Maleficent: Mistress of Evil နဲ့တကျော့ပြန်ရောက်လာတဲ့ Angelina Jolie

Maleficent: Mistress of Evil နဲ့တကျော့ပြန်ရောက်လာတဲ့ Angelina Jolie

Maleficent (2014) ကို ၂ဝ၁၄ ခုနှစ်တုန်းက Disney ကနေပြသခဲ့ပြီး ပရိသတ်တွေတမ်းတနေရတဲ့ ဇာတ်ကားလေးပေါ့။ လက်တွေ့ဘဝမှာမပြေလည်မှုတွေ အများကြီးကြုံတွေ့ခဲ့ရပေမယ့် Jolie တစ်ယောက်ကတော့ ပရိသတ်တွေကို စိတ်မပျက်စေခဲ့ဘူး။အခုဆိုရင် Disney က Maleficent ရဲ့ နောက်ဆက်တွဲကားဖြစ်တဲ့ Maleficent: Mistress of Evil (2019) ကို ပရိသတ်ဆီကို ပို့ပေးဖို့ပြင်နေပါပြီ။

Angelina Jolie နဲ့ Elle Fanning တို့က သူတို့ရဲ့အရင်ဇာတ်ကောင်တွေနေရာမှာပဲ ပြန်ပြီးတော့ ပါဝင်လာမှာပါ။ ပိုထူးခြားတာက ဒီတစ်ခေါက်မှာ Michelle Pfeiffer က Queen Ingrith အနေနဲ့ပါဝင်လာမှာပဲဖြစ်ပါတယ်။ ထုံးစံအတိုင်း ဇာတ်လမ်းအသေးစိတ်ကိုတော့ မသိရသေးပေမယ့် ကြည့်ရတာတော့ Maleficent က ကောက်ကျစ်တဲ့ဗီဇစိတ်ကို ပြန်ပြီးယိမ်းယိုင်သွားပုံရတယ်။ အဲဒီအချိန်မှာ မင်းသမီးလေး Aurora ကလည်း သူ့ရဲ့ဖူးစာဖက်ကောင်လေးနဲ့ ချစ်ကျွမ်းဝင်သွားပုံရပါတယ်။

အရင်တစ်ကားကလိုပဲ ဘယ်သူကစိတ်ထားယုတ်မာတဲ့ လူဆိုးလဲဆိုတာကို မှန်းဆလို့မရနိုင်သေးပါဘူး။ ဒါကပဲ Disney ရဲ့ ဒီ Maleficent ဇာတ်ကားကို စိတ်ဝင်စားစရာဖြစ်စေတာဖြစ်မှာပါ။ လူတွေရဲ့အထင်နဲ့တခြားစီဖြစ်အောင် ရိုက်ချင်ရိုက်လိုက်တာကိုး။ ဒီတော့ Maleficent: Mistress of Evil (2019) ကို ၂ဝ၁၉ ခုနှစ် ၊ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ရင်ခုန်စောင့်စားပြီး သွားကြည့်ကြတာပေါ့နော်။ လောလောဆယ်တော့ အောက်မှာ Teaser Trailer လေးထည့်ထားပါတယ်။ ဘယ်လိုမြင်လဲဆိုတာလေး ပြောသွားခဲ့ကြပေါ့။

Ref: www.eonline.com

Photo Credit: zayzay.com

Piki(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle