မေလ ၂၀ ရက်နေ့မှာ စတင် ကစားခွင့် ရတော့မယ် Amazon ရဲ့ Free-To-Play ဂိမ်း Crucible

မေလ ၂၀ ရက်နေ့မှာ စတင် ကစားခွင့် ရတော့မယ် Amazon ရဲ့ Free-To-Play ဂိမ်း Crucible

ကမ္ဘာ့ အကြီးမားဆုံး E-commerce နဲ့ Cloud Computing ကုမ္ပဏီကြီး Amazon ကတော့ မေလ ၂၀ ရက်နေ့မှာ Crucible လို့ အမည်ရတဲ့ Free-To-Play အွန်လိုင်းဂိမ်းကို ထုတ်လွှင့် ပေးသွားမှာဖြစ်ကြောင်း တရားဝင် ကြေညာ သွားခဲ့ပြီ ဖြစ်ပါတယ်။

Amazon လက်အောက်ခံ ဗွီဒီယိုဂိမ်းများကို ဖန်တီးရေးဆွဲပေးလျက်ရှိတဲ့ Amazon Game Studios အနေနဲ့ ယခင်အချိန်တွေတုန်းက Android OS မှာသာ ကစားနိုင်တဲ့ ဂိမ်းအများစု ဖန်တီး ရေးသားခဲ့ပေမယ့် ယခုအခါမှာ မိတ်ဆက် ပေးလိုက်တဲ့ Crucible ကတော့ Amazon ထုတ် ဗွီဒီယိုဂိမ်းတွေ အထဲမှာ ဘက်ဂျက် အများဆုံး အသုံးပြုထားတဲ့ ဂိမ်းတစ်ခုဖြစ်သလို သိပ္ပံစိတ်ကူးယဉ် Third-Person Shooter ဗွီဒီယိုဂိမ်း တစ်ခုပဲ ဖြစ်ပါတယ်။

Amazon က မေလ (၂၀) ရက်နေ့မှာ ထုတ်လွှင့်ပေးသွားမယ် Curcible ဟာ Blizzard ရဲ့ Overwatch, Hi-Rez ရဲ့ Paladins, Epic Games ရဲ့ Fortnite, Respawn Entertainment ရဲ့ Apex Legends တို့နဲ့ Game Play အပိုင်းမှာ အနည်းငယ် ဆင်တူတယ်လို့ သိရပါတယ်။

အခြားသော Third-Person Shooter ဂိမ်းတွေနည်းတူ Crucible မှာလည်း စွမ်းဆောင်ရည် မတူညီတဲ့ ကာရိုက်တာ များစွာ ပါဝင်မှာ ဖြစ်ပြီး Game Mode အနေနဲ့ သုံးမျိုး ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Game Mode သုံးမျိုးထဲက ပထမဆုံး တစ်မျိုးဖြစ်တဲ့ Heart of The Hives မှာ တစ်သင်းလျှင် ကစားသမား လေးဦး ပါဝင်တဲ့ အသင်း နှစ်သင်း အနေနဲ့ ကွန်ပြူတာ ထိန်းချုပ် ရန်သူတွေကို ရင်ဆိုင် ရှင်းလင်းရင်း အမှတ် အများဆုံးရတဲ့ အသင်းက အနိုင် ရရှိမှာ ဖြစ်ပါတယ်။

ဒုတိယ Game Mode ဖြစ်တဲ့ Alpha Hunters မှာတော့ တစ်သင်းလျှင် ကစားသမား နှစ်ဦး ပါဝင်တဲ့ အသင်း (၈) သင်း ပတ်လည် ပုံစံဖြင့် ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ဆုံး ရှင်ကျန်ခဲ့တဲ့ အသင်းကတော့ အနိုင်ရရှိမှာ ဖြစ်ပါတယ်။ တတိယ Game Mode ဖြစ်တဲ့ Harvester Command ကတော့ Dota2, League of Legends စတဲ့ ဂိမ်းတွေနဲ့ ကစားဟန်ပိုင်းမှာ အနည်းငယ် ဆင်တူပါတယ်။

Harvester Command မှာ တစ်သင်းလျှင် ကစားသမား (၈) ဦး ပါဝင်တဲ့ အသင်း နှစ်သင်း ရင်ဆိုင် ယှဉ်ပြိုင်ရမှာဖြစ်ပြီး “Essence” လို အမည်ရတဲ့ Source လေးတွေကို လိုက်လံ ရှာဖွေကာ မိမိ ကာရိုက်တာကို Level မြှင့်တင်ပြီး တစ်ဘက် အသင်းကို အနိုင်ယူနိုင်အောင် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

Amazon အနေနဲ့ Riot Games ရဲ့ မကြာသေးမီ အချိန်က မိတ်ဆက်ပေးလိုက်တဲ့ First-Person Shooter ဂိမ်း Valorant ထွက်ပေါ်လာပြီး သိပ်မကြာခင် အချိန်တွင်းမှာ Crucible ကို မိတ်ဆက် ပေးသွားမှာဖြစ်ကြောင်း ကြေညာ သွားခဲ့တာကြောင့် ကြည့်ရတာ Valorant ကို ယှဉ်ပြိုင်ရန် အတွက် အခုလို အမြန်ဆုံး မိတ်ဆက်ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် နာမည်ကျော် Streaming Platform တစ်ခုဖြစ်တဲ့ Twitch ဟာဆိုရင်လည်း Amazon အပိုင် Streaming Platform ဖြစ်တာကြောင့် Crucible ကို Twitch Streamer အများစုကနေ တစ်ဆင့် အလွယ်တကူ မိတ်ဆက် သွားနိုင်မှာဖြစ်ပြီး လူကြိုက်များလာအောင် ဆွဲဆောင်ရာမှာ အခြားသော ဂိမ်းတွေထက် သာလွန်နေမှာ အသေအချာပဲ ဖြစ်ပါတယ်။

Amazon အနေနဲ့ ၂၀၂၀ ခုနှစ် အတွင်းမှာ ဘက်ဂျက် အမြောက်အများ အသုံးပြုထားတဲ့ ဗွီဒီယိုဂိမ်း နှစ်ခုကို မိတ်ဆက်ပေးသွားဖို့ ပြင်ဆင်ထားပြီး မေလ (၂၀) ရက်နေ့မှာ Crucible ကို တရားဝင် ထုတ်လွှတ်ပေးသွားမှာ ဖြစ်တာကြောင့် New World လို အမည်ရတဲ့ Massively Multiplayer Online (MMO) ဗွီဒီယိုဂိမ်းကို ဩဂုတ်လ ဘယ်နေ့ဘယ်ရက်မှာ မိတ်ဆက် ပေးသွားမလည်း ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: TheVerge

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle