Angelina Jolie ရဲ့ ထပ်ထွက်မယ့်ရုပ်ရှင်ကားတွေနဲ့ ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ကားတွေအကြောင်း

Angelina Jolie ရဲ့ ထပ်ထွက်မယ့်ရုပ်ရှင်ကားတွေနဲ့ ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ကားတွေအကြောင်း

အမေရိကန်ရုပ်ရှင်မင်းသမီးလည်းဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာလည်းဖြစ်သူ ကျွန်မတို့ရဲ့အသည်းစွဲ မင်းသမီးချော Angelina Jolie ဟာ ၁၉၇၅ ခုနှစ် ဇွန်လ(၄)ရက်နေ့ Los Angeles မှာ မွေးဖွာခဲ့တဲ့အတွက် ဒီနေ့မှာ အသက် (၄၄) နှစ်ပြည့်သွားခဲ့ပါပြီ။ အသက်(၄၄) နှစ်ပြည့်မွေးနေ့အတွက် Happy Birthday ပါနော် Angelina Joile ရေ။ သူမဟာ ရုပ်ရှင်နယ်ပယ်မှာ ကျင်လည်ခဲ့တာ နှစ် (၂၀) ကျော်ရှိနေပြီဖြစ်တဲ့အတွက် သူမရဲ့မွေးနေ့မှာ သူမကိုချစ်တဲ့ အခရာရဲ့ အမာခံပရိတ်သတ်တွေအတွက် သူမရဲ့ နောက်ထွပ်လာမယ့်ရုပ်ရှင်ဇာတ်ကားသစ်တွေအကြောင်းနဲ့ သူမရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားတွေထဲက ကြည့်ဖြစ်အောင် ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်း တချို့တွေအကြောင်းကို မျှဝေပေးချင်ပါတယ်။

The One and Only Ivan
The One and Only Ivan ထဲမှာ Angelina Jolie နဲ့အတူ မင်းသားကြီး Sam Rockwell ပါ အတူတကွ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ The One and Only Ivan ဟာ ကလေးပုံပြင်၊ ဝတ္ထုကို အခြေခံထားပြီး စိတ်ကူူးယဉ်ရုပ်ရှင်အဖြစ် ဒါရိုက်တာ Thea Sharrock က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ထဲမှာ Angelina Jolie ဟာ Stella အမည်တွင်တဲ့ ဆင်လေးနေရာမှာ အသံသရုပ်ဆောင်ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ကားရဲ့ တွဲဖက် Producer ဟာလည်း Angelina Jolie ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို ထုတ်လွှင့်ပြသပေးမယ့်ရက်ကတော့ ၂၀၂၀ ခုနှစ် သြဂုတ်လ (၁၄) ရက်နေ့ဆိုပြီး ဖော်ပြထားပါတယ်။

Maleficent: Mistress of Evil
ပထမဦးဆုံးထွက်ရှိခဲ့တဲ့ Maleficent ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၄ ခုနှစ် ကမ္ဘာ့တစ်ဝှမ်းလုံးရှိ Box Office မှာ $၇၅၈.၅ မီလီယံ နဲ့ဝင်ခဲ့ပြီး အောင်မြင်မှုတွေ တပွေ့တပိုက်သိမ်းပိုက်ရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်လို့ နောက်ဆက်တွဲ Maleficent: Mistress of Evil ဘယ်လို ပုံစံမျိုးနဲ့ ထွက်ရှိလာမလဲဆိုတာ သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ Maleficent ရုပ်ရှင်ကားကိုရိုက်တုန်းက ရိုက်ကူးစရိတ်ဟာ $၁၈၀ ကနေ $၂၆၃ မီလီယံ အတွင်းသာသုံးပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီလောက်ငွေပမာဏကိုသုံးပြီး ရုပ်ရှင်သမိုင်းမှာ အောင်မြင်မှုတွေ စိုက်ထူနိုင်ခဲ့တဲ့အတွက် Disney ဘက်က Maleficent 2 လို့ခေါ်တဲ့ Maleficent: Mistress of Evil ကို ဆက်ရိုက်ချင်တာကလည်း အံ့သြစရာတော့ မရှိပါဘူး။ ဒီ Maleficent: Mistress of Evil မှာ Angelina Jolie ဘယ်လိုပုံစံမျိုး သရုပ်ဆောင်မလဲ၊ ဇာတ်လမ်းက ဘယ်လိုဖြစ်မလဲဆိုတာကလည်း တကယ်ကို စောင့်ကြည့်သူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ။ ဒီရုပ်ရှင်ကားကို စိတ်လှုပ်ရှားပြီးစောင့်နေတဲ့သူတွေအတွက် စတင် ထုတ်လွှင့်ပြသပေးမယ့်ရက်ကိုလည်း ပြောပြပေးပါဦးမယ်။ စတင်ပြသမယ့်ရက်ကတော့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၁၈) ရက်နေ့ဖြစ်လို့ သိပ်မစောင့်ရတော့ပါဘူးနော်။

Maleficent 2

Those Who Wish Me Dead
ဒါရိုက်တာ Taylor Sheridan ရိုက်ကူးမယ့် သည်းထိတ်ရင်ဖိုရုပ်ရှင်ကား Those Who Wish Me Dead မှာ Angelina Jolie ဟာ Nicholas Hoult ၊ Tyler Perry ၊ Jon Perry နဲ့ Aiden Gillen တို့နဲ့အတူ ရိုက်ကူးမှာ ဖြစ်ပါတယ်။ ၂၀၁၉ မေလမှာ Warner Bros. Picture က ဒီရုပ်ရှင်ကို ဖြန့်ဖြူးဖို့ အခွင့်အရေးကို ဝယ်ယူရရှိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ဒီရုပ်ရှင်ကို ပွဲဦးထွက်ပြသမယ့် ခုနှစ်ကိုတော့ ၂၀၂၀ဆိုပြီး ဖော်ပြထားပါတယ်။ Angelina Jolie ကို လွမ်းနေတဲ့ အမာခံပရိသတ်တွေအနေနဲ့ကတော့ ဒီကားထဲမှာ ဘယ်လို ဘယ်ပုံ သရုပ်ဆောင်မလဲဆိုတာကို စာရေးသူနဲ့အတူ စိတ်ကူးမှန်းဆကြည့်ပြီး စောင့်စားကြည့်လိုက်ကြရအောင်နော်။

Those Who Wish Me Dead

ဒါရိုက်တာ Taylor Sheridan ရိုက်ကူးမယ့် သည်းထိတ်ရင်ဖိုရုပ်ရှင်ကား Those Who Wish Me Dead မှာ Angelina Jolie ဟာ Nicholas Hoult ၊ Tyler Perry ၊ Jon Perry နဲ့ Aiden Gillen တို့နဲ့အတူ ရိုက်ကူးမှာ ဖြစ်ပါတယ်။ ၂၀၁၉ မေလမှာ Warner Bros. Picture က ဒီရုပ်ရှင်ကို ဖြန့်ဖြူးဖို့ အခွင့်အရေးကို ဝယ်ယူရရှိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ဒီရုပ်ရှင်ကို ပွဲဦးထွက်ပြသမယ့် ခုနှစ်ကိုတော့ ၂၀၂၀ဆိုပြီး ဖော်ပြထားပါတယ်။ Angelina Jolie ကို လွမ်းနေတဲ့ အမာခံပရိသတ်တွေအနေနဲ့ကတော့ ဒီကားထဲမှာ ဘယ်လို ဘယ်ပုံ သရုပ်ဆောင်မလဲဆိုတာကို စာရေးသူနဲ့အတူ စိတ်ကူးမှန်းဆကြည့်ပြီး စောင့်စားကြည့်လိုက်ကြရအောင်နော်။


Angelina Jolie ရဲ့ နောက်ထွပ်လာမယ့် ရုပ်ရှင်ဇာတ်ကားသစ်တွေအကြောင်းကို ပြောပြီးသွားပြီးဆိုတော့ သူမပါဝင်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားတွေထဲက ကြည့်ဖြစ်အောင် ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်း တချို့တွေအကြောင်းကို ဆက်လက် ပြောပြပေးချင်ပါတယ်။

Maleficent
Maleficent ကို ဒါရိုက်တာ Robert Stromberg ရိုက်ကူးပုံဖော်ခဲ့ပြီး Angelina Jolie နဲ့အတူ Brenton Thwaites ၊ Sam Riley နဲ့ Leslie Manville တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Maleficent ဟာ Angelina Jolie ရဲ့ အအောင်မြင်ဆုံး ရုပ်ရှင်ကားတွေထဲက ကားကောင်းတစ်ကောင်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို Jolie ရဲ့ အမာခံပရိသတ်တွေအနေနဲ့ သိကောင်းသိကြပေမယ့်လည်း မကြည့်ရသေးတဲ့သူတွေလည်း ရှိနိုင်လို့ ပြန်ညွှန်းရတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ကလဲ့စားချေမှု ၊ Magical Country (Moor) ကိုကာကွယ်လို့မှုတွေကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ မိသားစုနဲ့အတူ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းလည်းဖြစ်လို့ Angelina Jolie ရဲ့ အမာခံ Fan တွေ မကြည့်ရသေးရင် မိသားစုနဲ့အတူ Movie Time လေး ဖန်တီးကြည့်ပါနော်။

Salt
Salt က Action Thriller ကားကောင်းဖြစ်ပြီး ဒါရိုက်တာ Phillip Noyce နဲ့ Bradley Rust Gray တို့ နှစ်ယောက်ပေါင်းပြီး ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ Angelina Jolie ဟာ ရုရှားသမ္မတကို လုပ်ကြံသူ Evelyn Salt ဆိုတဲ့ ဇာတ်ကောင်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့လို့ ကြည့်ရှုသူတိုင်း ရင်တထိတ်ထိတ် ဖြစ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ သူမဟာ သူမအပြစ်ကင်းကြောင်း သက်သေပြနိုင်ဖို့ နည်းမျိုးစုံနဲ့ လွတ်အောင် ထွက်ပြေးတာကို ရိုက်ကူးပြထားတာဖြစ်လို့ အက်ရှင်ကားကောင်းကောင်းကို ကြည့်လိုသူတိုင်း ဒီကားကို လက်လွတ်မခံဘဲ ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ကြည့်ပြီးသားတဲ့သူတွေလည်း ပြန်ကြည့်ရင် ပျင်းသွားတာမျိုး ဖြစ်မှာမဟုတ်လို့ ပြန်ကြည့်မယ်ဆို ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒါ့အပြင်Jolie ရဲ့ ရုပ်ဖျက်တဲ့စွမ်းရည်တွေနဲ့ အတိုက်အခိုက်စွမ်းရည်တို့ကို အတိုင်းသားတွေ့မြင်ရတဲ့ အက်ရှင်ကားကောင်းတစ်ကားလည်းဖြစ်လို့ ဒီကားကို ကြည့်ဖြစ်အောင် ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

Mr. & Mrs. Smith
Mr. & Mrs. Smith လို့ ပြောလိုက်တာနဲ့ Jolie နဲ့ Brad Pitt တို့ အတွဲညီညီ သရုပ်ဆောင်ခဲ့တာကို တန်းမြင်မိမှာပါ။ ဒီကားထဲမှာ Brad Pitt နဲ့ Jolie တို့ဟာ John နဲ့ Jane Smith အဖြစ် သရုပ်ဆောင်ထားကြပါတယ်။ John နဲ့ Jane Smith တို့ နှစ်ဦးစလုံးဟာ လုပ်ကြံသူတွေအဖြစ် ကိုယ်စီ လျှို့ဝှက်လုပ်ကိုင်နေကြပြီး သူတို့တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးကို မပြိုကွဲအောင် ကြိုးစားထိန်းသိမ်း ရုန်းကန်နေကြသူတွေအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့လက်တွဲဖော်တွေဟာ လုပ်ကြံသူတွေ ဖြစ်တယ်ဆိုတာကို မသိကြပါဘူး။ သူတို့လုပ်ကြံရမယ့်သူတွေကို တွေ့တော့မှ သူတို့ဟာ အံ့သြသွားကြပါတယ်။ အဲဒီလို အချင်းချင်းလုပ်ကြံကြရင်း ခြောက်နှစ်ကြာ အိမ်ထောင်သက်တမ်းမှာ အများကြီး လေ့လာသိရှိလာကြတာကို အတိုင်အဖက်ညီညီ သရုပ်ဆောင်ထားကြလို့ ဒီရုပ်ရှင်ကားဟာ ကြည့်ရသူကို မျက်တောင်မခေတ်အောင် ဆွဲဆောင်ထားပါတယ်။ အဲ့ဒီကားရိုက်ရင်းနဲ့ပဲ သူတို့နှစ်ယောက်ဟာ ရွေလက်တွဲသွားကြတာပါ။ သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်မိမိ အပစ်အခေတ်အကြမ်းအရမ်းတွေနဲ့ သရုပ်ဆောင်တာ အသက်ဝင်လွန်းလို့ ဘယ်ချိန်ကြည့်ကြည့် မရိုးတဲ့ နာမည်ကြီး ဇာတ်ကောင်းကားတစ်ကားပါ။


Angelina Jolie ပါဝင်သရုပ်ဆောင်ထားတဲ့ ကြည့်ကို ကြည့်သင့်တဲ့ နောက်ထပ်ရုပ်ရှင်ကားကောင်းတွေကို ညွှန်းရမယ်ဆိုရင်တော့ Tomb Raider(၂၀၀၁) ၊ Original Sin (၂၀၀၁) ၊ The Tourist (၂၀၁၀) ၊ Wanted (၂၀၀၈) ၊ Changeling (၂၀၀၈) ၊ The Bone Collector (၁၉၉၉) တို့ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး အရမ်းကြိုက်တဲ့ ကားကောင်းလေးတွေ ရှိရင်လည်း ထပ်ပေါင်းထည့်ပေးသွားကြပါဦးနော်။

Reference: cashkaro.com ,wikipedia

Photo Credit: blog.screenweek.it,Crosswalk.com ,cashkaro.com