Mid ကစားသမား ဘဝကနေ Carry ကစားသမား ဘဝသို့ ပြောင်းရွေ့ခဲ့ရခြင်း အကြောင်းအရင်းကို ပြောကြားသွားခဲ့တဲ့ Arteezy

Mid ကစားသမား ဘဝကနေ Carry ကစားသမား ဘဝသို့ ပြောင်းရွေ့ခဲ့ရခြင်း အကြောင်းအရင်းကို ပြောကြားသွားခဲ့တဲ့ Arteezy

Artour “Arteezy” Babaev ဆိုတာကတော့ Dota2 ချစ်ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ ကလေးဆိုးကြီး တစ်ဦးလို အပြုအမူတွေ၊ တစ်ခါတရံ ပြိုင်ပွဲတွေမှာ တလွဲတွေ ပြုလုပ်မိတာက လွဲပြီး Rtz ကို ကမ္ဘာ့အကောင်းဆုံး Carry ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင် အဖြစ် ပရိသတ် အများစုက သတ်မှတ်ထားကြပါတယ်။

အခုလို ပြိုင်ပွဲတွေနဲ့ ဝေးကွာနေတဲ့ ကာလတွေမှာ Rtz တစ်ယောက် ကိုယ်ပိုင် Twitch Channel ကနေ တစ်ဆင့် နေ့တိုင်းနီးပါး Streaming ပြုလုပ်လေ့ရှိသလို ပရိသတ်တွေရဲ့ ပေါက်တတ်ကရ မေးခွန်းတွေကိုလည်း တတ်နိုင်သမျှ ဖြေပေးလျက် ရှိပါတယ်။ ယခုအခါမှာတော့ Mid ကစားသမား ဘဝကနေ Carry ကစားသမား ဘဝကို ပြောင်းရွေ့ခဲ့ရခြင်းနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော် Mid Laner အဖြစ် ကစားရင်းနဲ့ လုံးဝ Mid Lane ကို မုန်းတီးသွားတဲ့ အတွေ့အကြုံမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအချက်ကလည်း ကျွန်တော်မှ မဟုတ်ပါဘူး။ Mid Lane ကစားသမား အများစု ရင်ဆိုင်ရလေ့ရှိတဲ့ အတွေ့အကြုံ တစ်ခုပဲ ဖြစ်ပါတယ်။

ဥပမာ ပြောရရင် ကျွန်တော်က အဲဒီ အချိန်တုန်းက Mid Lane မှာ အကောင်းဆုံး ကစားနိုင်ခဲ့တယ်ဗျာ။ ဒါပေမယ့် ကံဆိုးစွာနဲ့ Patch အသစ် တစ်ခု ထွက်ပေါ်လာခဲ့တယ်။ အဲဒီ Patch အသစ်မှာ Tower နေရာတွေ ပြောင်းလဲသွားတယ်။ Regen ဖြည့်ပေးနိုင်တဲ့ Item အသစ်တွေ ပေါ်လာခဲ့တယ်ပဲ ဆိုပါတော့။

အဲဒီလို အခါမျိုးတွေမှာ အရင်လို တစ်ဖက် Mid Laner ကို အနိုင်ယူဖို့ ခက်ခဲလာခဲ့တယ်။ အရင်လို လုပ်တိုင်းမဖြစ်တော့ ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျတွေ ဖြစ်လာတယ်။ နောက်ဆုံးမှာ Mid Lane ကစားဖို့ စိတ်မပါတော့တဲ့ အထိ ဖြစ်လာခဲ့ပါတယ်။

အမှန်အတိုင်း ပြောရရင် ကျွန်တော် Mid Lane မှာ ကစားရတာကို လုံးဝ မကြိုက်ပါဘူး။ တစ်ဖက် Mid Lane ကို ကျွန်တော် အသာရအောင် ကစားနိုင်ပေမယ့် လမ်းပတ်တဲ့ အခါမျိုးတွေမှာ ကျွန်တော် အခက်အခဲတွေနဲ့ ရင်ဆိုင်ရလေ့ ရှိပါတယ်။ ကစားသမား အများစုက အရူးတွေလို ကစားနေတော့ Rank Match တွေမှာ Mid Lane ကစားရတာ လွယ်တာပေါ့ဗျာ။ ဒါပေမယ့် ပြိုင်ပွဲတွေမှာ အဆင့်အတန်းရှိ Mid Laner တစ်ဦး အဖြစ် ရပ်တည်ဖို့ကကျတော့ Dota2 နဲ့ ပတ်သက်ပြီး အကျွမ်းတဝင် ရှိနေဖို့ လိုအပ်ပါတယ်။”

ဒါ့အပြင် Rtz အနေနဲ့ လက်ရှိ အကြိုက်ဆုံး Hero နဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“TI 9 နောက်ပိုင်း အကြိုက်ဆုံး Hero ကို ပြောရမယ် ဆိုရင်တော့ Faceless Void ကို လက်ညှိုးထိုးပြမိမှာ အသေအချာပါပဲ။ TI 9 မတိုင်ခင်က Void ကို အတော်လေး မုန်းမိပေမယ့် အခုတော့ ဘာကြောင့်မှန်းမသိ အတော်လေးကို ကြိုက်နေမိပါတယ်။”

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle