အိုမင်းခြင်းကိုဘာနည်းလမ်းတွေနဲ့ကာကွယ်မလဲ

အိုမင်းခြင်းကိုဘာနည်းလမ်းတွေနဲ့ကာကွယ်မလဲ

အိမ်မှာရှိတဲ့အသီးအနှံတွေနဲ့ အိုမင်းခြင်းကိုကာကွယ်အောင်လုပ်လို့ရတဲ့နည်းလမ်းတွေရှိတယ်ဆိုရင် အားလုံးစိတ်ဝင်စားကြမယ်ထင်တယ်။အိုမင်းခြင်းနှင့်  အသားအရေမွဲခြောက်ခြင်းကအသက်အရွယ်နဲ့လည်းဆိုင်သလို ကိုယ့်ရဲ့ Skin ကိုဂရုစိုက်ခြင်း၊ မစိုက်ခြင်းနဲ့လည်းဆိုင်ပါတယ်နော်။အသက်ကြီးမှဂရုစိုက်မယ်ဆိုတာထက်ငယ်တုန်းရွယ်တုန်းမှာ ပိုပြီးဂရုစိုက်သင့်ပါတယ်နော်။
နဂါးမောက်သီး
နဂါးမောက်သီး အခွံကြိတ်ပြီး မျက်နှာပေါ်မှာ ၁၅ မိနစ်လောက်လိမ်းထားပါ။ ဒီလိုမျိုးလုပ်ခြင်းက  အသားအရေတွန့်ခြင်းမှထိရောက်စွာကာကွယ်နိုင်ပါတယ်နော်။


အုန်းဆီ
အုန်းဆီကိုရေချိုးခါနီးလောက် ၁၀မိနစ်လောက်မျက်နှာကိုပေါင်းတင်ပေးလိုက်ရင်  မျက်နှာကိုစိုပြေစေပြီး ၊အသားအရေကိုလည်းစိုပြေစေပါတယ်။ညအိပ်ရာဝင်ခါးနီး လည်းလိမ်းပေးလို့ရပါတယ်။အုန်းဆီနဲ့နနွင်းလေးနဲ့ထည့်လိမ်းရင် အသားအရေတွန့်ခြင်းမှကာကွယ်ပေးနိုင်ပါတယ်နော်။


အာလူး
အာလူးကတော့ အမဲစက်တွေကိုပျောက်ကင်းစေအောင်လည်းလုပ်ပေးပါတယ်။အာလူးအစိမ်းကိုပါးပါးလေးလှီးပြီးတော့မျက်လုံးနားတစ်ဝှက်ကပ်ပြီးအိပ်ပါက အရေးအကြောင်းတွေကိုလည်းသက်သာစေပါတယ်။ အရေးအကြောင်းတွေကိုလည်းသက်သာစေမှာအမှန်ပါ။


ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ရဲ့အသုံးဝင်ပုံကတော့အများကြီးပေါ့နော်။ဆံပင်တွေလည်းပေါင်းတင်လို့ရတယ်။ ကိုယ့်ရဲ့အသားအရေကိုလည်း နူးညံအောင်လုပ်လို့ရတယ်၊ ရှားစောင်းလက်ပတ်ကိုလက်သုံးလုံးအရွယ်ပိုင်းဖြတ်ပြီး ဖြတ်ထားတဲ့နေရာကလိမ်းပေးပါ။ အသားအရေတွန့်ခြင်းကိုကာကွယ်ပေးပါတယ်။

Photo Credit - Pinterest

Kelly - Akhayar Lifestyle