အရှေ့တောင်အာရှနိုင်ငံတွေမှာရှိတဲ့ ခရီးသွားတွေကို ဆွဲဆောင်မှုအရှိဆုံး နေရာတွေ

အရှေ့တောင်အာရှနိုင်ငံတွေမှာရှိတဲ့ ခရီးသွားတွေကို ဆွဲဆောင်မှုအရှိဆုံး နေရာတွေ

မြန်မာဆို ပုဂံ၊ အင်ဒိုနီးရှားဆို ဘာလီ၊ ကမ္ဘောဒီးယားဆို အန်ကောဝပ်ဘုရားကျောင်းတို့က နိုင်ငံရဲ့ဆွဲဆောင်မှုအရှိဆုံးနေရာတွေဆိုတာ သိပြီးဖြစ်မှာပါ။ ဒီနေရာတွေအပြင် လူကိုမင်သက်သွားစေတဲ့ နေရာတွေအများကြီး ရှိပါသေးတယ်။ အောက်မှာ အရှေ့တောင်အာရှရဲ့ လှလွန်းတဲ့နေရာတွေအကြောင်းလည်း ပြောပြပေးထားသလို ခရီးသွားရင် မဖြစ်မနေလုပ်သင့်တဲ့အရာတွေကိုပါ အပိုလက်ဆောင်အဖြစ် ပြောပြပေးထားပါတယ်နော်။


George Town, Malaysia

George Town ဆိုတာ အရင်က ရွာငယ်လေးတစ်ခုပါ။ ဥပရောနဲ့ အာရှလွှမ်းမိုးထားတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ခုချိန်ထိ George Town မှာ မြင်တွေ့နိုင်ပါတယ်။ ဒီလိုမျိုးထူးခြားမှုတွေကြောင့် ၂၀၀၈ ခုနှစ်မှာ UNESCO စာရင်းဝင်ခဲ့ပါတယ်။ George Town မှာ ရှေးခေတ်အငွေ့အသက်ပါတဲ့ အဆောက်အအုံတွေဖြစ်တဲ့ ဘုရားကျောင်းတွေ၊ တရုတ်ရိုးရာ အိမ်တွေ၊ ဗလီတွေအပြင် ကိုလိုနီခေတ်က ဗြိတိသျှအစိုးရရုံးတွေပါ ရှိပါတယ်။ ဓာတ်ပုံရိုက် ဝါသနာပါသူတွေအတွက် ဓာတ်ပုံရိုက်ဖို့ အထာကျဆုံးမြို့လို့တောင် ပြောလို့ရပါတယ်။


Ifugao Rice Terraces, Philipines

လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာလောက်က ဖိလစ်ပိုင်နိုင်ငံ Ifugao ဒေသကို ပြောင်းရွေ့လာတဲ့ တရုတ်နိုင်ငံ၊ Yunan ဒေသခံတချို့ဟာ သူတို့ရဲ့ လှေကားထစ်စိုက်ပျိုးရေးနည်းကိုပါ တစ်ပါတည်း ယူဆောင်လာခဲ့ပါတယ်။ တောင်စောင်းတွေမှာ စိုက်ပျိုးရေးလုပ်ဖို့ အသင့်တော်ဆုံးဖြစ်တဲ့ စိုက်ခင်းတွေကို မြင်ရသူတိုင်း စိမ်းစိမ်းစိုစိုနဲ့ မျက်စိပါသာဒ ဖြစ်စေလွန်းပါတယ်။ သဘာဝအလှဆိုတာ စကားတွေနဲ့ ဖော်ပြလို့ မလုံလောက်ဘူးဆိုတာ စာဖတ်သူတို့လည်း အသိဖြစ်မှာပါ။ ဓာတ်ပုံထဲမှာတောင် ဒီလောက်လှနေရင် အပြင်မှာ ဘယ်လိုနေမလဲ စဉ်းစားသာကြည့်ပါတော့။


Krabi Province, Thailand

ကမ္ဘာပေါ်မှာ အိမ်အပြန်လက်ဆောင်အဖြစ် သယ်သွားဖို့အကောင်းဆုံး သဲရှိရာနေရာပဲ ဖြစ်ပါတယ်။ Krabi ကိုသွားရင် တွေ့ရမှာက Phi Phi island ပဲ ဖြစ်ပါတယ်။ Leonardo Dicaprio ရဲ့ The Beach ကားဟာ Phi Phi island မှာ ရိုက်ကူးထားတာပါ။ Phi Phi island လို အရမ်းလှတဲ့ island တွေ Krabi မှာ အများကြီး ရှိပါသေးတယ်။


Luang Prabang, Laos

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်တဲ့ နေရာတွေကိုတော့ အထွေအထူးညွှန်းဆိုနေစရာလိုမယ် မထင်ပါဘူး။ ဘာလို့လည်းဆိုတော့ Luang Prabang က UNESCO စာရင်းဝင် ဖြစ်လို့ပါ။ လာအိုနိုင်ငံရဲ့ မြောက်ပိုင်းမှာတည်ရှိတဲ့ Luang Prabang မြို့ဟာ မဲခေါင်မြစ်နဲ့ နမ်ခမ်းမြစ်တို့ဆုံရာမှာ တည်ရှိပါတယ်။ တောင်တွေဝန်းရံထားတဲ့ အလယ်မှာ တည်ရှိတဲ့ ဒီမြို့လေးမှာ လေ့လာစရာ ဗိသုကာလက်ရာတွေအပြည့်နဲ့ အဆောက်အအုံတွေ ရှိပါတယ်။ ဒါတင်မကဘဲ အရမ်းလှပတဲ့ ရေတံခွန်တွေပါ ရှိသလို ပဲ့တင်ထပ်သံတွေ ကြားရမယ့် ဂူတွေလည်း ရှိပါသေးတယ်။


သိထားရမယ့်အရာတွေက

ဒီလောက်ဆိုရင်တော့ အရှေ့တောင်အာရှရဲ့ ဆွဲဆောင်မှုအရှိဆုံးနေရာတွေတချို့ကို သိပြီးဖြစ်မှာပါ။ ခရီးသွားတော့မယ်ဆို မဖြစ်မနေ သိထားရမှာတွေလည်းရှိတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဒီလိုမျိုး လှလွန်းတဲ့နေရာတွေကို တစ်နေ့နေ့တော့ မရောက်ရောက်အောင် သွားမယ်လို့ ဆုံးဖြတ်ထားရင် ပထမဆုံး လုပ်ရမှာက ပိုက်ဆံစုထားဖို့ပါပဲ။ နောက်တစ်ခု သတိပေးချင်တာကတော့ ခရီးသွားတဲ့အခါ မစားရက် မသောက်ရက် ခြိုးခြုံချွေတာထားတဲ့ ချွေးနဲစာတွေကို လုံလုံခြုံခြုံထားဖို့ပါ။


ကိုယ့်နိုင်ငံမဟုတ်တဲ့ တခြားနိုင်ငံတွေကို အလည်သွားတဲ့အခါ လူလိမ်တွေနဲ့လည်း တွေ့နိုင်တာမို့ လက်ထဲမှာ Cash နည်းနည်းပဲ ထားပြီး Union Pay လိုမျိုး နိုင်ငံတော်တော်များများ သုံးလို့ရတဲ့ Card မျိုးတွေ ဆောင်သွားဖို့ အကြံပြုချင်ပါတယ်။

Photo Credit

Reference: rd.com

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle