Matumbaman က လေးစားအားကျဖွယ် ကစားသမားဖြစ်ကြောင်း Artzeezy ပြောကြား

Matumbaman က လေးစားအားကျဖွယ် ကစားသမားဖြစ်ကြောင်း Artzeezy ပြောကြား

EG Dota2 အသင်းရဲ့ နာမည်ကျော် ကစားသမား Artezzy ကတော့ ယခုရက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ Streaming Session တွေမှာ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ဖွင့်ဟ ပြောကြားလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း Artezzy အနေနဲ့ Mid Laner ဘဝကို စွန့်ခွာခဲ့ရခြင်း အကြောင်းအရင်းကို ပြောကြားခဲ့သလို ယခုအခါမှာလည်း Secret Dota2 အသင်းရဲ့ Carry ကစားသမား Matumbaman ကို လေးစား အားကျမိကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

Matumbaman

“ကျွန်တော့် စွမ်းဆောင်ရည် တိုးတက်ဖို့ အတွက် Matumbaman ရဲ့ ကစားဟန်ကို အတုယူလေ့ ရှိပါတယ်။ သူကတကယ်ကို စွမ်းဆောင်ရည် မြင့်မားတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ Matu ရဲ့ ကစားဟန်ကို ကျွန်တော် ၂၀၁၅ လောက်ကတည်းက နှစ်သက်ခဲ့တာ ဖြစ်ပါတယ်။

သူကလေးစားဖွယ် ကစားသမား တစ်ဦး ဖြစ်ပါတယ်။ အမြဲတမ်းလိုလို ကြိုးစားနေလေ့ ရှိတယ်။ ပြိုင်ပွဲတွေမှာလည်း အနိုင်ရရှိဖို့ အတွက် အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားလေ့ ရှိတယ်။ တကယ်ကို လေးစား အားကျဖွယ် ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

Matumbaman က နေ့တိုင်းလိုလို သူ့ရဲ့စွမ်းဆောင်ရည် တိုးတက်ဖို့ အတွက် လေ့ကျင့်လေ့ရှိတယ်။ ကျွန်တော်လည်း အခွင့်အရေးရတိုင်း သူနဲ့ Dota နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဆွေးနွေးတိုင်ပင်လေ့ ရှိပါတယ်။”

Arteezy

Artezzy အနေနဲ့ MMR နဲ့ ပတ်သက်ပြီး အရင်လောက် ဂရုစိုက်ခြင်း မရှိတော့ကြောင်းကိုလည်း အခုလိုပဲ ဝန်ခံထားခဲ့ပါတယ်။

“အရင်တုန်းကတော့ ကျွန်တော် Rank 1 ဖြစ်ဖို့ကို အမြဲလိုလို စိတ်အားထက်သန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်ဆက်တိုက် Rank 1 ကစားသမား အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ Rank တွေ၊ MMR တွေကို သိပ်ပြီး ခေါင်းထဲမှာ ထည့်မနေတော့ပါဘူး။ ပြိုင်ပွဲတွေမှာ အနိုင်ရရှိဖို့ အတွက် လေ့ကျင့်ဖို့ပဲ ကျွန်တော့် စိတ်ထဲမှာ ရှိပါတော့တယ်။”

Ref: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ