PPD, Puppey နဲ့ Fly တို့ ကပ္ပတိန်သုံးဦးရဲ့ မတူညီချက်များကို ပြောပြသွားခဲ့တဲ့ Arteezy

PPD, Puppey နဲ့ Fly တို့ ကပ္ပတိန်သုံးဦးရဲ့ မတူညီချက်များကို ပြောပြသွားခဲ့တဲ့ Arteezy

Dota2 လောကရဲ့ လူချစ်လူခင် အများဆုံး ကစားသမား တစ်ဦးဖြစ်တဲ့ Artour “Arteezy” Babevy ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ Position 6 Podcast အစီအစဉ်မှာ သူဝင်ရောက် ကစားခဲ့တဲ့ အသင်းတွေရဲ့ ကပ္ပတိန်တွေဖြစ်ကြတဲ့ PPD, Puppey နဲ့ Fly တို့ အကြား ကွာခြားချက်တွေကို ပြောပြသွားခဲ့ပါတယ်။

RTZ

“PPD နဲ့ကတော့ သိပ်ပြီးတော့ တွဲမကစားဖြစ်ခဲ့တော့ သူ့အကြောင်းတော့ သေချာ မပြောပြတတ်ဘူးဗျ။ ဒါပေမယ့် ကျွန်တော် Pub Star ဘဝကနေ ပရို ကစားသမား ဘဝကို စတင် ကူးပြောင်းချိန်မှာ PPD နဲ့ ကြုံတွေ့ခဲ့ရတယ်။ သူကကျွန်တော့်ကို ပြိုင်ပွဲတွေမှာ ဘယ်လို ကစားရမယ်၊ ဘာလုပ်သင့်တယ် ဆိုတာတွေကို ပြောပြခဲ့ပါတယ်။

PPD

Puppey ကတော့ ကျွန်တော့်ကို အများကြီး သင်ပေးခဲ့တဲ့ ဆရာကောင်း တစ်ယောက်ဖြစ်ပါတယ်။ သူပြောပြတဲ့ အချက်တွေကို ကျွန်တော် အခုချိန်ထိ လိုက်နာလျက် ရှိပါတယ်။ ကျွန်တော့်ကို Puppey အကြံပေးခဲ့တဲ့ အချက်တွေကို အတိအကျ ပြောပြဖို့ မဖြစ်နိုင်ပေမယ့် နောက်ပိုင်း ကာလတွေမှာ ကျွန်တော် တိုးတက် ပြောင်းလဲ လာခဲ့တာ Puppey ရဲ့ ကူညီပေးမှုတွေ အများကြီး ပါဝင်ပါတယ်။ သူ ကျွန်တော့်ကို ပြောပြခဲ့စဉ် အချိန်က နားမလည်ခဲ့တဲ့ အချို့သော အကြောင်းအရာတွေကို အခုအချိန်မှာ နားလည်လာခဲ့ပြီ ဖြစ်ပါတယ်။

Puppey

Fly ကတော့ ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ ကပ္ပတိန် သုံးဦးအထဲမှာ အတည်ငြိမ်ဆုံးပဲ ဖြစ်ပါတယ်။ တခြားသူ နှစ်ဦးနဲ့လည်း လုံးဝကို တူညီခြင်း မရှိပါဘူး။ သူက အခြားသူတွေ ပြောပြတဲ့ အကြောင်းအရာတွေကို အချိန်ပေး နားထောင်ပေးလေ့ ရှိတယ်။ ဒါကြောင့်လည်း ကစားသမား အများစုရဲ့ လေးစားခြင်းကို ခံယူနိုင်ခဲ့တယ်။

Fly

PPD, Puppey, Fly တို့ သုံးဦးလုံးက အောင်မြင်မှုတွေကို အမြဲတမ်း ဆာလောင်နေတဲ့ ကစားသမားကောင်းတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့်လည်း သူတို့လိုချင်တဲ့ အောင်မြင်မှုတွေကို ရယူနိုင်ဖို့ အတွက် အသုံးပြုတဲ့ နည်းလမ်းတွေကတော့ တစ်ယောက်နဲ့တစ်ယောက် မတူညီဘူးပေါ့ဗျာ။ ကျွန်တော်ကတော့ အဲဒီလိုပဲ မှတ်ယူထားပါတယ်။”

ဒါ့အပြင် Arteezy အနေနဲ့ Iceiceice ကို ခေါ်ယူလိုက်နိုင်ခြင်းနဲ့ ပက်သက်ပြီး နှစ်သက်မိကြောင်း၊ Iceiceice ဟာ သူရင်ဆိုင်ဖူးသမျှ Offlane ကစားသမားတွေ အထဲမှာ ဒုက္ခအပေးနိုင်ဆုံး ကစားသမား တစ်ဦးဖြစ်ကြောင်း၊ Iceiceice နဲ့ ၂၀၁၄ ခုနှစ်ကတည်းက အတူတကွ ကစားချင်ခဲ့တာ ဖြစ်ကြောင်းကိုလည်း အဆိုပါ Podcast အစီအစဉ်မှာ ပြောသွားခဲ့ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle