ကြည်လင်ပြတ်သားတဲ့ အရည်အသွေးနဲ့ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေကို ကြည့်ရှုနိုင်မယ့် Cookie TV

ကြည်လင်ပြတ်သားတဲ့ အရည်အသွေးနဲ့ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေကို ကြည့်ရှုနိုင်မယ့် Cookie TV

အရင်ခေတ်တုန်းကဆိုရင် နိုင်ငံခြားရုပ်ရှင်တွေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို တစ်နေရာတည်းမှာ ကြည့်ရှုဖို့ဆိုတာ မလွယ်ကူပါဘူး။ အခမဲ့ရုပ်သံလိုင်းတွေမှာ ကြည့်ရှုလို့ရပေမယ့် ရုပ်ရှင်အရသာကို ခံစားရတာက နည်းနည်း မဆုံးနိုင်တဲ့ ကြော်ငြာတွေက များများဆိုတော့ ရုပ်ရှင်ချစ်သူတွေအတွက် အနှောင့်အယှက်ဖြစ်ကြရပါတယ်။ အခပေးရုပ်သံလိုင်းတွေနဲ့ ချိတ်ဆက်ထားနိုင်ပေမယ့် တစ်နှစ်စာငှားရမ်းခ၊ တပ်ဆင်ခနဲ့ သံသရာလည်နေတဲ့ ကြော်ငြာတွေကြောင့် အာရုံနောက်ရတယ်။ အသစ်ထွက်လာမယ့် ရုပ်ရှင်ကားတွေကို ကြည့်ချင်လွန်းလို့ အခွေဆိုင်မှာ ဝင်မွှေရတယ်၊ ပြီးတော့ တစ်ခွေကို ထောင်ဂဏန်းပေးပြီး ဝယ်ကြရတယ်။ ရုပ်သံဇာတ်လမ်းတွဲတွေဆိုရင်လည်း အခွေတွေအများကြီး ဝယ်ကြရတယ်၊ မူရင်းအရည်အသွေးအတိုင်း ခံစားပေမယ့် အခွေတွေက ဈေးကြီးတာမို့ ရုပ်ရှင်ချစ်သူတွေအတွက် မထောင်းသာဘူး။ မူရင်းရုပ်ရှင်တွေက အင်္ဂလိပ်စာတန်းထိုးကိုပဲ ထောက်ပံ့ထားလို့ သာမန်လူတွေအတွက် နားလည်ဖို့ မလွယ်ပြန်ပါဘူး။ အခုဆိုရင် နည်းပညာစနစ်က မြင့်မားလာပြီဆိုတော့ အသစ်ထွက်လာတဲ့ ရုပ်ရှင်တွေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို အင်္ဂလိပ် – မြန်မာစာတန်းထိုးတွေနဲ့ ထောက်ပံ့လာနိုင်ပြီ။

ရုပ်သံအစီအစဉ်၊ ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်တွေကို အချိန်မရွေးနေရာမရွေး ကြည့်ရှုခံစားနိုင်မယ့် Mobile TV တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါက Cookie TV ပါ။ စမတ်ဖုန်းတစ်လုံးရှိရုံနဲ့ Cookie TV Application ကို အလွယ်တကူ Download လုပ်နိုင်ပြီး နိုင်ငံတကာသတင်း၊ အားကစား သတင်း၊ ရုပ်သံဖျော်ဖြေရေးဝန်ဆောင်မှု၊ ကလေးတွေအတွက် အထူးအစီအစဉ်တွေနဲ့ အရည်အသွေးမြင့်မားတဲ့ ရုပ်ရှင်ကားတွေကိုပါ တစ်နေရာတည်းမှာ ကြည့်ရှုနိုင်မှာပါ။ Facebook Account နဲ့ Cookie TV မှာ အလွယ်တကူလျှောက်ထားနိုင်ပါတယ်။ Cookie TV မှာ နိုင်ငံတကာ ရုပ်သံအစီအစဉ် အနေနဲ့ “ရိုးရှင်း” ၊ “ထိရှ” ဆိုပြီးတော့ Plan နှစ်မျိုးကို ဝယ်ယူကြည့်ရှုနိုင်ပါတယ်။ ရုပ်သံအစီစဉ်လိုင်းပေါင်း ၃၀ ပါဝင်တဲ့ “ရိုးရှင်း” ကိုတော့ ၄၉၀၀ကျပ်နဲ့ ဝယ်ယူနိုင်ပြီး ရုပ်သံအစီအစဉ်လိုင်းပေါင်း ၅၀ ပါတဲ့ “ထိရှ” ကိုတော့ ၇၉၀၀ကျပ်နဲ့ ဝယ်ယူနိုင်ပါပြီ။ လွတ်သွားတဲ့ ရုပ်သံအစီအစဉ်များကို တစ်ပတ်အတွင်း ပြန်လည်ကြည့်ရှုလို့ရမယ့် Catch-up နည်းပညာလည်း ပါဝင်သေးတော့ ကြိုက်နှစ်သက်တဲ့ Plan ကို အခုပဲ ရွေးချယ်ဝယ်ယူပြီး နိုင်ငံတကာ ရုပ်ရှင်တွေနဲ့ ရုပ်သံအစီအစဉ်တွေကို တဝကြီးကြည့်ရှုလိုက်တော့နော်။ ဒါ့အပြင် ရုပ်သံအစီအစဉ် Plan တွေဝယ်ယူပြီးတဲ့ User တွေအနေနဲ့ ၁၀၀၀ ကျပ်ပေးရုံနဲ့ ရုပ်ရှင်များစွာစုစည်းထားတဲ့ “Movie Album” ကြည့်ရှုခွင့်ရဦးမှာဆိုတော့ ရှယ်ပဲပေါ့။

Cookie TV ရဲ့ ရုပ်ရှင်ဝန်ဆောင်မှုမှာ တစ်ကားချင်း စိတ်ကြိုက် ငှားရမ်းကြည့်ရှုနိုင်မယ့် “Pay Per Movie” နဲ့ ရုပ်ရှင်ကားများစွာ စုစည်းထားတဲ့ “Movie Album” ဆိုပြီးနှစ်မျိုးရှိပါတယ်။ အင်္ဂလိပ် မြန်မာ စာတန်းထိုး ရုပ်ရှင်တစ်ကားချင်း “Pay Per Movie” မှာတော့ ၉၀၀ ကျပ်မှစတင်ပြီး ၂၀၀၀ ကျပ်အတွင်း အသစ်ဆက်ဆက် ရုပ်ရှင်များကို အစောဆုံး ရွေးချယ် ငှားရမ်းကြည့်ရှုနိုင်မှာပါ။ ပြီးတော့ ၂၀၀၀ ကျပ်ပေးရုံနဲ့ ရုပ်ရှင်ကားများစွာ စုစည်းထားတဲ့ “Movie Album”ကို တစ်လအတွင်း စိတ်ကြိုက်ကြည့်ရှုနိုင်ပါတယ်။ ‘Bringing the Best’ ဆိုတဲ့ Cookie TV ရဲ့ ဆောင်ပုဒ်အတိုင်း ‘အရည်အသွေးသာ ပဓာန’ လို့ ဆိုရလောက်အောင် ရုပ်သံအရည်အသွေးကို အထူးဂရုစိုက်ထားပါတယ်။ မြန်မာ – အင်္ဂလိပ်စာတန်းထိုးတွေနဲ့ ခံစားနိုင်ပြီး တချို့ရုပ်ရှင်ကားနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို Download လုပ်နိုင်သလို အင်တာနက်မလိုဘဲ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ High Efficiency Video Coding (HEVC) ဆိုတဲ့ Encoding Technology ကို အသုံးပြုထားတဲ့အတွက် Blu-ray ရုပ်ရှင်တွေရဲ့ File Size ကို တစ်ဝက်အထိ လျော့ချလိုက်ပေမယ့် ရုပ်သံအရည်အသွေးကတော့ မူလရုပ်ရှင်အတိုင်းပါပဲ။

Cookie TV ကို ဝင်ရောက်ပြီး မိမိနှစ်သက်တဲ့ Package တွေကို Cookie တွေနဲ့ အသုံးပြုဝယ်ယူနိုင်ပါတယ်။ Cookie ဆိုတာ Cookie TV တစ်ခုတည်းမှာပဲ အသုံးပြုနိုင်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးတစ်မျိုးဖြစ်ပြီး Cookie တစ်ခုဟာ မြန်မာငွေတစ်ကျပ်နဲ့ ညီမျှပါတယ်။ Menu ထဲက ‘Fill Your Cookie Jar’ ကို နှိပ်ပြီးတော့ အနည်းဆုံး ၁,ဝဝဝ ကျပ်ကနေ စတင်ဝယ်ယူနိုင်ပါတယ်။ ဒါ့အပြင် MPT ၊ Telenor ၊ Ooredoo နဲ့ Mytel စတဲ့ အော်ပရေတာတွေအပြင် KBZ Bank ၊ Wave Money နဲ့ Apple In-App Purchase တွေကို အသုံးပြုပြီး Cookie တွေကို ဝယ်လို့ရပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ Cookie Profile ဘေးက Code နံပါတ်ကို သူငယ်ချင်းတွေဆီပို့ပြီး Cookie TV Application ကို Install & Sign Up လုပ်ခိုင်းရုံပါပဲ။ သူငယ်ချင်းက Referal Code ကို ဖြည့်လိုက်တာနဲ့ Bonus Cookie တွေ ရရှိမှာပါ။

အခုဆိုရင် အားလုံးစောင့်ဆိုင်းနေကြတဲ့ Game of Thrones ရဲ့ Season 8 ကို HBO ရုပ်သံလိုင်းက မကြာခင်မှာ လွှင့်တော့မှာပါ။ Game of Thrones နောက်ဆုံး Season မလာခင် အရင် Seasons အကုန်လုံးကို ဧပြီ ၁ရက်နေ့ကနေစပြီး Cookie TV ရဲ့ ရုပ်ရှင်ကဏ္ဍမှာ “ထိရှ” Subscribers အားလုံးသာ ကြည့်နိုင်မယ့် အခွင့်အရေးမို့ လက်လွတ်မခံနဲ့နော်။ပြီးတော့ Cookie TV ရဲ့ HBO HD လိုင်းမှာ Game of Thrones ရဲ့ နောက်ဆုံး Season 8 ကို ၂ဝ၁၉ခုနှစ် ဧပြီလ (၁၅) ရက်နေ့ မနက် ရး၃၀ အချိန်ကစပြီး အချိန်နဲ့တပြေးညီကြည့်နိုင်ပါတယ်။

ဒါ့အပြင် Cookie TV ကို Download လုပ်ပြီး Sign Up လုပ်သူတွေအတွက် 10,000 Welcome Cookie ကို လက်ဆောင်ပေးထားတဲ့အတွက် ‘ထိရှ’ Plan ကို တစ်ခါတည်းဝယ်ယူနိုင်ပါတယ်။ သတင်းကြီးနေတဲ့ Game of Thrones ရဲ့ Season 8 ကို ကြည့်ရှုချင်ရင်တော့ Cookie TV ကို iOS နဲ့ Android စမတ်ဖုန်းတွေမှာ အခုပဲ Download လုပ်နိုင်ပါတယ်။

Cookie TV Download

Android – Download

iOS – Download

Reference and Photo Credit – Cookie TV

ကျော်စိုးအောင် (အခရာ)