Iceiceice နဲ့ ကစားခွင့် ရရှိတဲ့ အတွက် ပျော်ရွှင်မိကြောင်း Arteezy ပြောကြား

Iceiceice နဲ့ ကစားခွင့် ရရှိတဲ့ အတွက် ပျော်ရွှင်မိကြောင်း Arteezy ပြောကြား

DPC 2021 Season 1 NA Upper Division မှာ ၂ ပွဲကစား၊ ၂ ပွဲနိုင်ဆိုတဲ့ ရလဒ်နဲ့ အုပ်စု ပထမ နေရာကို ရယူထားနိုင်တဲ့ EG Dota2 အသင်းရဲ့ နာမည်ကျော် Carry ကစားသမား Arteezy ကတော့ Iceiceice ရောက်ရှိလာပြီး နောက်ပိုင်း အသင်းတွင်း အခြေအနေတွေနဲ့ ပက်သက်ပြီး အင်တာဗျူး အစီအစဉ် တစ်ခုမှာ အခုလိုပဲ ဖြေကြားသွားခဲ့ပါတယ်။

“Iceiceice က အသင်းအတွက် ပျော်ရွှင်ခြင်းတွေ ယူဆောင်လာပေးတဲ့ ကစားသမား တစ်ဦးလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ သူနဲ့ကစားရတာ ရှုံးနေခဲ့ရင်တောင်မှ အတော်လေးကို ပျော်ဖို့ကောင်းပါတယ်။ 4Zoomers နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ Game 2 မှာဆိုရင် Iceiceice အနေနဲ့ Legion Commander နဲ့ အတော်လေး အဆင်မပြေ ဖြစ်ခဲ့ပေမယ့် စိတ်ပျက်ခြင်း မရှိခဲ့သလို ကျွန်တော်တို့ အသင်းသားတွေ အားတက်စေဖို့ အတွက်လည်း အစွမ်းကုန် ကူညီပေးခဲ့ပါတယ်။

4Zoomers နဲ့ ပွဲစဉ် ပြီးဆုံးသွားတော့လည်း Legion Commander ကြီးပဲ ၁၀ ပွဲတိတိ Pubs မှာ သွားကစားမှာဖြစ်ကြောင်း အရွှန်းဖောက် ပြောလိုက်ပါသေးတယ်။ အခုလို ပျော်ပျော်နေတတ်တဲ့ ကစားသမား တစ်ဦး ရှိနေတာ အသင်းအတွက် တကယ်ကို အကျိုးရှိစေပါတယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့ အချိန်တွေမှာလည်း Iceiceice အနေနဲ့ ကျွန်တော်တို့တွေ အလွယ်တကူ စိတ်ဓာတ်ကျသွားခြင်း မရှိစေဖို့ ကူညီပေးနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။”

အခုလို ၂ ပွဲကစား၊ ၂ ပွဲနိုင် ရလဒ်ကို ရရှိခဲ့ပေမယ့်လည်း Arteezy ကတော့ သူ့အနေနဲ့ လုံလောက်တဲ့ ပုံစံကောင်းတွေကို ပြသနိုင်ခြင်း မရှိသေးကြောင်း၊ ရှေ့ဆက်ပြီး အပြတ်အသတ် နိုင်ပွဲတွေ ရရှိဖို့ အတွက် အစွမ်းကုန် ကြိုးစားသွားမှာဖြစ်ကြောင်းကိုလည်း အဆိုပါ အင်တာဗျူး အစီအစဉ်မှာ ပြောကြားသွားခဲ့ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle