စိတ်ဝင်စားမှုတွေနဲ့ပြည့်နေတဲ့ Cruella ရုပ်ရှင်ကဘာကြောင့်ကြည့်သင့်လဲ

စိတ်ဝင်စားမှုတွေနဲ့ပြည့်နေတဲ့ Cruella  ရုပ်ရှင်ကဘာကြောင့်ကြည့်သင့်လဲ

ဖက်ရှင်ချစ်သူ ဖက်ရှင်စိတ်ဝင်စားတဲ့သူတွေအတွက်ရော မဖြစ်မနေကြည့်သင့်တဲ့ဇာတ်ကားတစ်ကားလို့ပြောလို့ရတဲ့ Cruella ရုပ်ရှင်ဇာတ်လားက Mulan ကဲ့သို့ Disney တွေကလည်းပါဝင်ပါတယ်။ရုပ်ရှင်ရဲ့ကြာမြင့်ချိန်က ၂ နာရီနဲ့ ၁၅ မိနစ်လောက်ဆိုပေမယ့် ဇာတ်ကားတစ်ခုလုံးက အံသြစရာတွေနဲ့ပြည့်နေတဲ့အတွက်အချိန်ကုန်လို့ကုန်မှန်းတောင်မသိလိုက်ပါဘူး။ဒါ့အပြင် Cruella ရုပ်ရှင်ရဲ့ ကာလာဖန်တီးပုံနဲ့ ဇာတ်လမ်းအသွားအလာတွေကလည်း လွမ်းဆွတ်စရာကောင်းတဲ့ အရာတစ်ခုအနေနဲ့ ရင်ထဲမှာကျန်ခဲ့ပါသေးတယ်။


Disney ရဲ့ဖန်တီးမှုတွေဖြစ်တဲ့ Wheelhouse, Dumbo and Beauty and the beast , Aladdin တို့လိုပဲ Cruella ကိုလည်း နှစ်လိုဖွယ်ကောင်းတဲ့ အရာတွေနဲ့ စီးပွါးရေးအလားလားကိုအကျိုးသက်ရောက်ဖို့မျှော်လင့်နေကြပါတယ်။၁၉၈၀ ခုနှစ်ကဖက်ရှင်အယူအဆကိုအခြေခံရိုက်ကူးထားပြီး Cruella ဆိုတဲ့သူဌေးမဘယ်လိုဖြစ်ပေါ်လာခဲ့လဲဆိုတာမြင်တွေရမှာပါနော်။

ငယ်ငယ်က Disney ဇာတ်ကားထဲက ခွေးတွေကိုလိုက်နှောက်ယှက်နေတဲ့မယ်လီဖီဆန်းဂျိုးကိုမြင်ရင်မကြေမနေတွေဖြစ်ခဲ့ရပေမယ့် အခုတော့ အယ်မာကျောက်တုံးလေးကဝင်ပြီးနေရာယူလိုက်တော့ Live Action ဇာတ်ကားကောင်းလို့လည်းပြောလို့ရပါတယ်။ အဲ့ကြောင့် ဖက်ရှင်ချစ်တဲ့သူတစ်ယောက်အနေနဲ့ရော Disney ရဲ့ဖန်တစ်ယောက်အနေနဲ့ရောကြည့်ကိုကြည့်သင့်ပါတယ်။

Kelly- Akhayar Lifestyle

Photo Credit -Ign.com