Fata, 33 တို့နဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ Dota2 အသင်း Alliance

ပရိုဖက်ရှင်နယ် Dota2 အသင်း Alliance အနေနဲ့ 2019-2020 DPC ရာသီ စတင်ချိန်မှာ နာမည်ကျော် Dota2 ကစားသမားတွေဖြစ်တဲ့ Fata, 33, Limmp, Handsken, Nikobaby တို့ ပါဝင်တဲ့ Dota2 အသင်းကို ခေါ်ယူခဲ့ပါတယ်။

Alliance Dota2 အသင်း အနေနဲ့ Non-DPC ပြိုင်ပွဲ တစ်ခုဖြစ်တဲ့ DreamLeague Season 12 မှာ အနိုင်ရခဲ့သလို DPC ပြိုင်ပွဲတွေမှာလည်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့် ယခင်အချိန်တုန်းက အောင်မြင်ကျော်ကြားခဲ့တဲ့ Alliance Dota2 အသင်းကို ပြန်လည် မြင်တွေ့ရမယ်လို့ ထင်မှတ်ထားကြပေမယ့် ယခုအခါမှာတော့ အသင်းရဲ့ Captain ဖြစ်တဲ့ Fata နဲ့ Offlane ကစားသမားဖြစ်သူ 33 တို့ကို အသင်းကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။

Fata နဲ့ 33 တို့ကို အသင်းကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်းကို Alliance Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ Jonathan “Loda” Berg ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
Roster changes in our #Dota2 division - DPC 2020 mid-season updates.
— Alliance @ 🏡🎮 (@theAllianceGG) March 31, 2020
🗞️ https://t.co/6sZwwwQCdJ#LongLiveAlliance pic.twitter.com/O53MWnX297
“အရင်ဆုံး Fata နဲ့ 33 တို့ နှစ်ယောက်ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ သူတို့တွေ Alliance ကိုယ်စားပြု ကစားခဲ့စဉ် အချိန်က စတင်ပြီး စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့သလို အတော်အသင့်သော အောင်မြင်မှုတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဘယ်လောက်ပဲ ရလဒ်ပိုင်းမှာ ကျေနပ်ဖွယ် ကောင်းနေပေမယ့် Alliance Dota2 အသင်းကို ပြိုင်ဘက်ကင်း Dota2 အသင်း အဖြစ် မြင်တွေ့ရစေဖို့ အတွက် ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုအပ်လာခဲ့ပြီ ဖြစ်ပါတယ်။ အခုလို ဆုံးဖြတ်ခဲ့ရတာလည်း လွယ်ကူတဲ့ ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး။
ဒါပေမယ့်လည်း အကောင်းဆုံး Dota2 အသင်း ဖြစ်လာဖို့ အတွက် ထိုက်သင့်တဲ့ ပေးဆပ်မှုတွေကတော့ လိုအပ်ပါတယ်။ အသင်းကနေ ထုတ်ပယ်လိုက်တဲ့ ကစားသမား နှစ်ဦးလုံးလည်း ရှေ့ဆက်လျှောက်မယ့် လမ်းခရီးမှာ အောင်မြင်စေဖို့ အတွက် ဆုတောင်းပေးလိုက်ပါတယ်။”
အခုလို အသင်းကနေ ရုတ်တရက် ထုတ်ပယ်ခံလိုက်ရခြင်းနဲ့ ပတ်သတ်ပြီး Fata ကတော့ အခုလိုပဲ ပြန်လည် ရှင်းပြခဲ့ရပါတယ်။
As news is out, quick comment: 33 and I were removed from Alliance. This came as quite a surprise to me and (cont) https://t.co/mIsStzO6UY
— Adrian (@DotaFata) March 31, 2020
“ကျွန်တော် တကယ်ကို မယုံနိုင်ခဲ့ပါဘူး။ ဒီအသင်းကို အခုလို အခြေအနေ ဖြစ်လာအောင် ဦးဆောင် ဖွဲ့စည်းခဲ့တာ ကျွန်တော်နဲ့ 33 ပါ။ ဒါပေမယ့်လည်း ကျွန်တော် လက်ရှိအခြေအနေနဲ့ ပတ်သတ်ပြီး ဘယ်သူကိုမှ အပြစ်တင်နေမှာ မဟုတ်ပါဘူး။ အခုလို အသင်းကနေ ထုတ်ပယ်ခံလိုက်ရလို့ အားလပ်သွားတဲ့ အချိန်တွေမှာ ခေတ္တ အနားယူသွားမှာဖြစ်ပြီး အချိန်တန်လာရင်တော့ ကျွန်တော်နဲ့ 33 နှစ်ဦးပေါင်းပြီး အသင်းသစ်ကို ပြန်လည် ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။”

လက်ရှိအချိန်မှာ Alliance Dota2 အသင်း အနေနဲ့ ESL One LA အွန်လိုင်း ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိတာကြောင့် မကြာမီ အချိန်အတွင်းမှာ လစ်လပ်နေတဲ့ ကစားသမား နှစ်ဦးနေရာ အတွက် ကြေညာသွားဖွယ် ရှိပါတယ်။
REF: VpEsports