DPC ရာသီ ပြန်လည် စတင်ချိန်မှာ မြင်တွေ့သွားရမယ့် CIS အခြေစိုက် Dota 2 အသင်း NoPangolier

DPC ရာသီ ပြန်လည် စတင်သွားဖို့ သုံးပတ်ခန့် အလိုမှာ CIS အခြေစိုက် ဝါရင့် ကစားသမားတွေ ပါဝင်တဲ့ NoPangolier Dota2 အသင်းကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။ NoPangolier Dota2 အသင်းကို Dendi ရဲ့ B8 Dota2 အသင်းကနေ ထွက်ခွာလာခဲ့တဲ့ ဝါရင့် Offlane ကစားသမား Andrey “Ghostik” Kadyk က ဦးဆောင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး Virtus Pro, Winstrike, Cyber Legacy စတဲ့ အသင်းတွေမှာ နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ Arseniy “ArsZeeqq” Usov ကတော့ နည်းပြ အဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

NoPangolier Dota2 အသင်းမှာ Carry ကစားသမား အဖြစ် Team Unique, Vega Squadron, Cyber Legacy စတဲ့ အသင်းတွေမှာ ဝင်ရောက် ကစားခဲ့တဲ့ Palantimos က တာဝန်ယူသွားမှာဖြစ်ပြီး Mid Laner အဖြစ်ကိုတော့ လက်ရှိ Na’Vi Dota2 အသင်းမှာ Mid Laner အဖြစ် ကစားလျက်ရှိတဲ့ Iceberg ရဲ့ အမြွှာညီဖြစ်သူ Pikachu က တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

Offlaner အဖြစ် အသင်းကို ဦးစီး တည်ထောင်ခဲ့တဲ့ Ghostik က ဝင်ရောက် ကစားသွားမှာဖြစ်ပြီး Pos4 နဲ့ Pos5 Duo အဖြစ် Cyber Legacy Dota2 အသင်းမှာ အတူတကွ ကစားခဲ့တဲ့ Bignum နဲ့ CemaTheSlayer တို့က တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ DPC ရာသီ ပြန်လည် ကျင်းပသွားမယ့် ပုံစံကို အတိအကျ သိရှိရခြင်း မရှိသေးပေမယ့် Valve ဘက်က ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ပြန်လည် စတင်သွားမယ်လို့ အတည်ပြု ပေးခဲ့တာကြောင့် NoPangoliers Dota2 အသင်းရဲ့ ကစားဟန်ကို နောက်လအတွင်းမှာ မြင်တွေ့သွားရဖွယ် ရှိနေပါတယ်။

NoPangolier Dota2 အသင်းရဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Nikita “Palantimos” Grinkevich – Pos 1
- Yaraslav “Pikachu” Vasilenko – Pos 2
- Andrey “Ghostik” Kadik – Pos 3
- Danil “Bignum” Shekhovtsov – Pos 4
- Semyo “CeMaTheSlayeR” Krivulya – Pos 5
- Arseny “ArsZeeqq” Usov – Coach
REF: VpEsports