မြန်မာပြည်သူတွေအတွက် AIA ၊ AYA Financial Group နဲ့ MAX Myanmar Group တို့ ပူးပေါင်းဆောင်ရွက်နေပြီ

မြန်မာပြည်သူတွေအတွက် AIA ၊ AYA Financial Group နဲ့ MAX Myanmar Group တို့ ပူးပေါင်းဆောင်ရွက်နေပြီ

AIA Myanmar အနေနဲ့အသက်၊ကျန်းမာရေးနှင့်ကောင်းမွန်သောရှင်သန်နေထိုင်မှုအစီအစဉ်များပေးစွမ်းနိုင်ရန်AYA Financial Group, Max Myanmar Group (AFG-MAX) နဲ့ ပူးပေါင်းလိုက်ပြီးဒီဇင်ဘာလ၅ရက် နေ့မှစတင်ပြီး အကျိုးတူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

AIAနဲ့AFG-MAX ပူးပေါင်းမှုဟာ အာမခံကုမ္ပဏီများလိုင်စင်ရရှိပြီးနောက်အာမခံကုမ္ပဏီနဲ့ဘဏ်အကြားပထမဆုံး အကျိုးတူပူးပေါင်းမှု ဖြစ်ပါတယ်။အခုပူးပေါင်းမှုဟာရည်ရွယ်ချက်ကောင်းများကိုအခြေခံသောရည်ရှည်အတွက်မဟာဗျူဟာကျတဲ့ပူးပေါင်းမှု အစလည်း ဖြစ်ပါတယ်။

အာရှပစိဖိတ်ဒေသတစ်လျောက်AFG-MAX ရဲ့နိုင်ငံတွင်းကျွမ်းကျင်မှုတို့ပေါင်းစည်းခြင်းအားဖြင့်မြန်မာပြည်သူလူထုတွေကို အာမခံဆိုင်ရာဝန်ဆောင်မှုများကိုအဓိကထားအာရုံစိုက်ကာလုပ်ဆောင်သွားမည်ဖြစ်ပါတယ်။အခု ပူးပေါင်းမှုကမှတဆင့်နိုင်ငံအတွင်းလိုအပ်နေတဲ့အသက်အာမခံနဲ့ကျန်းမာရေးအာမခံအကြောင်းကိုသတိပြုမိလာစေရေးအတွက် ဆောင်ရွက်ထားဖို့လည်း ရည်ရွယ်ထားပါတယ်။

မြန်မာနိုင်ငံမှာလည်းAIA ရဲ့ အာမခံလုပ်ငန်းခွဲတစ်ခုအဖြစ်ရာနှုန်းပြည့်အသက်အာမခံလုပ်ကိုင်ခွင့်လိုင်စင်ကိုပြီးခဲ့တဲ့နိုဝင်ဘာလ၂၈ရက်နေ့ကပြည်ထောင်စုမြန်မာနိုင်ငံတော်၏စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှAIA Myanmar အားတရားဝင်ပေးအပ်ခဲ့ပြီ ဖြစ်ပါတယ်။

AIA Myanmar ၏CEO ဖြစ်သူNhon (Luc) Ly က

“အခုလိုAFG-MAX Group နဲ့မဟာဗျူဟာမြောက်ရေရှည်ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက်အထူးစိတ်လှုပ်ရှားမိပါတယ်။AFG-MAX နဲ့အတူဈေးကွက်အတွင်းမှာခေတ်မီလုံခြုံတဲ့နေထိုင်မှု ပုံစံတွေဆောင်ယူလာပေးဖို့နဲ့လူမှုရေး၊စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေဖို့လည်းရည်မှန်းထားပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်ရမယ်ဆိုတဲ့ကျွန်တော်တို့AIA ရဲ့ကတိအတိုင်းမြန်မာပြည်သူလူထုအတွက်ဒီပူးပေါင်းမှုဟာအထောက်အပံ့ဖြစ်ပါလိမ့်မယ်”လို့ပြောကြားခဲ့ပါတယ်။

AYA Financial Group နှင့်Max Myanmar Group တို့၏ဥက္ကဌဖြစ်သူဦးဇော်ဇော်က“ကျွန်တော်တို့အနေနဲ့ကမ္ဘာ့အကြီးဆုံး အသက်အာမခံအဖွဲ့ တစ်ခုဖြစ်တဲ့AIA နဲ့အကျိုးတူပူးပေါင်းခွင့်ရတဲ့အတွက်ဝမ်းသာမိပါတယ်။AIAနဲ့AFG-MAX ပူးပေါင်းမှုဟာ ကျွန်တော်တို့ လိုအပ်နေတဲ့ပူးပေါင်းမှုမျိုးဖြစ်ပြီးသိသိသာသာပံ့ပိုးကူညီသွားနိုင်မဲ့ညှိနှိုင်းဆောင်ရွက်မှုဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်။” ဟုပြောကြားခဲ့သည်။

AIA Myanmar နှင့်AFG-MAX တို့အနေနဲ့လည်း“မြန်မာပြည်သူများ၏ဘဝများကိုထွန်းလင်းရန်” ဟူသည့်လူမှုအကျိုးပြုရည်မှန်းချက်တစ်ခုကိုလည်းကြေညာခဲ့ပါတယ်။

ဒါကတော့ပြည်သူများ၏အနာဂတ်ကိုသိသိသာသာအကျိုးသက်ရောက်စေမည့်မျှော်လင့်ချက်နှင့်အတူချို့တဲ့နွမ်းပါးသောမိသားစုများအားလျှပ်စစ်ဓာတ်အားပံ့ပိုးပေးခြင်းဖြင့်၎င်းတို့၏ကလေးများပညာသင်ကြားရေးကို အထောက်အကူပြုစေရန်ရည်ရွယ်ပြီးAIA Myanmar နှင့်AFG-MAX မြန်မာနိုင်ငံရှိကျေးရွာများသို့နေစွမ်းအင်သုံးဆိုလာပြားများလှူဒါန်းသွားမည်ဖြစ်ပါတယ်။

Kyaw Zaw (Akhayar)

www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle