ကလေးမယူသေးဘူးလားဆိုတဲ့ မေးခွန်းတွေကို ဘာကြောင့်ရပ်သင့်နေပြီလဲ

ကလေးမယူသေးဘူးလားဆိုတဲ့ မေးခွန်းတွေကို ဘာကြောင့်ရပ်သင့်နေပြီလဲ

မြန်မာနိုင်ငံမှာ ခွဲခြားဆက်ဆံတာတွေ၊ အဆိုးမြင်ဝါဒတွေနဲ့ သူများရဲ့ ကိုယ်ရေးကိုယ်တာကို ထိပါးနှောင့်ယှက်တာတွေ အများကြီး ခေတ်စားပါတယ်။ ဝလွန်းပိန်လွန်းရင်လည်း အပြောခံရ၊ လစာအလုပ်မကောင်းတဲ့သူလည်း အငြိမ်မနေရ၊ သူများရဲ့ အတွေးအမြင်တွေကိုလည်း မကြိုက်ရင် ကျော်မသွားနိုင်နဲ့ ဒီလို ဝဲဂယက်ကြီးထဲမှာ အချိန်တွေကြာလာတာနဲ့အမျှ လူတွေဟာ လူသားချင်းစာနာထောက်ထားမှုမရှိ၊ လူမှုရေးနားမလည်ဘဲ ရှင်သန်နေကြပါတယ်။
ဒီနေ့အတွက်ကတော့ ပြောချင်နေတာက အိမ်ထောင်သည်ဘဝနဲ့ သားသမီးမွေးဖွားခြင်းပါပဲ။
စုံတွဲတစ်တွဲက အိမ်ထောင်ပြုပြီးပြီဆိုတာ မတွေ့လိုက်နဲ့။ အရင်ဆုံး စပြီး အပြောခံရတာက ကလေးတန်းယူမှာလား။ မယူဘူးလား။ နောက်တစ်ဆင့် ကလေးရလာတဲ့အခါကျပြန်တော့လည်း အလုပ်မရှိအလုပ်ရှာ လက်ထပ်တဲ့လနဲ့ ကလေးရတဲ့လကို တွက်ချက်ကြပြီး လက်မထပ်ခင်ကတည်းက ကလေးရနေကြတာလား သိချင်လာကြပြန်ရော။ ဒါကို အယဉ်ကျေးဆုံး Honeymoon Baby လားဆိုပြီး စပ်စုကြတယ်။ ကဲ ဒီလို သူများအပေါ် အရမ်းစိတ်ဝင်စားနေတဲ့စိတ်တွေကို ဘယ်လိုချုပ်တည်းကြမလဲ။
အိမ်ထောင်သည်တွေဟာ ကလေးမွေးဖွားခြင်း၊ မမွေးဖွားခြင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်အကြောင်းပြချက်မျိုးစုံရှိကြပါလိမ့်မယ်။ တချို့က ကလေးမယူဘဲ မိဘနဲ့ မိသားစုတွေကိုသာ ထောက်ပံ့ချင်ကြတယ်။ တချို့က သူတို့ တွက်ချက်ထားတဲ့ Family Planning အတိုင်း အတိအကျလိုက်နာကြလို့ ကလေးမယူကြသေးဘူး။ တချို့ကျပြန်တော့လည်း အမျိုးသမီး ဒါမှမဟုတ် အမျိုးသားရဲ့ ကျန်းမာရေးအခြေအနေကြောင့် ကလေးမရကြတာမျိုးတွေပါပဲ။

ဒီနေရာမှာ အိမ်ထောင်သည်ဖြစ်လာပြီဆိုတာနဲ့ အပြင်မှာတွေ့ရင် ဘယ်လိုနှုတ်ဆက်ခံနေရလဲဆိုတော့
“ဟယ် ကလေးမယူကြသေးဘူးလား။ အသက် ဘယ်လောက်ရှိပြီလား။ အမျိုးသားနဲ့ မိသားစုက ဘာမှမပြောဘူးလား။ ကလေးမရတာလား။ ကျန်းမာရေးမကောင်းလို့လား။” စတဲ့ နှုတ်ခွန်းဆက်စကားတွေပါပဲ။
ဒီစကားတွေဟာ တကယ်တော့ ကာယကံရှင်ကို စိတ်အနှောင့်အယှက် မဖြစ်ဘူးဆိုရင်တောင် နည်းနည်းတော့ ဖြစ်ကြတာချည်းပါပဲ။ အနည်းဆုံးတော့ ဖြေနေရတာ အာရုံနောက်ပါတယ်။
ကျွန်မတို့ဟာ လူမှုရေးနားလည်စွာနဲ့ ဒီလိုမေးခွန်းမျိုးတွေကို ကိုယ် ချစ်ခင်ရင်းနှီးရတဲ့ မိတ်ဆွေတွေအပေါ် လူမှုရေးနားလည်စွာ မမေးမိအောင် ကြိုးစားပါ။ သူတို့ ခံယူချက်၊ သူတို့ ရည်မှန်းချက်နဲ့ သူတို့အတွေးအမြင်တွေအားလုံးဟာ သင့်ကို မထိခိုက်သရွေ့၊ တစ်ပါးသူကို မထိခိုက်သရွေ့ မှန်တယ်လို့ ယုံကြည်ပါ။ ဒါကို မေးခွန်းထုတ်စရာမလိုအပ်ပါဘူနော်။
တကယ်လို့ အဲဒီလိုမဟုတ်ဘဲ သင် မေးလိုက်မှ ကလေးမရနိုင်တဲ့စုံတွဲဟာ အားငယ်ဝမ်းနည်းသွားနိုင်ပါတယ်။ ကလေးမယူဘူးလို့ ဆုံးဖြတ်ထားတဲ့စုံတွဲဟာ သူတို့ရဲ့ ယုံကြည်မှုတွေ ေ၀ဝါးသွားနိုင်ပါတယ်။ နောက်ပြီး ကလေးမယူသေးတဲ့စုံတွဲဟာလည်း ကိုယ့်ကိုယ်ကိုယ် နောက်ကျနေပြီလားလို့ ထင်မှတ်သွားနိုင်ပါတယ်။

သားသမီးတွေဆိုတာ အိမ်တစ်အိမ်ရဲ့ ဆည်းလည်းလေးတွေ၊ နောက်ပြီးတော့ မိသားစုရဲ့ ရတနာလေးတွေလို့ ဘယ်လိုပဲ ပြောကြပါစေ သားသမီးရှိမှ ပြည့်စုံတာတော့ မဟုတ်ပါဘူး။ သားသမီးရှိပြီး စိတ်ဆင်းရဲနေရတဲ့ မိသားစုတွေ အများကြီးလည်း တွေ့ဖူးပါသေးတယ်။
သားသမီးရှိမှ ကိုယ့်ရဲ့ ခင်ပွန်းကို ထိန်းထားနိုင်တာမဟုတ်သလို သားသမီးရှိမှ အမျိုးသမီးကောင်း ဖြစ်တာ မဟုတ်ပါဘူး။ သားသမီးရှိမှ အိုဇာတာကောင်းမှာမဟုတ်သလို သားသမီးမရှိလို့လည်း အိုဇာတာမစုတ်သွားနိုင်ပါဘူးနော်။ မိန်းကလေးတွေဟာလည်း ကလေးထုတ်စက်တွေမဟုတ်သလို ကလေးမရှိတိုင်းလည်း တစ်ခုခုချို့ယွင်းနေတာချည်းပဲ မဟုတ်ပါဘူး။
ကလေးရှိတာ ဂုဏ်ယူစရာပါ။ ကလေးမရှိတာက ဂုဏ်နည်းနေတာတော့ မဟုတ်ပါဘူး။ ဒီတော့ ကျွန်မတို့ဟာ သူများတကာရဲ့ ကိုယ်ရေးကိုယ်တာကို ဝင်ရောက်စွတ်ဖတ်ခြင်း၊ ဝင်ရောက်ဝေဖန်ခြင်း မလုပ်ကြရအောင်လား။
Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ