အိုမင်းရင့်ရော်မှုကင်းပြီးနုပျိုတဲ့အသားအရေတဲ့အသားအရေပိုင်ဆိုင်ဖို့အတွက်

အိုမင်းရင့်ရော်မှုကင်းပြီးနုပျိုတဲ့အသားအရေတဲ့အသားအရေပိုင်ဆိုင်ဖို့အတွက်

ပျိုမေတို့နေစဉ်ပြုံးတာ၊မဲ့တာစကားပြောတာအပြင် ဘယ်ဘက်စောင်းအိပ်တာ၊ ညာဘက်စောင်းအိပ်တာအစ မျက်နှာပေါ်မှာ အရေးအကြောင်းတွေဖြစ်ပေါ်လာမှုကို သက်ရောက်စေပါတယ်။မိတ်ကပ်တွေအထပ်ထပ်နဲ့ကာလာအစုံခြယ်ထားမှကိုယ့်ရဲ့အလှတရားကပေါ်လွင်တာမျိုးမဟုတ်ပါဘူး။မိတ်ကပ်တွေနဲ့ဖုံးအုပ်ထားတဲ့ကိုယ့်ရဲ့အသားအရေကလည်းကြည်လင်ပြီးကောင်းမွန်နေဖို့လိုအပ်ပါတယ်။ပင်ကိုယ်အသားအရေကြည်ကြည်လေးနဲ့ဘာမှမပါဘဲ့မျက်နှာပြောင်အတိုင်းလှနေရင်လည်း တကယ့်အလှခေါ်တယ်နော်။Healthy Skin ဖြစ်ဖို့ဆိုတာကရောလွယ်လား?

ဒီအတိုင်းတော့မဖြစ်ပါဘူး။ကိုယ့်အသားအရေထိန်းသိမ်းတတ်ဖိုတော့လိုအပ်တာပေါ့၊နုပျိုစဉ်ကတည်းက ထိန်းသိမ်းမှအသက်ကြီးလာရင်လည်း အရေးအကြောင်းပေါ်တာတွေ၊ အချိန်မလွန်ခင်အိုမင်းရင့်ရော်မှု ကင်းဝေးစေတဲ့ပြုလုပ်သင့်တဲ့နည်းလမ်းလေးတွေမျှဝေချင်ပါတယ်။

မျက်နှာသစ်မယ်ဆိုရင်ကိုယ်ရဲ့မျက်နှာကိုဖြေးဖြေးလေးနှိပ်ပေးပြီးရေနွေးလေးနဲ့ညင်သာစွာဆေးကြောပေးသင့်ပါတယ်။Facial Yoga ကတော့အိမ်မှာနေရင်းနဲ့ပဲ့လေ့ကျင့်လို့ရပြီးအရေးအကြောင်းတွေကိုဖျောက်တဲ့လှပတဲ့မျက်နှာကိုတည်ဆောက်ပေးတဲ့လေ့ကျင့်ခန်းလေးတွေလည်းလုပ်ပေးသင့်ပါတယ်။သဘာဝစွမ်းရည်ပြည့်အသီးအနှံများဖြစ်တဲ့ သလဲသီး၊အနီရောင် ဘယ်ရီသီး၊ Anti-Oxidant အစွမ်းအပြည့်အဝပါတဲ့ Skin Care products  လေးတွေကိုသုံးသင့်ပါတယ်။Skin Care ကိုအသုံးပြုတဲ့အခါမှာ မိမိအသားအရေနဲ့ကိုက်တဲ့ Skin Care ကိုမှန်မှန်ကန်ကန်အသုံးပြုဖို့လည်းလိုတယ်နော်။

ကော်လဂျင်တွေတဖြည်းဖြည်းလျော့ဆင်းတာကိုခုခံဖို့လည်း ဗီတာမင်-အေကိုပြန်လည်ဖြည်းတင်းဖို့လိုအပ်ပါတယ်။နေလောင်ခြင်းကလည်းအရေးအကြောင်းတွေပေါ်စေတာမို့ နေရောင်ခြည်အဓိကကာကွယ်တဲ့ SPF 50+ ပါဝင်တဲ့ cream တွေကိုလည်းအပြင်သွားတိုင်းလိမ်းဖို့မမေ့ပါနဲ့နော်။ရေများများသောက်ပေးပါ။အိုမင်းရင့်ရော်မှုကင်းတဲ့အသားအရေပိုင်ဆိုင်ဖို့ဆိုတာကလည်း နေ့စဉ်အတူတကွကိုယ်စားနေတဲ့အစားအသောက်အပေါ်မှာလည်းမူတည်ပါတယ်။ပျားရည်၊ထောပတ်သီး၊နာနတ်သီး တို့စားပေးရင်လည်းငယ်ရွယ်နုပျိုပြီး အိုမင်းရင့်ရော်မှုကိုလည်းကာကွယ်ပေးပါတယ်။ကဲ့ဒီနည်းလမ်းလေးတွေမပျက်မကွက်လုပ်ပေးမယ်ဆိုရင်နောင် ၁၀နှစ်ကြာလည်းဆယ်ကျော်သက် နုနယ်ပျိုမြစ်တဲ့အလှတရားကိုပိုင်ဆိုင်နိုင်ကြမှာပါနော်။

Kelly (Akhayar Lifestyle)

Photo Credit