မင်းသမီး Emilia Clarke ရင်ဖွင့်လာတဲ့ Brain Aneurysms နဲ့ Game of Thrones က နေ့ရက်မျာ

မင်းသမီး Emilia Clarke ရင်ဖွင့်လာတဲ့ Brain Aneurysms နဲ့ Game of Thrones က နေ့ရက်မျာ

Game of Thrones ရဲ့ နာမည်ကြီးခေါင်းဆောင်မင်းသမီး Emilia Clarke ကိုကြည့်လိုက်ရင် အပြုံးလေးတစ်ပွင့်နဲ့ အမြဲတမ်းပျော်ရွှင်နေတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ဒီလိုထင်လိုက်ရင်တော့ မှားသွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ မင်းသမီး Emilia Clarke က Brain Aneurysms လို့ခေါ်တဲ့ရောဂါကို ခံစားနေရလို့ပါ။ ဒီရောဂါက ဦးနှောက်သွေးကြောမှာ ပူဖောင်းလိုဖောင်းနေတဲ့ အဖုကြီးဖြစ်နေတာပါ။ ဒီအဖုက အချိန်မရွေး ယိုစိမ့်နိုင်ပြီး ကွဲထွက်နိုင်တယ်။ အဲဒီကနေဦးနှောက်ထဲကို သွေးတွေယိုစိမ့်နိုင်တယ်။ ဒါကို Hemorrhagic Stroke လို့လည်းခေါ်ပါတယ်။

“အမှန်အတိုင်းပြောရရင် နေ့တိုင်းရဲ့မိနစ်တွေတိုင်းမှာ ကျွန်မသေတော့မယ်လို့ ထင်ခဲ့တာ” လို့ Emilia Clarke က ရေးခဲ့တယ်။ Emilia က ပထမဆုံးအနေနဲ့ Game of Thrones Season 1 ရိုက်ပြီးနောက်ပိုင်းမှာ ဖြစ်လာခဲ့တဲ့ Brain Aneurysms အကြောင်းကို ရင်ဖွင့်လာခဲ့တာပါ။ Emilia က သူမရဲ့ကျန်းမာရေးအတွက် ရုန်းကန်နေရတာကို ပရိသတ်တွေမသိအောင် နှစ်တွေအကြာကြီးဖုံးထားခဲ့ပါတယ်။ သူမ Gym ဆော့ရင်း Stroke ဖြစ်ပြီး အမြန်ခွဲစိတ်လိုက်ရတာနဲ့ ပတ်သတ်ပြီး Emilia က The New Yorker မှာ ဘယ်လိုရေးထားလဲဆိုတော့

“ခွဲစိတ်ဖို့အတွက် ဖောင်ဖြည့်ပေးဖို့ ပြောကြတာကို ကျွန်မမှတ်မိတယ်။ ဦးနှောက်ခွဲစိတ်မှာတဲ့။ ကျွန်မက အရမ်းအလုပ်များတဲ့ ကျွန်မဘဝရဲ့ အလယ်မှာရှင်သန်နေတာ ၊ ကျွန်မမှာ ဦးနှောက်ခွဲစိတ်ဖို့ အချိန်မရှိဘူး” လို့ပဲဖြစ်ပါတယ်။ ပထမတစ်ခေါက်ခွဲစိတ်ပြီးနောက်မှာ မခံမရပ်နိုင်လောက်အောင်နာကျင်ခဲ့တယ်တဲ့။ သူ့နာမည်ကိုတောင်သူမမှတ်မိတော့တဲ့အချိန်လည်းရှိခဲ့တယ်တဲ့။ အဲဒီအချိန်တုန်းကဆို သူအရမ်းကြောက်ခဲ့ရတယ်။

“ဘယ်တုန်းကမှအဲဒီလောက်မကြောက်ခဲ့ဖူးဘူး ၊ ပျက်စီးခြင်းဆိုတဲ့အသိကြီးဝင်လာခဲ့တယ်။ ကျွန်မရဲ့ဘဝကို ကြိုမြင်နိုင်တယ် ၊ ဒါပေမယ့်နေဖို့မထိုက်တန်တဲ့ဘဝကြီးပေါ့။ ကျွန်မက သရုပ်ဆောင်တစ်ယောက်ပါ။ ကျွန်မစာသားတွေကိုမှတ်မိဖို့လိုတယ်။ အခုတော့ ကျွန်မနာမည်တောင် ကျွန်မ မမှတ်မိနိုင်ဘူးလေ” ဆိုပြီး ရေးခဲ့ပါတယ်။ “ကျွန်မရဲ့အဆိုးဆုံးအချိန်တွေမှာ ကျွန်မ ပလပ်ကိုဖြုတ်လိုက်ချင်ခဲ့တယ်။ ကျွန်မကို သေခွင့်ပေးဖို့ေ ဆေးအကူကို တာင်းဆိုခဲ့တယ်။ ကျွန်မရဲ့အလုပ် ၊ ကျွန်မဘယ်လိုလူဖြစ်လာမယ်ဆိုတဲ့ ကျွန်မရဲ့အိပ်မက်က ဘာသာစကားနဲ့ ပြောဆိုဆက်ဆံရေးပေါ်မှာ မူတည်တာ။ ဒါမရှိရင် ကျွန်မလမ်းပျောက်ပြီလေ” လို့လည်းရေးထားပါသေးတယ်။

Emilia ရဲ့ပထမဆုံးခွဲစိတ်မှုအပြီး တစ်လအကြာမှာ ဆေးရုံကနေဆင်းခွင့်ရခဲ့တယ်။ နာကျင်မှုဝေဒနာနဲ့ စိတ်ဝေဒနာတွေ ရင်ဆိုင်နေခဲ့ရပေမယ့် Game of Thrones Season 2 ရိုက်ဖို့အတွက် ရိုက်ကွင်းကိုပြန်သွားခဲ့တယ်။ ဒါရိုက်တာတွေနဲ့ ရုပ်ရှင်အဖွဲ့သားတွေကို သူ့ရဲ့အခြေအနေကို ပြောပြခဲ့ပေမယ့် လူထုကပြောဆိုဝေဖန်မှာတွေကို မလိုလားခဲ့ဘူး။ ရုပ်ရှင်ကတော့ဆက်ရိုက်ရမှာပဲလို့လည်း Emilia ကပြောခဲ့ပါတယ်။ Season 2 က သူ့အတွက်တော့ အဆိုးဆုံးအချိန်တွေဖြစ်ခဲ့တယ်။ သူ့ကိုယ်သူသေတော့မယ်တောင် ထင်ခဲ့တာတဲ့။ Season 3 ပြီးတဲ့နောက်ပိုင်းမှာ ပထမခွဲစိတ်မှုတုန်းကလို ပြန်ပြီးသက်သာအောင်လုပ်တာထက် ပိုပြီးတော့ နာကျင်ခဲ့ရတယ်လို့ Emilia က ရေးထားတယ်။ ဆေးရုံမှာနောက်ထပ်တစ်လလောက်ထပ်နေပြီး စိတ်ဖိစီးမှုတွေ ၊ ရုတ်တရက် စိတ်ဖောက်တာတွေနဲ့ကြုံခဲ့ရပြီး သူမအသက်မရှင်နိုင်တော့ဘူးလို့တောင် တွေးထင်တဲ့အဆင့်ထိရောက်ခဲ့ရတယ်။

နောက်ဆုံးခွဲစိတ်မှုအပြီးမှာတော့ သူမရဲ့ဦးခေါင်းဟာအပြည့်အဝကို ကောင်းသွားပါပြီလို့ Emilia Clarke ကရေးခဲ့ပါတယ်။ အခုတော့ Emilia Clarke က သူမရဲ့ဇာတ်ကြောင်းကို ပြန်ပြီးမျှဝေချင်နေပါပြီ။ သူမက “Game of Thrones ရဲ့နောက်ဆုံးအချိန်ထိရောက်ခဲ့တာ အားရစရာကောင်းတာနဲ့ ကံကောင်းတာတွေထက်ကို ပိုပါတယ်” “ဒီဇာတ်လမ်းရဲ့အဆုံးသတ်နဲ့ နောက်လာမယ့်အရာတွေရဲ့အစကို မြင်တွေ့ခွင့်ရဖို့ ဒီမှာရှိနေရတာ အရမ်ကိုဝမ်းသာပါတယ်” လို့ရေးခဲ့ပါတယ်။

စာရေးသူကတော့ ဒီအကြောင်းကိုဖတ်ပြီး အရမ်းကိုအံ့သြပြီး ဝမ်းနည်းသွားတယ်။ ဒါပေမယ့် အရမ်းလည်း လေးစားသွားမိတယ်။ ဒီလောက်ရှည်လျားတဲ့ဇာတ်လမ်းတွဲထဲမှာ ဒီလိုရောဂါအခြေအနေနဲ့ ဇာတ်သိမ်းထိရောက်အောင် ပါဝင်သရုပ်ဆောင်ခဲ့တာ အရမ်းကိုလေးစားဖို့မကောင်းဘူးလား။ ပရိသတ်ကြီးတို့ရော ဘယ်လိုမြင်ကြလဲ။ Emilia ကို တကယ်တော်တဲ့အမျိုးသမီးတစ်ယောက်လို့ထင်သွားတာ စာရေးသူတစ်ယောက်ထဲလား။

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle