အငှားချထားတဲ့ ကစားသမားဖြစ်သူ Ame နဲ့ သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်တဲ့ PSG.LGD Dota2

အငှားချထားတဲ့ ကစားသမားဖြစ်သူ Ame နဲ့ သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်တဲ့ PSG.LGD Dota2

တရုတ် Dota2 လောကအတွင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့က သေချာသလောက် ရှိနေခဲ့ပြီ ဖြစ်သလို အဆိုပါ အပြောင်းအလဲကြောင့် အသင်းရဲ့ အဓိက ကစားသမား နှစ်ဦးဟာလည်း အသင်းကနေ ထွက်ခွာသွားဖို့ သေချာသလောက် ရှိနေခဲ့ပြီ ဖြစ်တာကြောင့် PSG.LGD Dota2 အသင်း အနေနဲ့ နောက်ထပ် နစ်နာ ဆုံးရှုံးမှုတွေ ပေါ်ပေါက်ခြင်း မရှိစေဖို့ ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တဲ့ ပုံပါပဲ။

Ame

PSG.LGD Dota2 အသင်းရဲ့ General Manager ဖြစ်သူ Pan Fei ရဲ့ ပြောကြားချက်များအရ PSG.LGD Dota2 အသင်း အနေနဲ့ CDEC Dota2 အသင်းမှာ အငှားသွားရောက် ကစားလျက်ရှိတဲ့ Wang “Ame” Chunyu နဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

“လက်ရှိအချိန်မှာ ကျွန်မဘက်က ကျိန်းသေပေါက် ပြောနိုင်တာ တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ Ame နဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီ ဆိုတာပါပဲ။”

Ame အနေနဲ့ LGD Gaming အဖွဲ့အစည်းကို ၂၀၁၆ ခုနှစ်ကတည်းက ရောက်ရှိခဲ့တာဖြစ်ပြီး PSG.LGD Dota2 အသင်းနဲ့ အတူ Major ပြိုင်ပွဲပေါင်း များစွာမှာ အနိုင်ရ ဗိုလ်စွဲခဲ့သလို The International 2018 နဲ့ 2019 ပြိုင်ပွဲကြီး နှစ်ခုလုံးမှာလည်း ထိပ်ဆုံး (၃) သင်း အဆင့်မှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Ame

ဒါပေမယ့်လည်း 2019-2020 DPC ရာသီ အစမှာ PSG.LGD Dota2 အသင်း အနေနဲ့ ထင်မှတ် မထားလောက်အောင် ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အသင်းအတွင်း အပြောင်းအလဲတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာကြောင့် Ame တစ်ယောက် CDEC Dota2 အသင်းကို အငှားကစားသမား အဖြစ် ပြောင်းရွေ့ခဲ့ရပါတယ်။

CDEC Dota2 အသင်းကို စတင် ရောက်ရှိခဲ့စဉ်က Ame တစ်ယောက် ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာ ပုံမှန် လက်စွမ်းကောင်းတွေကို ပြန်လည် ပြသနိုင်ခဲ့သလို ဇူလိုင်လ အတွင်းမှာ ကျင်းပသွားခဲ့တဲ့ OGA Dota PIT S2: China ပြိုင်ပွဲမှာ နာမည်ကျော် ViCi Gaming ကို အနိုင်ယူပြီး ချန်ပီယံဆုကို သိမ်းပိုက်နိုင်တဲ့ အထိ အောင်မြင်မှုကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။

Ame

လက်ရှိအချိန်မှာ PSG.LGD Dota2 အသင်းရဲ့ Pos2 ကစားသမား Maybe နဲ့ Pos4 ကစားသမား Fy တို့ အနေနဲ့ 4AM Dota2 အသင်းကို ပြောင်းရွေ့သွားဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လျက် ရှိတာကြောင့် Ame အပါအဝင် CDEC Dota2 အသင်းရဲ့ အခြားသော ကစားသမားနှစ်ဦးဖြစ်တဲ့ Xm နဲ့ James တို့ကို ခေါ်ယူပြီး PSG.LGD Dota2 အသင်းကို ပြန်လည် ဖွဲ့စည်းသွားဖို့ ကြံရွယ်လျက် ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်လျက် ရှိပါတယ်။

ကောလာဟလတွေသာ အမှန်တကယ် ဖြစ်ခဲ့မယ် ဆိုရင်တော့ PSG.LGD Dota2 အသင်းရဲ့ လူစာရင်းအသစ် အဖြစ် အောက်ပါအတိုင်း မြင်တွေ့သွားရဖွယ် ရှိပါတယ်။

  • Ame – Pos 1 (လက်ရှိ CDEC)
  • Xm – Pos 2 (လက်ရှိ CDEC)
  • Chalice – Pos 3 (လက်ရှိ PSG.LGD)
  • James – Pos 4 (လက်ရှိ CDEC)
  • xNova – Pos 5 (လက်ရှိ PSG.LGD)

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle