10K MMR ပြည့် တတိယမြောက် ဖိလစ်ပိုင် ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ Armel

10K MMR ပြည့် တတိယမြောက် ဖိလစ်ပိုင် ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ Armel

Armel ဆိုတာကတော့ TNC Predator Dota 2 အသင်းရဲ့ Mid Lane ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ Armel အနေနဲ့ TNC Predator Dota 2 အသင်းနဲ့အတူ အောင်မြင်မှု‌ပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့သလို 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ဖြစ်တဲ့ MDL Chengdu Major မှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

TNC Predator Dota2

ယခုအခါမှာတော့ Armel အနေနဲ့ 10K MMR ပြည့် တတိယမြောက် ဖိလစ်ပိုင် ကစားသမား အဖြစ်ပါ မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Armel အနေနဲ့ 10K MMR ပြည့်သွားခဲ့ပြီဖြစ်ကြောင်း ကိုယ်ပိုင် Twitter စာမျက်နှာကနေ တစ်ဆင့် ပရိသတ်တွေကို ချပြသွားခဲ့တာ ဖြစ်ပါတယ်။

Armel အနေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ Rank Match ၁၆ ပွဲမှာ ၁၄ ပွဲ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အဆိုပါ Rank ပွဲ ၁၆ ပွဲလုံးမှာ မတူညီတဲ့ Hero ၁၂ ကောင်ကို အသုံးပြုသွားခဲ့တာကြောင့် သူ့အနေနဲ့ 10K MMR ရရှိဖို့ Hero တစ်ကောင်တည်းကိုသာ ထပ်ခါတလဲလဲ အသုံးပြုဖို့ မလိုအပ်ကြောင်း၊ Hero Pool ကျယ်ကြောင်း ပြသသွားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံသား ပရိုဖက်ရှင်နယ် Dota 2 ကစားသမားတွေ အထဲမှာ 10K MMR ကို ရောက်ရှိခဲ့တာ EG Dota 2 အသင်းရဲ့ Mid Lane ကစားသမား Abed နဲ့ Geek Fam Dota 2 အသင်းရဲ့ Carry ကစားသမား Raven တို့သာ ရှိတာကြောင့် Armel အနေနဲ့ အခုလို တတိယမြောက် 10K MMR ပြည့် ဖိလစ်ပိုင် ကစားသမား အဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ 10K MMR ပြည့် ကစားသမားများ အဖြစ် EHOME Dota 2 အသင်းရဲ့ Mid Lane ကစားသမားဖြစ်သူ NothingToSay, Geek Fam Dota 2 အသင်းရဲ့ Carry ကစားသမား Raven, BOOM Esports Dota 2 အသင်းရဲ့ Mid Lane ကစားသမား Mikoto, Nigma Dota 2 အသင်းရဲ့ Mid Lane ကစားသမား W33, EG Dota 2 အသင်းရဲ့ ကစားသမား သုံးဦးဖြစ်တဲ့ Abed, Ramzes666, Arteezy, OG Dota 2 အသင်းရဲ့ Offlane ကစားသမား MidOne တို့အပြင် Armel သာ ရှိသေးတာကြောင့် 10K MMR Club ကို နောက်ထပ် ဘယ်သူတွေ ဝင်ရောက်လာနိုင်မလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: Afkgaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ