လူတွေဆီက သင်ကြားခဲ့ရဖူးတဲ့ ငွေရေးကြေးရေးသင်ခန်းစားများအကြောင်

လူတွေဆီက သင်ကြားခဲ့ရဖူးတဲ့ ငွေရေးကြေးရေးသင်ခန်းစားများအကြောင်

ငွေနဲ့ပတ်သက်တဲ့ အကြံဉာဏ်တွေ၊ သင်ခန်းစာတွေနဲ့ အတွေ့အကြုံတွေကို ဘယ်ကနေရတတ်ကြပါသလဲ။ ကျွန်မကတော့ လူတွေဆီကပဲ ရတာများပါတယ်နော်။ လူတွေဆီက သင်ခန်းစာတွေနဲ့ အတွေ့အကြုံအမျိုးမျိုးရရှိတဲ့အထဲမှာ ငွေနဲ့ပတ်သက်တဲ့ အမှတ်တရတွေ များစွာရှိပါတယ်။ တချို့အရာတွေက ပြုပြင်ပြောင်းလဲဖို့၊ တချို့အရာတွေက မှတ်သားထားဖို့ နောက်ပြီး တချို့အရာတွေကတော့ မေ့ပစ်လိုက်ဖို့ပဲ ဖြစ်ပါတယ်။ ဒီတော့ စာရေးသူမမ လူတွေဆီကနေ ငွေနဲ့ ပတ်သက်ပြီး ဘယ်လိုအတွေ့အကြုံတွေရဖူးလဲဆိုတာကို ပြောပြချင်လို့ပါနော်။

ပေးသာပေး၍ ပြန်မရ
ပထမဆုံးအတွေကအကြုံကတော့ ချစ်ခင်ရတဲ့လူမှုပတ်ဝန်းကျင်က မိတ်ဆွေတွေဆီကပဲ ဖြစ်ပါတယ်။ လိုတဲ့အချိန်တိုင်း အားနာတတ်တဲ့စိတ်ကြောင့် ငွေရေးကြေးရေးကူညီပေးခဲ့ဖူးပေမယ့် ဘယ်တော့မှ ပြန်မရတော့တာမျိုးတွေ၊ ကြွေးယူပြုံးပြုံး တောင်းတော့မုန်းတွေဖြစ်ရတာတွေ၊ ကိုယ်တိုင်က ပိုက်ဆံချေးထားမိသလို အောက်ကနေ ဝတ်တွားတောင်းပန်ရတာမျိုးတွေ အများကြီးပါပဲ။

သင်ခန်းစာကတော့ တော်ရုံတန်ရုံ ယုံကြည်မှုမရှိတဲ့လူတွေကို ငွေမချေးပါနဲ့။ ချေးလိုက်မိရင်လည်း တစ်ခါတည်း ရေစက်ချထားလိုက်ပါတော့။

တစ်ရာနှစ်ရာအကြွေရေးရာ
တစ်ခါတလေကျတော့ ပိုက်ဆံချေးတာတော့ မခံရပါဘူး။ ဘာဖြစ်လဲဆိုတော့ (၅၀၀) လောက် ပေးပါဦး။ (၃၀၀) လောက် ခဏ စတာမျိုးတွေပါ။ ဒီအတိုင်းကြည့်ရင်တော့ တစ်ရာ၊ နှစ်ရာ ဘာဖြစ်သွားမှာလဲပေ့ါ။ တကယ်တော့ ဘတ်ဂျက်စထိခိုက်တာက အဲဒီ့ တစ်ရာ၊ နှစ်ရာက စတာပါပဲ။ ပိုက်ဆံချေးတယ်ဆိုတဲ့ ငွေပမာဏလည်း မဟုတ်တော့ ပြန်တောင်းလို့လည်း မကောင်းပါဘူး။ တစ်ခါတလေ အဲဒီလိုမျိုးနဲ့ နှစ်ထောင်လောက် ပါသွားတဲ့အခါတွေလည်း ရှိပါတယ်။

သင်ခန်းစာကတော့ အကြွေရှိလား။ ခဏလောက်ပေးပါဆိုရင် မကြားချင်ယောင်ဆောင်နေပါ။

လူတိုင်းသည် ကိုယ်မဟုတ်
ကိုယ်က စိတ်သဘောထားပြည့်ဝလို့ လိုအပ်တိုင်းအကူအညီပေးပေမယ့် ကိုယ်လိုချင်လာတဲ့အခါကျတော့ ကိုယ်ကူညီထားတဲ့ လူတိုင်းက ကိုယ့်ကို ပြန်အကူအညီပေးမယ်လို့ ထင်လား။ ဝေးသာဝေး။ လူတိုင်းက ကိုယ့်လိုမဟုတ်ပါဘူး။ တစ်ခါတလေ တစ်ခါ ငွေချေးပေးဖူးပြီး နောက်တစ်ခေါက် တကယ်အဆင်မပြေလို့ မချေးပေးမိရင်တောင်မှ ရန်တွေ့ချင်တဲ့သူမျိုးတွေ ရှိပါတယ်။ ဒီတော့ ကိုယ် ကောင်းချင်ရင် မျက်စိမှိတ်ပြီး ကောင်းလိုက်ပါ။ ကိုယ် ကောင်းတိုင်း ပြန်ကောင်းမယ်လို့တော့ မျှော်လင့်ချက်မထားပါနဲ့။

သင်ခန်းစာကတော့ ကူညီချင်ရင် စိတ်သန့်သန့်နဲ့ မျှော်လင့်ချက်မထားဘဲ ကူညီပေးလိုက်ပါ။ မျှော်လင့်ချက်ထားရင် ရန်တွေ့ခံရတတ်တယ်။

သွေးသားရင်းတောင် ရန်တွေဆောင်
အနီးပတ်ဝန်းကျင်မှာ အမွေခွဲရင်း ရန်သတ်ပြီး ရုံးရောက်ဂတ်ရောက်ဖြစ်ကြတဲ့ မောင်နှမသားချင်းတွေနဲ့ မိသားစုတွေကို တွေ့ဖူးပါတယ်။ ငွေနဲ့ပတ်သက်လာရင် မိသားစုအချင်းချင်းတောင် သတ်ပစ်လိုက်ဖို့ လက်မတွန့်တဲ့သူတွေလည်း အများကြီးပါပဲ။ ငွေနဲ့ပတ်သက်ပြီးရင် ချစ်သူ၊ ခင်သူဆိုတာ မရှိတော့ပါဘူး။ အားလုံးဟာ ရန်သူတွေချည်းလိုပါပဲ။ ကိုယ် ပိုရဖို့၊ ကိုယ် အမြတ်ထွက်ဖို့အရေးပဲ ကိုယ် ရှေးရှုကြတော့တာပါ။ မိသားစုအချင်းချင်းထဲကတောင် သေသည်ထိ တစ်သက်လုံး ရန်သူတွေဖြစ်ကျန်ခဲ့တော့တာပါပဲ။

သင်ခန်းစာကတော့ မိသားစုဆိုတိုင်းလည်း ပစ်မယုံပါနဲ့။ ငွေမှာ ကျောသားရင်သားဆိုတာ မရှိပါဘူး။

ငွေအလျဉ်းကင်း လူရာမသွင်း
ဒါ အမှန်ဆုံးစကားပါပဲ။ အရင်တုန်းကတော့ ငွေမရှိလို့ အဖက်မလုပ်တဲ့ပတ်ဝန်းကျင်က ငွေရှိမှ အနားကပ်လာတာမျိုးတွေလည်း ကြုံခဲ့ပြီးပြီ။ သူငယ်ချင်းအချင်းချင်းတောင် မရှိသူထက် ရှိသူကို ပိုချစ်ကြတယ်မလား။ မညာချင်စမ်းပါနဲ့။ သူစားသလောက်ပဲ သူထုတ်ရှင်းနိုင်တဲ့သူထက် တစ်ဝိုင်းလုံးစာရှင်းနေကြသူနားမှာပဲ လူအုံတာပါ။ ငွေမရှိရင် လူရာသွင်းခံရမှာမဟုတ်ပါဘူး။ ငွေက ဒုတိယဘုရားသခင်လို့ ခဏခဏပြောသားပဲလေ။

သင်ခန်းစာကတော့ လူချစ်လူခင်ပေါချင်ရင် ငွေများများသုံးပြပါ။ လူတွေရှေ့မှာ ကောင်းကောင်းနေ၊ ကောင်းကောင်းစားပါ။ နောက်ကွယ်ရောက်မှ ထမင်းကို ဆားနဲ့ စားချင်စားပေါ့။

Photo Credit

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ