ကံထူးသူ customer အား လန်ဒန်တွင် လည်ပတ်ခွင့်ပေးမည့်အပြင် Tottenham နှင့် Leicester ဘောလုံးပွဲကြည့်ရှုခွင့်ပေးမည့် AIA Myanmar

ကံထူးသူ customer အား လန်ဒန်တွင် လည်ပတ်ခွင့်ပေးမည့်အပြင် Tottenham နှင့် Leicester ဘောလုံးပွဲကြည့်ရှုခွင့်ပေးမည့် AIA Myanmar

ကမ္ဘာ့အကြီးဆုံး အသက်အာမခံကုမ္ပဏီဖြစ်သည့် AIA ၏ မြန်မာနိုင်ငံရှိ ကုမ္ပဏီခွဲဖြစ်သည့် AIA Myanmar သည် တစ်သက်စာအမှတ်ရစေမည့် အခွင့်အရေး တစ်ရပ်အဖြစ် ကံထူးရှင်တစ်ယောက်ကို ရွေးချယ်ပြီး လန်ဒန်သို့ စရိတ်ငြိမ်းပို့ဆောင်ပေးမည်ဖြစ်သည်။

၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့မတိုင်ခင် AIA မှ မည်သည့် အာမခံပေါ်လစီကိုမဆို ဝယ်ယူထားသူတိုင်း Tottenham Hotspur ၏ နာမည်ကြီးကစားသမားများဖြစ်ကြသော Harry Kane နှင့် Son Heung Min တို့အပြင် ဘောလုံးအားကစားလောကတွင် ဝါရင့်ပညာရှင်မန်နေဂျာများထဲမှ တစ်ဦးဖြစ်သူနည်းပြ Jose Mourinho တို့နှင့် လေ့ကျင့်ရေးကွင်းတွင် တွေ့ဆုံမိတ်ဆက်နိုင်မည့် အခွင့်အရေးကိုပါ ရနိုင်သည့်အစီအစဉ်ကို ကံစမ်းနိုင်မည် ဖြစ်သည်။ လန်ဒန်ရှိ အကြီးဆုံးဘောလုံးအားကစားကွင်း ဖြစ်သည့် Tottenham Hotspur ဘောလုံးကွင်းတွင် ယှဥ်ပြိုင်မည့် Tottenham နှင့် Leicester City ပွဲ ကြည့်ရှုခွင့်လက်မှတ်ကိုလည်း ရရှိမည်ဖြစ်သည်။ Tottenham မှ ၎င်း၏ ပရိသတ်များ ပိုမိုကောင်းမွန်သည့် ဘဝများ ပိုင်ဆိုင်နိုင်စေရန် ရည်ရွယ်ပုံဖော်ထားသည့် ပလတ်စတစ် ကင်းစင်သည့် အားကစားကွင်းတွင် ရွေးချယ်စရာများပြားလှသည့် စားသောက်ဆိုင်များစွာကိုလည်း တွေ့မြင်ရမည် ဖြစ်သည်။ ကံထူးသူ customer အနေဖြင့် ကမ္ဘာ့အကြီးဆုံး မြို့တော်ဟု သတ်မှတ်ခြင်း ခံထားရသည့် လန်ဒန်မြို့ ၏ အလှအပများကို ကိုယ်တိုင်တွေ့မြင်ခံစားခွင့်ရမည် ဖြစ်သည်။Buckingham Palace ၊ လန်ဒန်တံတား၊ St. Paul’s Cathedral အပြင် အခြား ထူးခြားပြီး ဆွဲဆောင်မှုရှိသည့် နေရာများကိုလည်း သွားရောက် လည်ပတ်ခွင့်ရမည်ဖြစ်သည်။

အဆိုပါ ကံထူးရှင်ရွေးချယ်မှုကို သတ်မှတ်ချက်နှင့် ကိုက်ညီသော customer များအနက်မှ တစ်ဦးကို Facebook Live မှတစ်ဆင့် ရွေးချယ်သွားမည် ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံက customers တွေကို ပြန်လည်ကျေးဇူးတုန့်ပြန်လိုတဲ့ ဆန္ဒနဲ့ ဒီအစီ အစဥ်ကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။” ဟု AIA Myanmar ၏ CEO ဖြစ်သူ Mr. Nhon Luc Ly မှ ဆိုသည်။ “အခုကံထူးတဲ့ customer အတွက် စီစဥ်ပေးတဲ့ လန်ဒန်ခရီးစဥ်က ကျွန်တော်တို့ရဲ့ လုပ်ငန်းခရီးအစမှာ ပြုလုပ်ပေးတဲ့ ကျေးဇူးတုန့်ပြန်မှုလေးဖြစ်သလို AIA ဟာ မြန်မာပြည်သူတွေအတွက် ရပ်တည်နေတယ် ဆိုတာကိုပြသဖို့ နောက်ပိုင်းမှာလည်း ပိုမိုကောင်းမွန်တဲ့ အစီအစဥ်တွေကို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။” ဟု ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။

AIA Myanmar သည် မြန်မာနိုင်ငံတွင် ရာနှုန်းပြည့် လုပ်ပိုင်ခွင့်ရသည့် အသက်အာမခံ ကုမ္ပဏီခွဲတစ်ခု အဖြစ်လိုင်စင် ရရှိသည့် နို၀င်ဘာလ ၂၀၁၉ ခုနှစ်ကတည်းက အာမခံပေါ်လစီများ ရောင်းချလျက်ရှိပြီး မြန်မာနိုင်ငံ၏လူမှု အသိုင်းအဝိုင်းကို အကျိုးပြုသွားရန် ရည်ရွယ်ထားသည်။ လွန်ခဲ့သည့် လများကလည်း ရပ်ရွာအကျိုးပြု ဆောင်ရွက်ချက်များကို လုပ်ဆောင်ခဲ့ရာ AIA သည် English Premier League club ဖြစ်သော Tottenham Hotspur မှ နည်းပြများကို ခေါ်ယူ၍ ရန်ကုန်မြို့ရှိ ကလေးများကို ဘောလုံးအားကစား လေ့ကျင့်ပေးသည့် လှုပ်ရှားမှုဖြစ်သော “AIA KICK!” ကိုလည်း စီစဉ် ဆောင်ရွက်နိုင်ခဲ့သည်။  AIAသည် နှစ်တစ်ရာပြည့် အထိမ်းအမှတ်ကို ကျင်းပသည့် အနေဖြင့် “AIA GO! FOR LIGHT” အမည်ရ 5K အပြေးပြိုင်ပွဲကို ကျင်းပခဲ့ပြီး ပုဂံရှိ လျှပ်စစ်မီးမရရှိသေးသော အိမ်ခြေ ၁၀၀ ကိုလည်း ဆိုလာပြားများ လှူဒါန်းနိုင်ခဲ့သည်။

အသေးစိတ်သိရှိလိုပါက AIA Myanmar ၏ Hotline နံပါတ်ဖြစ်သည့် ၀၁၄၇၀၅၄၃၃ နှင့် ၎င်း၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သည့်https://www.facebook.com/AIA.Myanmar.MM/  သို့လည်း ဆက်သွယ်မေးမြန်းနိုင်သည်။ AIA မှ အာမခံပေါ်လစီကို ဝယ်ယူထားရှိပြီး အဆိုပါကံထူးရှင်ဖြစ်နိုင်မည့် အခွင့်အ‌ရေးကို ရယူကာ AIA Myanmar မှ ပြုလုပ်ကျင်းပသည့် ပျော်ရွှင်ဖွယ် လှုပ်ရှားမှုများ၏ တစ်စိတ်တစ်ဒေသအနေနှင့် ပါဝင်ရန် ဖိတ်ခေါ်လိုက်သည်။