Streaming ပြုလုပ်မှုများကို ရက်အကန့်အသတ်မရှိ ရပ်နားသွားမယ့် နာမည်ကျော် Streamer Asmongold

နာမည်ကျော် World of Warcraft Streamer ဖြစ်သူ Asmongold ကတော့ Streaming လောကကနေ ရက်အကန့်အသတ် မရှိ အနားယူသွားဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ Asmongold အနေနဲ့ World of Warcraft Classic စတင် ထွက်ရှိခဲ့စဉ် အချိန်က စတင်ပြီး လက်ရှိအချိန်ထိ အောင်မြင်တဲ့ Streamer တစ်ဦး အဖြစ် ရပ်တည်လျက် ရှိပေမယ့်လည်း ရုတ်တရက်ကြီး Streaming ပြုလုပ်မှုများကို ရပ်တန့်သွားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
Going to be taking a break from streaming indefinitely
— Zack (@Asmongold) January 11, 2021
I've gone back and fourth about this for the past few weeks which is why I've missed so many days
A lot of different reasons why, too much to list out in a tweet
“Streaming ပြုလုပ်မှုများကို ရက်အကန့်အသတ်မရှိ ရပ်နားသွားမှာ ဖြစ်ပါတယ်။ ကျွန်တော် အခုလို ခေတ္တအနားယူသွားဖို့ တွေးနေခဲ့တာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ Streaming ပြုလုပ်မှုကနေ ခေတ္တ အနားယူဖို့ အတွက် အကြောင်းပြချက် များစွာလည်း ကျွန်တော့်မှာ ရှိနေပါတယ်။”

Asmongold တစ်ယောက် Streaming ပြုလုပ်မှုကနေ ရက်အကန့်အသတ်မရှိ အနားယူခြင်းနဲ့ ပက်သက်ပြီး ပရိသတ်တွေ အကြားမှာ ထင်မြင်ယူဆချက်များစွာ ထွက်ပေါ်လျက် ရှိနေပြီး အချို့သော ပရိသတ်တွေရဲ့ အပြစ်တင် ဝေဖန်မှုများကြောင့် Asmongold အနေနဲ့ အခုလို ရက်အကန့်အသတ်မရှိ အနားယူသွားခဲ့ရတာ ဖြစ်တယ်လို့ သတင်းတွေလည်း ထွက်ပေါ်လျက် ရှိပါတယ်။

Asmongold အနေနဲ့ ကိုယ်ပိုင် Twitch Channel မှာ WoW ကို အဓိထား Streaming ပြုလုပ်လျက် ရှိပေမယ့် တစ်ခါတရံ အခြားသော ဂိမ်းတွေ ပြောင်းလဲ ကစားတဲ့ အခါမှာ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို အပြင်းအထန် ရင်ဆိုင်ရလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း ထွက်ပေါ်လျက်ရှိတဲ့ ကောလာဟလများနဲ့ ပက်သက်ပြီး Asmongold ကတော့ ကိုယ်ပိုင် တွစ်တာ အကောင့်ကနေ တစ်ဆင့် ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။
Since a lot of ppl are misinterpreting (could be my fault idk) I wanted to clear a couple things up
— Zack (@Asmongold) January 11, 2021
-Not quitting, just taking a break. I'm just not sure how long, probably a month or so
-It's not because of chat/Rust lol, obv chat tilts me sometimes though https://t.co/0TT3LkjoE5
“ပရိသတ်တွေ အကြားမှာ ကျွန်တော် ခေတ္တ အနားယူမယ့် ကိစ္စနဲ့ ပက်သက်ပြီး အမြင် လွဲမှားမှုတွေ ပေါ်ပေါက်လျက် ရှိတယ်လို့ သိရပါတယ်။ ကျွန်တော် Streamer ဘဝကနေ အပြီးပိုင် အနားယူသွားမှာ မဟုတ်ပါဘူး။ ခေတ္တအနားယူသွားမှာသာ ဖြစ်ပါတယ်။ Chat မှာ ကျွန်တော့်ကို အပြစ်တင် ဝေဖန်မှုများကြောင့် အခုလို အနားယူဖို့ ဆုံးဖြတ်ခဲ့တာလည်း မဟုတ်ပါဘူး။”
Asmongold အနေနဲ့ အခုလို ဖြေရှင်းချက် တစ်ခုကို ထုတ်ပြန် ကြေညာခဲ့ပေမယ့် အနားယူဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အဓိက အကြောင်းအရင်းကိုတော့ လက်ရှိအချိန်ထိ တရားဝင် ကြေညာပေးခြင်း မရှိသေးပါဘူး။
REF: VpEsports