နိုဝင်ဘာလ အတွင်း ဒေါင်းလုဒ်ဆွဲ အသုံးပြုသူ သန်း ၅၀ ကျော်ခဲ့တဲ့ Among Us

The Game Awards မှ ပေးအပ်တဲ့ အကောင်းဆုံး Multiplayer ဂိမ်း၊ အကောင်းဆုံး မိုဘိုင်းဂိမ်းစတဲ့ ဆုတွေကို ရယူနိုင်ခဲ့တဲ့ Among Us ကတော့ နောက်ထပ် စံချိန်သစ် တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Sensor Tower မှ ကြေညာခဲ့တဲ့ အချက်အလက်များ အရ Among Us အနေနဲ့ သုံးလဆက်တိုက် ကမ္ဘာတစ်ဝှမ်း ဒေါင်းလုဒ်ဆွဲ အသုံးပြုသူ အများဆုံး ဂိမ်းအဖြစ် ရပ်တည်နိုင်ခဲ့သလို နိုဝင်ဘာလ အတွင်း ဒေါင်းလုဒ်ဆွဲ အသုံးပြုသူ ၅၃.၂ သန်းခန့် ရှိခဲ့တယ်လို့ သိရပါတယ်။

Among Us ကို အများဆုံး ဒေါင်းလုဒ်ဆွဲ အသုံးပြုခဲ့တဲ့ နိုင်ငံကတော့ အမေရိကန်နိုင်ငံဖြစ်ပြီး ၁၅.၈ ရာခိုင်နှုန်းခန့်ဟာ အမေရိကန်နိုင်ငံ အတွင်းမှ ဒေါင်းလုဒ်ဆွဲခဲ့တာဖြစ်ပြီး ဒုတိယနေရာမှာတော့ ဘရာဇီးနိုင်ငံက ၉ ရာခိုင်နှုန်းခန့်ဖြင့် ရပ်တည်လျက် ရှိပါတယ်။ နိုဝင်ဘာလ အတွင်းမှာ Among Us ကို ဒေါင်းလုဒ်ဆွဲ အသုံးပြုသူ သန်း ၅၀ ကျော်ခဲ့ပေမယ့် အောက်တိုဘာလ အတွင်းမှာ ဒေါင်းလုဒ်ဆွဲ အသုံးပြုသူ ၇၄ သန်းကျော် ရှိခဲ့တာကြောင့် သန်း ၂၀ ကျော် ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

အခုလို ၃ လဆက်တိုက် ဒေါင်းလုဒ်ဆွဲသူဦးရေ အများဆုံး ဂိမ်းအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ Among Us ကို နောက်နှစ်မှာလည်း ထိပ်တန်းဂိမ်း အဖြစ် ဆက်လက် ရပ်တည်သွားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး Among Us ကို ဖန်တီးခဲ့တဲ့ InnerSloth ဘက်ကတော့ ဆက်လက် ကြိုးပမ်းလျက် ရှိပါတယ်။
☀️ THE AIRSHIP - A new map coming early 2021 ☀️
— Among Us (@AmongUsGame) December 11, 2020
Prepare yourselves, crewmates. This upcoming (free!) map will include:
🔹 all new tasks
🔹 your choice of what room to start in
🔹 ladders?!
🔹 and more?
But don't forget about those Impostors lurking around... pic.twitter.com/IU2HJGuyEY
InnerSloth ဘက်မှ ထုတ်ပြန် ကြေညာချက်များအရ ၂၀၂၁ ခုနှစ် နှစ်ဦးပိုင်းမှာ Among Us အတွက် THE AIRSHIP လို့ အမည်ရတဲ့ မြေပုံအသစ် တစ်ခုကို ထပ်မံ ထုတ်လုပ်ပေးသွားမှာဖြစ်ပြီး အဆိုပါ မြေပုံအသစ်မှာ Task အသစ်တွေ ပါဝင်လာမှာ ဖြစ်သလို ကစားသမားတွေ အနေနဲ့ နှစ်သက်ရာ အခန်းကနေ စတင်ခွင့်ကိုလည်း ရွေးချယ်နိုင်ဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
REF: DotEsports