ပရို VALORANT အသင်း တည်ထောင်သွားမယ့် နာမည်ကျော် Esports အဖွဲ့အစည်း Alliance

ပရို VALORANT အသင်း တည်ထောင်သွားမယ့် နာမည်ကျော် Esports အဖွဲ့အစည်း Alliance

Dota2 ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ နာမည်ကျော် Esports အဖွဲ့အစည်း Alliance ကတော့ နယ်မြေသစ်မှာ စတင် အခြေချဖို့ အတွက် ပြင်ဆင်မှုတွေ ပြုလုပ်လာခဲ့ပြီ ဖြစ်ပါတယ်။ Alliance အနေနဲ့ လက်ရှိ ခေတ်စားလျက်ရှိတဲ့ Riot Games ရဲ့ First-Person Shooter အမျိုးအစား VALORANT နယ်မြေသစ်မှာ ပရိုအသင်း တစ်သင်း တည်ထောင်သွားဖို့ ကြိုးပမ်းလျက် ရှိတယ်လို့ သိရပါတယ်။

Alliance VALORANT အသင်းကို Counter Strike ကစားသမားဟောင်း တစ်ဦးလည်းဖြစ်၊ CSGO ပြိုင်ပွဲ အများစုမှာ Host/ Talent အဖြစ် အသုံးတော်ခံလျက်ရှိတဲ့ James “BanKs” Banks မှ ဦးဆောင် ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ Alliance Esports အဖွဲ့အစည်း အနေနဲ့ BanKs ကို Alliance ကိုယ်စားပြု VALORANT အသင်းရဲ့ General Manager အဖြစ် ခန့်အပ်ခဲ့သလို စိတ်တိုင်းကျ ကစားသမားတွေ ခေါ်ယူခွင့်ကိုပါ ပေးအပ်ထားတယ်လို့ သိရပါတယ်။

Alliance VALORANT အသင်းရဲ့ General Manager အဖြစ် တာဝန်ပေးအပ်ခံရခြင်းနဲ့ ပက်သက်ပြီး BanKs ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

ကျွန်တော်အတွက်တော့ အခုလို အသင်းတစ်သင်းကို ဦးစီး ကိုင်တွယ်ရခြင်းက တကယ်ကို စိန်ခေါ်မှု တစ်ခု ဖြစ်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။ ကျွန်တော် VALORANT ကို Beta စတင် ပေါ်ပေါက်လာကတည်းက နှစ်သက်ခဲ့ပါတယ်။ Allaince က တာဝန်ရှိသူတွေနဲ့ စကားပြောမိတဲ့ အချိန်မှာ သူတို့တွေကလည်း VALORANT အပေါ် စိတ်ဝင်စားကြောင်း အသင်း တစ်သင်း တည်ထောင်သွားဖို့ စိတ်ကူးထားကြောင်း သိရှိခဲ့ရပါတယ်။

Esports လောကထဲမှာ ကာလရှည် ကျင်လည်ခဲ့တဲ့ ကျွန်တော့် အတွေ့အကြုံတွေ၊ Alliance ဘက်မှ ထောက်ပံ့ပေးမှုတွေနဲ့ အတူ ထူးချွန်တဲ့ အသင်းသားတွေ ပါဝင်တဲ့ Alliance VALORANT အသင်းကို တည်ထောင်သွားနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။

Alliance ဘက်က ကျွန်တော့် အပေါ် ပေးအပ်ထားတဲ့ ထောက်ပံ့မှုတွေက တကယ်ကို အံ့အားသင့်ဖွယ် ကောင်းလှပါတယ်။ စိတ်အားသက်ထန်မှုတွေ၊ အနိုင်ရလိုစိတ်တွေ ပြင်းထန်တဲ့ ကစားသမားကောင်းတွေကို Alliance ကိုယ်စားပြု VALORANT အသင်း အတွက် ရှာဖွေပေးခွင့် ရရှိတဲ့ အတွက်လည်း အတော်လေး စိတ်လှုပ်ရှားမိပါတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ ဆုဖလားတွေကို ရယူသွားနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။”

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle