ကမ္ဘာပေါ်မှာ အာရှနိုင်ငံက ကလေးတွေ အကျန်းမာဆုံးဖြစ်နေရတာ ဘာကြောင့်လဲ

ကမ္ဘာပေါ်မှာ အာရှနိုင်ငံက ကလေးတွေ အကျန်းမာဆုံးဖြစ်နေရတာ ဘာကြောင့်လဲ

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်တဲ့အတွက် ကျန်းမာရေးရဲ့ တန်ဖိုးကိုသိတဲ့လူတိုင်းက ကျန်းမာရေးကောင်းဖို့ကို အလေးထား နေထိုင်ကြပါတယ်။ ကျန်းမာရေးကို အလေးထားတဲ့အကြောင်းကို ပြောရမယ်ဆိုရင် အာရှနိုင်ငံတွေကိုလည်း ချန်ထားခဲ့လို့ မရပါဘူး။ဘာကြောင့်လဲဆိုတော့ လေ့လာမှုတွေအရ အာရှနိုင်ငံက ကလေးတွေဟာ ကမ္ဘာပေါ်မှာ အကျန်းမာဆုံးကလေးတွေ ဖြစ်တယ်ဆိုတာကို အခိုင်အမာပြောထားတဲ့ အတွက်ကြောင့်ပါ။ ဘာကြောင့် သူတို့နိုင်ငံက ကလေးတွေက တခြားနိုင်ငံက ကလေးတွေထက် ပိုကျန်းမာ ပျော်ရွှင်နေရတာလဲဆိုတာကို လေ့လာကြည့်ကြရအောင်။

အဓိကကတော့ တခြားဖွံဖြိုးပြီးအာရှနိုင်ငံများရှိ ယဉ်ကျေးမှုစံချိန်စံညွှန်းတွေက ကလေးငယ်တွေ ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ အများကြီး အထောက်အကူပြုတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ တခြားနိုင်ငံက ကလေးတွေထက် ပိုကျန်းမာပျော်ရွှင်ပြီး ရှင်သန်နေရတဲ့ ယဉ်ကျေးမှုစံချိန်စံညွှန်းတွေက ဘာတွေလဲဆိုတော့…..

စာအရမ်းအနီးကပ်ဖတ်ခြင်းမှကာကွယ်ပေးထားခြင်း
တရုတ်စာသင်ကျောင်းတွေ တော်တော်များများမှာ စာအရမ်းအနီးကပ်ဖတ်ခြင်းကြောင့် မျက်လုံးထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် စာသင်ခုံတွေရဲ့ အပေါ်မှာ တန်းလေးတွေ တပ်ဆင်ထားပြီး မျက်လုံးကျန်းမာရေးကို ဂရုစိုက်ကာကွယ်ပေးထားပါတယ်။ စာအုပ်တွေကို စိုက်ကြည့်တဲ့အခါမှာ အနီးကပ်ကြည့်မိလို့ မျက်စိထိခိုက်မှာစိုးတဲ့အတွက် ဘားတန်းလေးတွေကို သင့်တော်တဲ့အကွာအဝေးမှာ ထားရှိပေးထားပါတယ်။ ဒီဘားတန်းတပ်ဆင်ထားခြင်းဟာ မျက်လုံးကျန်းမာရေးကို ဂရုစိုက်ပေးရုံတင်မကဘဲ ကလေးတွေရဲ့ ကိုယ်နေဟန်ထားမှန်ကန်အောင်လည်း ကူညီပေးပါသေးတယ်။

ပြင်ပမှာစာမေးပွဲတွေကို စစ်ဆေးခြင်း
အရင်တုန်းက စာသင်ခန်းထဲမှာ စာမေးပွဲ ဖြေရတာမျိုးမဟုတ်ဘဲ ပြင်ပမှာ စာမေးပွဲကျင်းပတာမျိုး တရုတ်မှာ ဖြစ်ဖူးပါတယ်။ အပြင်မှာ ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေ စာခိုးချခြင်းကနေ ကင်းစေဖို့ ၊ ကန့်သတ်ထားတဲ့ အခန်းကျဉ်းလေးထဲမှာ ဖြေပြီး စိတ်ကျဉ်းကျပ်ခြင်းကနေ ကင်းစေဖို့ ရည်ရွယ်ပြီး လုပ်ပေမယ့် မထင်ထားတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရရှိခဲ့ပါတယ်။ အဲဒါကတော့ ကျောင်းသားကျောင်းသူတွေဟာ နေရောင်ခြည်နဲ့ လတ်ဆတ်တဲ့လေကို ထိတွေ့ခွင့်ရတဲ့အတွက် စိတ်ဖိစီးမှုတွေ အများကြီး ပြေလျော့သွားတာကို တွေ့ရှိရတာပဲ ဖြစ်ပါတယ်။

ခွဲစိတ်ကုသရာမှာသုံးတဲ့ Mask တွေ တပ်ဆင်ခြင်း
အအေးဒဏ်ကြောင့် ဆောင်းရာသီမှာ ဖျားနာမှာစိုးတဲ့အတွက်နဲ့ ပြင်ပက တခြားလူတွေဆီကနေ ရောဂါပိုးတွေ ကူးစက်မှာစိုးတဲ့အတွက် ဂျပန်နိုင်ငံကလူငယ်တွေဟာ ခွဲစိတ်ကုသရာမှာသုံးတဲ့ Mask တွေကိုတပ်ဆင်ကြပါတယ်။ ဒါ့အပြင် ဂျပန်မှာ ဖျားနာနေတဲ့သူတွေ၊ Allergies ဖြစ်နေတဲ့သူတွေဟာ ခွဲစိတ်ကုသရာမှာသုံးတဲ့ Mask တွေကို တပ်ဆင်ပြီး လူထုကြားသွားလာခြင်းဟာ လေထဲကနေ ရောဂါပိုးတွေကို တခြားသူတွေဆီကူးစက်မှု မဖြစ်အောင် လုပ်ဆောင်ပေးနိုင်တယ်ဆိုပြီး လက်ခံထားကြပါတယ်။ သူတို့နိုင်ငံမှာ အအေးမိ၊ ဖျားနာပြီး ရောဂါပိုးတွေ ရှာဖွေတွေ့ရှိရတယ်ဆိုတဲ့ အချိန်မျိုးမှာ Mask ရောင်းအားတိုးလာပါတယ်။

တိုက်ရိုက်ထုတ်လွှင့်သင်ကြားခြင်း
တရုတ်မှာ တစ်ချိန်တုန်းက ရာသီဥတုမသာယာလို့ သင်တန်းတွေ၊ ကျောင်းတွေသွားဖို့ အခွင့်မသာတဲ့ အချိန်မျိုး ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်မှာ တရုတ်ဆရာတစ်ဦးက တီထွင်မှုဉာဏ်ကောင်းကောင်းနဲ့ သူရဲ့သင်ခန်းစာတွေကို စာသင်ခန်းအလွတ်မှာ ရိုက်ကူးပြီး Live-Stream လွှင့်ပြီး သင်ကြားပေးခဲ့ပါတယ်။ ရာသီဥတုဆိုးရွားလို့ ကျောင်းတွေ ပိတ်ရရင်တောင် ကလေးတွေဟာ သူတို့ရဲ့ သင်ခန်းစာတွေကို ကျောင်းမသွားဘဲ သူတို့ရဲ့ အိမ်ကနေ သက်သောင့်သက်သာနဲ့ သင်ယူလေ့လာနိုင်သလို ရာသီဥတုဒဏ်ကို မခံရတဲ့အတွက် ကျန်းမာရေးလည်း ထိခိုက်တာမျိုး မဖြစ်တော့ပါဘူး။ ဒီနည်းလမ်းဟာ အရမ်းဝေးလံတဲ့နေရာတွေမှာ နေတဲ့ ကလေးတွေအတွက် အများကြီး အထောက်အကူဖြစ်စေသလို ကျောင်းလာတက်ဖို့ အဆင်မပြေတဲ့ ကလေးတွေအတွက်လည်း အဆင်ပြေစေတဲ့ နည်းလမ်းကောင်း တစ်ခုပါ။

အသင့်စားတွေထက် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ နေ့လယ်စာကို ကျွေးခြင်း
ဂျပန်မှာ ကျောင်းတွင်း နေ့လယ်စာစားလို့ရတဲ့ အစီအစဉ်ကို ဒုတိယကမ္ဘာစစ်အပြီး ငတ်မွတ်နေတဲ့ ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး လုပ်ခဲ့ပေမယ့် နှစ်တွေဘယ်လိုပဲပြောင်းပြောင်း ဒီအစီအစဉ်လေးကတော့ မပြောင်းဘဲ ရှိနေခဲ့ပါတယ်။ သူတို့ရဲ့နေလယ်စာမှာ အနောက်တိုင်းလိုမျိုး အဓိကဟင်းလျာကြီးတွေ သီးသန့်မပါရှိပါဘူး။ သူတို့နေ့လယ်စာမှာ ပါဝင်တာကတော့ ခေတ်ပေါ် အစားအစာမျိူးတွေမဟုတ်ဘဲ ထမင်း၊ ဟင်းသီးဟင်းရွက်၊ ရေညှိဟင်းချို ၊ ငါး (သို့) အသားတစ်ခုခု ပါဝင်ပါတယ်။ ပါဝင်တဲ့ အစားအသောက်တွေအားလုံးဟာ ကြီးထွားဖွံဖြိုးမှုကို အားပေးတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ ပြင်ပပတ်ဝန်းကျင်မှာ အပန်းဖြေခြင်း
တောင်ကိုရီးယားဟာ ပြင်ပမှာ လှုပ်ရှားမှုတွေ မျိုးစုံလုပ်ပြီး အပန်းဖြေအနားယူတာက အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုလို တွေးတောပြီး ပြင်ပလှုပ်ရှားမှုတွေ အများကြီးလုပ်နိုင်ဖို့အတွက် ဖန်တီးပေးထားပါတယ်။ တောင်တက်တာမျိုးနဲ့ အပျော်စခန်းချ အပန်းဖြေခရီးထွက်တာမျိုးတွေက ကျော်ကြားတဲ့ ပြင်ပလှုပ်ရှားမှုတွေပါ။ ဒီလိုပြင်ပလှုပ်ရှားမှုတွေကို တီထွင်ဖန်တီး ထားရှိပေးထားခြင်းဖြင့် ကလေးတွေရဲ့ အနားယူအပန်းဖြေမှုကို ဖန်တီးပေးကာ စိတ်ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေး ကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။

ကလေးတွေကို တာဝန်တွေခွဲဝေပေးထားခြင်း
ဂျပန်နိုင်ငံက ကလေးတွေက တခြားနိုင်ငံက ကလေးတွေလိုမျိုးမှာ မဟုတ်ဘဲ ကိုယ့်ကိုယ်တိုင်အားကိုးပြီး လှုပ်ရှားမှုတွေ အများကြီး လုပ်ကြရပါတယ်။ ကလေးတွေဟာ သူတို့ဘာသာ သူတို့ ကျောင်းသွားရတာမျိုး၊ မိသားစုလက်တိုလက်တောင်းတွေ လုပ်ရတာမျိုးနဲ့ ကောျင်းတွေမှာ အစောင်ေ့တွက သန့်ရှင်းရေးလုပ်ပေးတာမျိုးမရှိဘဲ စာသင်ခန်းကို ကိုယ်တိုင်သန့်ရှင်းရေးလုပ်ရတာမျိုးဆိုပြီး ကိုယ်တာဝန်ကိုယ် ယူကြရပါတယ်။ ဒီလို ကိုယ်တာဝန်ကိုယ် ယူရခြင်းကနေ ကလေးတွေက အမှီအခိုကင်းကင်းနဲ့ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်လာနိုင်ကာ တာဝန်ယူစိတ်တွေ ရှိလာကြပါတယ်။ ဒါ့အပြင် ကိုယ်ဖြစ်ရင် ကိုယ်ခံရမှာမို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဂရုစိုက် ကာကွယ်စောင့်ရှောက်ရမလဲဆိုတာကိုလည်း ကောင်းကောင်းလေ့လာ သင်ယူနိုင်ကြပါတယ်။

ထမင်းစားချိန်တွေမှာကျန်းမာရေးနဲ့ညီညွှတ်တာတွေပဲစားရခြင်း
အာရှနိုင်ငံက ကလေးတွေအတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကို ချက်ပြုတ်ကျွေးဖို့ နည်းလမ်းအမျိုးမျိုးကို မိဘတွေက ရှာဖွေထားကြပါတယ်။ ဂျပန်မှာဆိုရင် ထမင်းစားချိန်မှာ ဟင်းသီးဟင်းရွက်ကိုသာ အဓိက ကျွေးပြီး အသားတွေ၊ အဆီတွေ၊ နို့်ထွက်ပစ္စည်းတွေနဲ့ သကြားတွေကိုတော့ သိပ်အသားပေးပြီး မကျွေးပါဘူး။ အာရှစားသောက်နေထိုင်မှုပုံစံမှာ ဟင်းရည်က အဓိကအနေနဲ့ ပါဝင်ပါတယ်။ တရုတ်မှာဆိုရင် ကျန်းမာရေးကို အထောက်အကူပြုစေတဲ့ ပါဝင်ပစ္စည်းတွေကို သုံးပြီး ချက်ပြုတ်ကြသလို ကျန်းမာရေးအတွက်ကောင်းစေတဲ့ Goji Berry တွေ၊ စပါးလင်တွေနဲ့ ဂျင်းတွေကိုသုံးပြီး ချက်ပြုတ်ကြတဲ့ ဟင်းရည်တွေကို ကျွေးမွေးပါတယ်။

အာရှနိုင်ငံတွေထဲကမှ ဂျပန်နဲ့ တရုတ်နိုင်ငံက မိဘတွေဟာ ကလေးငယ်တွေကို လက်ဖက်ရည်ပဲ တိုက်ကြပါတယ်။ လက်ဖက်ရည်ဟာ Soft Drink တွေထက်စာရင် ကျန်းမာရေးအတွက် ပိုကောင်းပြီး မယုံကြည်နိုင်လောက်အောင် ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရရှိစေပါတယ်။ လက်ဖက်ရည်ဟာ ကလေးတွေရဲ့ အမြင်အာရုံအားကောင်းအောင် အများကြီး ကူညီပံ့ပိုးပေးပါတယ်။

အခုဖော်ပြပေးထားတာကတော့ အာရှနိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေက ကလေးတွေ ကျန်းမာရေးကောင်းအောင် ဘယ်လိုကူညီပံ့ပိုးပေးနေလဲဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးသိတဲ့ ကလေးတွေရဲ့ ကျန်းမာရေးကို အထောက်အပံ့ပေးတဲ့ တခြားနိုင်ငံက ယဉ်ကျေးမှုဓလေ့ထုံးစံတွေရှိရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦးနော်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle