် ကျင်းပ

AIA Myanmar မှ နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် “AIA Go! For Light” အမည်ဖြင့် ၅ကီလို အပြေးပြိုင်ပွဲကို ပုဂံတွင် ကျင်းပ

ဈေးကွက်ရင်းနှီးမြှပ်နှံမှုများအရ ဦးဆောင်အသက်အာမခံကုမ္ပဏီအဖြစ် ရပ်တည်လျက်ရှိသော AIA သည် ၎င်း၏ နှစ်တစ်ရာပြည့် ထိမ်းအထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယူနက်စကိုစာရင်းဝင် ကမ္ဘာ့ အမွေအနှစ်တစ်ခု ဖြစ်သည့် ပုဂံတွင် ကျင်းပပြုလုပ်ခဲ့သည်။ AIA ၏ နှစ်တစ်ရာပြည့် အခမ်းအနားများကို အာရှပစိဖိတ်ဒေသများတွင်လည်း ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံတွင်ကျင်းပသည့်ပွဲသည် ၂၀၁၉ ခုနှစ်တွင် ကျရောက်သော နှစ်တစ်ရာပြည့် အထိမ်းအမှတ်ပွဲများ၏ နောက်ဆုံးပိတ် ပွဲတော်ဖြစ်သည်။

အဆိုပါပွဲတော်တွင် “Healthier, Longer, Better Lives” ဟူသော ဆောင်ပုဒ်အရ ပိုမိုကျန်းမာပြီး ပျော်ရွှင်ကောင်းမွန်သော ဘဝများကို ရရှိစေရန်အတွက် “AIA Go! For Light” ဟူသောအမည်ဖြင့် ၅ကီလို အပြေးပွဲတစ်ခုကို ပုဂံမြို့၏ အထင်ကရဘုရားဖြစ်သော ထီးလိုမင်းလိုဘုရားတွင် နံနက် ၅နာရီခန့်တွင် ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်ဦးရေ ၂၀၀ကျော် ရှိခဲ့သည်။

ထို့ပြင် AIA ၏ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အနေဖြင့် ပုဂံအနီးရှိ တူရွင်းတိုင်ကျေးရွာမှ အိမ်ခြေ ၁၀၀ ကို နေစွမ်းအင်သုံး ဆိုလာပြားများ ၁၀၀ ကိုလည်း လှူဒါန်းကာ AIA မှ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ CEO ဖြစ်သူ Mr. Tan Hak Leh နှင့် AIA Myanmar ၏ CEO ဖြစ်သူ Mr. Nhon Ly (Luc) တို့နှင့်အတူ အခြား တာဝန်ရှိသူများက ဆိုလာပြားများကို ရွာအရောက် တပ်ဆင်ပေးခဲ့သည်။

ပြိုင်ပွဲပြီးနောက်တွင် AIA Myanmar သည် အနိုင်ရရှိသည့် အပြေးပြိုင်ပွဲဝင်(၃)ဦးကို ဆုများ ချီးမြင့်ပေးအပ်ခဲ့သည်။ နှစ်တစ်ရာပြည့် အခမ်းအနားရေး အသီအစီအစဉ်အရ နောက်ဆုံးတွင်ပြုလုပ်မည့် အခမ်းအနား ဖြစ်သော ဟောင်ကောင်တွင်ကျင်းပမည့် ပွဲမတိုင်မီ ရှေ့ပြေးအဖြစ် မြန်မာနိုင်ငံကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားတွင်ပါဝင်သော အစီအစဉ်တစ်ခုဖြစ်သည့် မိုးပျံပူဖောင်း လွှင့်တင်ရာတွင်လည်း ကံထူးသူ (၃)ဦးကို ရွေးချယ်၍ လိုက်ပါစီးနင်းခွင့်ပြုခဲ့သည်။

AIA ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ CEO Mr. Tan Hak Leh က “AIA နှစ်တစ်ရာ ပြည့်မြောက်ခြင်းဟာ အခမ်းအနားကျင်းပဖို့ အခွင့်အရေးတစ်ခုသာ မဟုတ်ဘဲ AIA နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာဖို့နဲ့ အောင်မြင်မှု ရရှိဖို့ ပါဝင်ဆောင်ရွက်ခဲ့သူတွေ အားလုံးကို ကျေးဇူးတင်နိုင်မယ့် အခွင့်အရေး တစ်ခုလည်း ဖြစ်ပါတယ်။ AIA အပေါ် သစ္စာရှိမှုနဲ့ယုံကြည်မှုတွေအတွက်သာမက AIA နဲ့အတူ ပါဝင်ပြီး ကျွန်တော်တို့ရဲ့ ဒေသခံ ရပ်ရွာလူထုကို ထောက်ပံ့ပေးနေ မှုကြောင့်လည်း ကျွန်တော်တို့ရဲ့ Customers တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။” ဟု ပြောကြားခဲ့သည်။

AIA ၏ မြန်မာကိုယ်စားပြုရုံးကို ၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ လွန်ခဲ့သော (၆) နှစ်တာကာလအတွင်း မြန်မာပြည်သူများ၏ နေထိုင်မှုအဆင့်အတန်းမြင့်မားလာစေရန်နှင့် အသက်အာမခံလုပ်ငန်းနင့်ပတ်သက်သော အသိပညာဗဟုသုတများ ပိုမိုတိုးတက်လာစေရန်အတွက် အမျိုးမျိုးသော အစီအစဉ်များတွင် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့သည်။ အာမခံလုပ်ငန်းများကလည်း နောက်ပိုင်းခေတ်စားပြီး လိုအပ်လာသည်နှင့်အလျောက် မြန်မာပြည်သူများအနေဖြင့် အာမခံများဖြင့် ဘဝကိုပိုကောင်းအောင် မည်သို့ဖန်တီးနိုင်သည်နှင့်ပတ်သက်၍ အသိပညာပေးရာတွင် ကူညီစေလိုကြောင်း မီဒီယာများကို ပြောဆိုခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဧပြီလတွင် မြန်မာနိုင်ငံ၌ရာနှုန်းပြည့်လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီ အဖြစ် AIA သည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရွေးချယ်မှုကို ခံရပြီး မကြာမီတွင် အာမခံထုတ်ကုန်များကို မိတ်ဆက်မည်ဖြစ်ကာ ရေရှည်လူမှုစီးပွားရေးဖွံ့ဖြိုးမှုအတွက်သာမက ပြည်သူလူထုအတွက် ပိုမိုကျန်းမာ အသက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝများ ပိုင်ဆိုင်နိုင်စေရန်ဆိုသည့် ကတိကဝတ်ကိုလည်း ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားသွားပါသည်။

Khant Thura

(AkhayarMedia.com)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle