ဓာတ်မတည့်တဲ့ အစားအသောက်တွေကိုရှောင်ကြဉ်ဖို့အတွက်ဆိုရင်

ဓာတ်မတည့်တဲ့ အစားအသောက်တွေကိုရှောင်ကြဉ်ဖို့အတွက်ဆိုရင်

လူ့ခန္ဓာကိုယ်ရဲ့ အသွေးအသားဖွဲ့စည်းပုံတွေက တစ်ယောက်နဲ့တစ်ယောက်ကကွဲပြားကျပါတယ်။စားသောက်နေထိုင်မှုပုံစံတွေကလည်း တစ်ယောက်နဲ့တစ်ယောက်ကအကြိုက်ခြင်းလည်းမတူသလို ပမာဏကလည်းမတူကြပါဘူး။ အဲ့တော့ကိုယ်နဲ့ဓာတ်မတည့်ဘူးဆိုတဲ့အစားအသောက်တွေကလည်းဒုနဲ့ဒေပါနော်။တစ်ချို့လူတွေက ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် မိတ်ဆွေအပေါင်းသင်းတွေကြားမှာဖြစ်ဖြစ် ကိုယ်နဲ့ဓာတ်မတည့်တဲ့အစားအသောက်တွေကိုကျွေးရင် အားနာတဲ့စိတ်နဲ့စားလိုက်တာမျိုးဖြစ်တတ်ကြပါတယ်။
ဆန်းစစ်ပါ
အရေးကြီးဆုံးက ကိုယ်ခန္ဓာကိုယ်ရဲ့အသွေးအသားနဲ့ဓာတ်မတည့်တာက ဘာလဲဆိုတာဆန်းစစ်ဖို့လိုအပ်ပါတယ်။တစ်ချို့သူတွေက ငါးဓာတ်တွေနဲ့မတတ်တာမျိုးနဲ့ ပင်လယ်စာတွေနဲ့ဓာတ်မတည့်တာမျိုးတွေဖြစ်တတ်ပါတယ်။ ကိုယ့်နဲ့ဓာတ်မတည့်တာမျိုးကိုသိမှရှောင်ကျဉ်လို့ရပြီး နောက်တစ်ခါမစားမိအောင်လည်းသတိထားလို့ရမှာပါနော် ။


ငြင်းဆန်ပါ
အပေါင်းအသင်းတွေကြားမှာဖြစ်ဖြစ်၊ မိသားစုတွေကြားမှာဖြစ်ဖြစ် ဓာတ်မတည့်တဲ့အစားအသောက်တွေကိုတစ်စုံတစ်ယောက်ကလုပ်ကျွေးလို့အားနာလို့စားလိုက်ရတာမျိုးမလုပ်ပါနဲ့။ ကိုယ့်သွေးသားနဲ့တစ်ခုခုဓာတ်မတည့်တာဖြစ်ရင် ဘယ်လောက်ထိခံစားရလဲဆိုတာ ဖြစ်ဖူးတဲ့လူတွေပဲသိပါတယ်။ အဲ့ကြောင့်အားမနာပါနဲ့ ပွင့်ပွင့်လင်းလင်းပြောလိုက်သင့်ပါတယ်။


တိုင်ပင်ပါ
ကိုယ်နဲ့မထင်မှတ်ပဲနဲ့ စားမိလိုက်တာမျိုးမျိုး ဘယ်လိုမှငြင်းဆန်လို့မရတော့လို့ စားလိုက်ရတယ်ဆိုရင် ဆရာဝန်တွေနဲ့ချက်ချင်းပြသင့်ပါတယ်။ ဓာတ်မတည့်တာလေးပဲဖြစ်တယ်ဆိုပြီးမပေါ့ဆသင့်ပါဘူး။ ဓာတ်မတည့်ရာကနေ သွေးသားပြောင်းလဲမှုတွေဖြစ်နိုင်ပြီး ရောဂါတစ်ခုလိုခံစားသွားနိုင်ရပါတယ်နော် ။

Kelly -Akhayar Lifestyle

Photo Credit - Pinterest

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ