Black Coffee သောက်ရင် စိတ္တဇဖြစ်နေပြီဆိုတာ ဟုတ်ရောဟုတ်လို့လား

Black Coffee သောက်ရင် စိတ္တဇဖြစ်နေပြီဆိုတာ ဟုတ်ရောဟုတ်လို့လား

ပရိသတ်တွေလည်းကြားတော့ကြားဖူးမယ်ထင်ပါတယ်။ စာရေးသူဖတ်ဖူးတာက Black Coffee သောက်တဲ့သူတွေက စိတ္တဇတွေဖြစ်နိုင်တယ်တဲ့။ ကိုယ်လည်း Black Coffee ကြိုက်တော့ လန့်ဖြန့်သွားတာပေါ့။ ဘာလို့လဲဆိုတော့ လေ့လာချက်တစ်ခုက အရသာအခါးတွေကို ကြိုက်နှစ်သက်တာနဲ့ လူတွေ့နဲ့ထိတွေ့ဆက်ဆံတာကို မလိုလားတဲ့ အကျင့်စရိုက်လက္ခဏာတွေကို ဆက်စပ်မိလို့ပဲဖြစ်ပါတယ်။ ဒါကြောင့်ပြောရရင် အခါးအရည်တွေ ၊ ခါးတဲ့အစားအစာတွေကို စားသောက်တဲ့သူတိုင်းက စိတ္တဇဖြစ်နိုင်တယ်လို့ ယူဆလို့ရပါတယ်။

ဒါနဲ့ဒီအကြောင်းကိုစိတ်ဝင်စားတဲ့သူတွေက သိချင်စိတ်ကြောင့်ဆက်ပြီး လေ့လာကြတဲ့အခါမှာ ဘာကိုသွားတွေ့လဲဆိုတော့ ခါးတဲ့အရာတွေကို ကြိုက်နှစ်သက်တာက အမှန်တကယ်မှာလည်း တော်တော် Dark ဖြစ်တဲ့အကျင့်စရိုက်တွေနဲ့ သွားပြီးဆက်စပ်နေတယ်တဲ့။ Black Coffee ကြိုက်တဲ့သူတွေက စိတ္တဇဖြစ်နိုင်တယ်ဆိုတဲ့ လေ့လာချက်ကိုရေးထားတဲ့ ဆောင်းပါးက ၂ဝ၁၆ မှာ Appetite ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်တယ်။ အဲ့မှာဘာရေးထားလဲဆိုတော့ အခါးကိုကြိုက်တဲ့သူတွေမှာ မကောင်းတဲ့ ၊ မှောင်မိုက်တဲ့ စိတ်နေစိတ်နေထားတွေဖြစ်နိုင်တာကို တွေ့ရပေမယ့်လည်း သက်သေအထောက်အထားတွေကတော့ အရမ်းကိုရှားပါသေးတယ်တဲ့။

အရင်ကလေ့လာချက်တွေမှာတော့ အချိုစားတဲ့သူတွေမှာက သဘောတူလက်ခံတဲ့စိတ်မြင့်ပြီး Neuroticism လည်းမြင့်ပါတယ်တဲ့။ နောက်သုတေသနတွေမှာတော့ အခါးစားတဲ့သူတွေရဲ့ ကိုယ်ကျင့်တရားအရ ဆုံးဖြတ်ချက်တွေက ကြမ်းတမ်းပြီး အရိုင်းဆန်တဲ့အတွေးတွေ ၊အပြုအမူတွေနဲ့ရှိကြတယ်တဲ့။ ဒါတွေမှန်မမှန်သိရအောင်လို့ လေ့လာချက်နှစ်ခုလုပ်ခဲ့ကြတယ်။ လေ့လာချက်တွေကိုတော့ အသေးစိတ်မရှင်းပြတော့ဘူးပေါ့နော်။ ဒါပေမယ့် အဲဒီလေ့လာချက်နှစ်ခုရဲ့အဖြေက အခါးကိုနှစ်သက်တဲ့သူတွေမှာ ယုတ်မာတဲ့စိတ်နေစိတ်ထားတွေကို တွေ့ရတယ်လို့ ထင်ရတယ်တဲ့။ ဒါ့အပြင် ပထမလေ့လာချက်က အခါးကြိုက်တဲ့ဟာနဲ့ သူတစ်ပါးကိုလိမ်လည်လှည့်ဖြားပြီး ကိုယ်ရတာကိုယူဖို့ အမြတ်ထုတ်တဲ့စိတ်တွေနဲ့တောင် ဆက်စပ်မိတယ်တဲ့။

ဒီတော့လေ့လာချက်နှစ်ခုရဲ့အဖြေက အခါးကြိုက်တဲ့သူတွေအပေါ် ဘယ်လိုသက်ရောက်မလဲ။ စာရေးသူကိုးကားထားတဲ့ Health.com က ဆောင်းပါးမှာတော့ Roosevelt University က စိတ္တဗေဒ ပါမောက္ခက ဒီဆက်စပ်မှုတွေက အရမ်းကိုနည်းပါတယ်လို့ ပြောထားခဲ့တယ်။ ဒီလိုလေ့လာချက်တွေက အချက်အလက်တွေ အထောက်အထားတွေ အပြည့်အစုံနဲ့သက်သေပြနိုင်မှ လူတိုင်းကိုသိအောင်မျှဝေသင့်တဲ့အရာတွေဖြစ်တယ်။

ဒါကြောင့်စာရေးသူအတွက်တော့ အခါးကြိုက်တာနဲ့ပဲ စိတ္တဇဖြစ်သွားတယ်ဆိုတာက လက်ခံပေးလို့မရတဲ့အရာပါ။ ကြမ်းတမ်းတဲ့စိတ်နေစိတ်ထားရှိတယ် မရှိဘူးဆိုတာကို ကိုယ်စားသောက်တဲ့အရာနဲ့ပဲ တိုင်းတာလို့မရပါဘူး။ ကိုယ့်ရဲ့အတိတ်ကဖြစ်ရပ်တွေ ၊ ကိုယ့်ရဲ့ပတ်ဝန်းကျင် ၊ ကိုယ်စူးစမ်းနေတဲ့အရာတွေကလည်း ဒီအပေါ်သက်ရောက်မှုတွေရှိပါတယ်။ ပရိသတ်ကြီးတို့ရော ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုထင်ကြလဲ။

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle