အကြိမ် (၃၀) မြောက် SEA Games ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာသွားရပြီဖြစ်တဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု Esports အသင်းများ

အကြိမ် (၃၀) မြောက် SEA Games ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာသွားရပြီဖြစ်တဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု Esports အသင်းများ

ဖိလစ်ပိုင် နိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးဟာဆိုရင် Esports ပြိုင်ပွဲတွေကို ဆုတံဆိပ် အဖြစ် ပေးအပ်သွားမယ့် ပထမဆုံး SEA Games ပြိုင်ပွဲကြီး တစ်ခုပဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင် (၂၀၁၉) SEA Games ပြိုင်ပွဲ၊ Esports ကဏ္ဍမှာ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် မြန်မာနိုင်ငံမှ Dota 2, Arena of Valor, Mobile Legends: Bang Bang လက်ရွေးစင် အသင်း သုံးသင်းကို စေလွှတ်ခဲ့ပါတယ်။

Mobile Legends ပွဲစဉ်များကို ဒီဇင်ဘာလ (၅) ရက်နေ့မှာ စတင် ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု MLBB အသင်း Team Cyanide အနေနဲ့ အုပ်စုအဆင့်ကို ကျော်လွှားနိုင်ခဲ့ခြင်း မရှိတာကြောင့် အခြားသော မြန်မာနိုင်ငံ ကိုယ်စားပြု Esports အသင်းတွေထက် ဖိလစ်ပိုင် (၂၀၁၉) SEA Games ကနေ စောစီးစွာ လက်ပြ နှုတ်ဆက်ခဲ့ရပါတယ်။

ဒီဇင်ဘာလ (၆) ရက်နေ့မှာတော့ Dota 2 ပြိုင်ပွဲနဲ့ Arena of Valor ပြိုင်ပွဲများကို စတင် ယှဉ်ပြိုင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြု Dota 2 အသင်းဖြစ်တဲ့ Team Myanmar (Team Veteran) အနေနဲ့ အုပ်စု အဖွင့် ပွဲစဉ်အဖြစ် အင်ဒိုနီးရှား ကိုယ်စားပြု PG. Barracx နဲ့ ယှဉ်ပြိုင်ခဲ့ရာမှာ တစ်ဖက်တစ်ပွဲစီ အနိုင်ရပြီး သရေကျခဲ့တာကြောင့် ရမှတ် (၁) မှတ်ကို အရယူနိုင်ခဲ့ပါတယ်။

ဒုတိယမြောက် ပွဲစဉ်မှာတော့ WESG အရှေ့တောင်အာရှ ဒေသတွင်း လက်ရည်စစ်ပွဲရဲ့ တတိယလုပွဲမှာ အနိုင်ယူနိုင်ခဲ့တဲ့ လာအိုနိုင်ငံ ကိုယ်စားပြု Aggressive Slayer နဲ့ ပြန်လည် ယှဉ်ပြိုင်ခဲ့ရပါတယ်။ အဆိုပါ ပွဲစဉ်မှာ Aggressive Slayer အနေနဲ့ Team Myanmar (Team Veteran) ကို ၂ ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် ပွဲစဉ်နှစ်ပွဲ ပြီးဆုံးချိန်မှာ မြန်မာအသင်း အနေနဲ့ ရမှတ် (၁) မှတ်သာ ရရှိထားခဲ့ပါတယ်။

တတိယမြောက် ပွဲစဉ်မှာတော့ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု အသင်းလည်းဖြစ်၊ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ပြိုင်ပွဲဖြစ်တဲ့ MDL Chengdu Major မှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပရိုဖက်ရှင်နယ် Dota 2 အသင်း Team Adroit နဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။

Team Adroit နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ မြန်မာအသင်း အနေနဲ့ တစ်ပွဲနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ရမှတ် (၁) မှတ်ကို ထပ်မံ ရယူနိုင်ခဲ့ပေမယ့်လည်း အုပ်စုတွင်း ပြိုင်ဘက် အသင်းတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ လာအိုနိုင်ငံ ကိုယ်စားပြု Dota 2 အသင်းတွေထက် ရမှတ် နည်းပါးသွားခဲ့ပြီ ဖြစ်တာကြောင့် အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Arena of Valor ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ Burmese Ghouls AoV အသင်းကတော့ အုပ်စုတွင်း အင်အားကြီး ပြိုင်ဘက် အသင်းတွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု AOV အသင်းတွေ အားလုံးကို (၂) ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စု နောက်ဆုံး နေရာဖြင့် ဖိလစ်ပိုင် (၂၀၁၉) Sea Games ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာခဲ့ရပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ Esports အသင်းတွေ အားလုံး အနေနဲ့ ယခု ကျရှုံးမှုကနေ အတွေ့အကြုံယူကာ ဆက်လက် ကြိုးစားသွားခဲ့မယ်ဆိုရင် နောင်ကျင်းပသွားမယ့် နိုင်ငံတကာ ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ ရယူနိုင်မှာ ဖြစ်တာကြောင့် စိတ်ပျက် အားငယ်နေခြင်း မရှိပဲ ဆက်လက် ကြိုးစားသွားဖို့ မေတ္တာရပ်ခံရင်း မြန်မာနိုင်ငံ Esports လောက ယခုထက်ပိုပြီး တိုးတက်လာစေဖို့ ဒီနေရာကနေ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Photo Credit: MESL Facebook Page

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle