သစ္စာရှိရှိနဲ့ ကြင်ရာဘက်အပေါ် ပေါင်း သင်းဆက်ဆံကြတာတဲ့ တိရစ္ဆာန်တွေအကြောင်း

သစ္စာရှိရှိနဲ့ ကြင်ရာဘက်အပေါ် ပေါင်း သင်းဆက်ဆံကြတာတဲ့ တိရစ္ဆာန်တွေအကြောင်း

လူသားတွေမှ အချင်းချင်းသစ္စာရှိပြီးပေါင်းသင်းဆက်ဆံကြတာမဟုတ်ပါဘူးနော်။လူသားတွေထက်  တိရစ္ဆာန်လေးတွေကလည်း သူတို့ရဲ့ကြင်ရာဘက်အပေါ်မှာလည်းသစ္စာတရားတွေရှိကြပါတယ်နော်။တိရစ္ဆာန်လေးတွေကသူတို့ဘစတစ်လျှောက်လုံးမှာ  ၅ ရာခိုင်နှုန်းလောက်ကို တစ်ယောက်တည်းသာနေထိုင်လေ့ရှိပါတယ်။ အဲ့ဒီအထဲမှာမှ ကိုယ့်ရဲ့ကြင်ရာဘက်တွေအပေါ်မှာသက်စာရှိရှိနဲ့ ပေါင်းသက်ဆက်ဆံကြတဲ့တိရစ္ဆာန်လေးတွေအကြောင်းမျှဝေပေးချင်ပါတယ်။


Coppery Titi မျောက်များ
Coppery Titi မျောက်လေးတွေက တောင်အမေရိကက သစ်တောတွေမှာနေထိုင်ကြပါတယ်။သူတို့လေးတွေကဘယ်လောက်ထိတောင်ချစ်ချင်းမေတ္တာကြီးမားလဲဆိုရင် သူတို့ရဲ့ အမြီးလေးတွေကိုယှက်ပြီးအမြဲနေကြတယ်။တစ်ကောင်နဲ့တစ်ကောင်ကခွဲခွာရတဲ့အချိန်တွေဆိုလည်းဝမ်းနည်းကြတယ်တဲ့၊ ရိုမတ်တစ်ဆန်လှတဲ့အခိုက်အတန့်လို့လည်းပြောလို့ရပါတယ်။

Photo Credit -Pinterest


ကိုယ်ဝန်ဆောင်ရေနဂါးလေးတွေ
ရေအောက်သတ္တဝါလေးတွေအထဲမှာမှ သူတို့လေးတွေကသူ့တို့လေးတွေရဲ့အဖော်သေဆုံးတဲ့ အချိန်အထိဘေးမှာအတူတူရှိပေးတာပါ။ကိုယ်ဝန်ဆောင်ရေနဂါးလေးတွေက တကယ်လို့အထီးရေနဂါးလေးတွေကတကယ်ချစ်မိသွားရင်တော့ သူတို့ကိုယ်တိုင်ကိုယ်ဝန်ဆောင်ပြီး ကလေးတွေကိုရက်ပေါင်းများစွာသယ်ဆောင်ပြီးနေထိုင်တတ်ကြပါတယ်။

Photo Credit -Lwin


အတ္တလန္တိတ်ကပင်လယ်ပျော်ဌက်
အဲ့ပယ်လယ်ပျော်ဌက်လေးတွေကအတ္တလန္တိတ်မှာအများဆုံးနေထိုင်ကြပြီး မိသားစုစိတ်ဓာတ်အပြည့်ရှိတဲ့ဌက်လေးတွေလို့တောင်ပြောလို့ရပါတယ်နော်။သူတို့လေးတွေကအဖော်ကိုမပြောင်းလဲတတ်တာလည်းအလွန်မှရှားပါတယ်။ဌက်မလေးတွေကလည်းသူတို့ရဲ့ဥလေးတွေကိုတော်တော်လေးကိုဂရုစိုက်ပေးပြီး ဌက်အထီးလေးတွေက သူတို့ရဲ့မိသားစုလေးအတွက်အစာရှာပေးပါတယ်။

Photo Credit -BBC

Kelly -Akhayar Lifestyle