ဒိန်းမတ်အခြေစိုက် ပရို CSGO ကစားသမားများရဲ့ နှစ်တစ်နှစ်အတွင်း ရရှိတဲ့ လစာဝင်ငွေများ ပေါက်ကြား

ဒိန်းမတ်အခြေစိုက် ပရို CSGO ကစားသမားများရဲ့ နှစ်တစ်နှစ်အတွင်း ရရှိတဲ့ လစာဝင်ငွေများ ပေါက်ကြား

Esports ချစ်ပရိသတ်တွေရဲ့ စိတ်ထဲမှာ အမြဲတမ်း မတင်မကျ ဖြစ်နေရတဲ့ ကိစ္စတစ်ခုကတော့ သူတို့ချစ်မြတ်နိုးတဲ့ ပရိုကစားသမားတွေ နှစ်စဉ် လစာဘယ်လောက် ရရှိလည်းဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ယခုအခါမှာ ဒိန်းမတ် အခြေစိုက် မီဒီယာ တစ်ခုဖြစ်တဲ့ BT.dk ရဲ့ ဖော်ပြချက်များအရ ဒိန်းမတ်အခြေစိုက် ပရို CSGO ကစားသမားများရဲ့ နှစ်တစ်နှစ်အတွင်း ရရှိတဲ့ လစာဝင်ငွေကို သိရှိခွင့် ရရှိခဲ့ပြီ ဖြစ်ပါတယ်။

Astralis CSGO

BT.dk ရဲ့ ထုတ်ဖော် ပြောကြားချက်များအရ ကမ္ဘာ့အကောင်းဆုံး CSGO အသင်းတွေ အထဲမှာ တစ်သင်း အပါအဝင် အဖြစ် ရပ်တည်လျက်ရှိတဲ့ Astralis CSGO အသင်း ကစားသမားတွေရဲ့ တစ်နှစ်ပတ်စာ တစ်ဦးချင်း လစာဝင်ငွေဟာ ဒေါ်လာ ၃ သိန်း ၆ သောင်းခန့် ရှိတယ်လို့ သိရပါတယ်။

အဆိုပါ လစာဝင်ငွေဟာ စပွန်စာကြေးတွေ၊ ဘောနပ်စ်တွေ၊ ပြိုင်ပွဲတွေမှာ အနိုင်ရရှိရင် ထပ်တိုးရရှိမယ့် ဆုကြေးငွေတွေ ပါဝင်ခြင်း မရှိသေးပါဘူး။ CSGO အဖွဲ့အစည်း အများစု အနေနဲ့ ပြိုင်ပွဲတစ်ခုမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ကစားသမားတွေ အတွက် အဆိုပါ ပြိုင်ပွဲမှာ ရရှိတဲ့ ဆုကြေးငွေရဲ့ ၉၀ ရာခိုင်နှုန်းကို ပေးချေရလေ့ ရှိကြပါတယ်။

ဒါကြောင့် ၂၀၁၉ ခုနှစ် အတွင်းမှာ ဆုကြေးငွေ ဒေါ်လာ ၂ သန်းခန့် ရှာဖွေနိုင်ခဲ့တဲ့ Astralis CSGO အသင်းသားတွေရဲ့ တစ်ဦးချင်း ၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း ရရှိတဲ့ လစာဝင်ငွေဟာ ဒေါ်လာ ၇ သိန်းခွဲခန့် ရှိခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် ဒိန်းမတ် အခြေစိုက် CSGO အသင်း တစ်သင်းဖြစ်တဲ့ North အသင်းရဲ့ ကစားသမားတွေကတော့ တစ်နှစ်ကို လစာငွေ ဒေါ်လာ ၂ သိန်း ၂ သောင်းခန့်သာ ရရှိတယ်လို့ သိရပါတယ်။ North CSGO အသင်း အနေနဲ့ ၂၀၁၉ ခုနှစ် အတွင်းမှာ ပြိုင်ပွဲတွေကနေ တစ်ဆင့် ဆုကြေးငွေ ၂ သိန်းကျော်သာ ရှာဖွေနိုင်ခဲ့တာကြောင့် ကစားသမား တစ်ဦးကို ၂၀၁၉ ခုနှစ် အတွက် စုစုပေါင်း လစာငွေ ၂ သိန်း ၆ သောင်းကျော်သာ ရရှိခဲ့ပါတယ်။

North.Aizy

အခြားသော ဒိန်းမတ် အခြေစိုက် CSGO အသင်းတွေဖြစ်တဲ့ Heoric နဲ့ Mad Lions တို့ဟာ HLTV အဆင့် သတ်မှတ်ချက် အရ North ထက် သာလွန်ပေမယ့် လစာငွေ ရရှိမှုကတော့ North CSGO အသင်းရဲ့ ကစားသမားတွေလောက် ရရှိခြင်း မရှိဘူးလို့ သိရပါတယ်။

Heroic.Cadian

Heroic နဲ့ Mad Lions CSGO အသင်းရဲ့ ကစားသမားတွေဟာ တစ်နှစ်ကို လစာငွေ ဒေါ်လာ ၁ သိန်းခန့်သာ ရရှိကြပြီး ပြိုင်ပွဲတွေကနေ ရရှိခဲ့တဲ့ ဆုကြေးငွေ အတွက် ဘယ်လောက် ရာခိုင်နှုန်း ရရှိတယ် ဆိုတာကိုလည်း သိရှိရခြင်း မရှိပါဘူး။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle