ဧပြီ ၄ ရက်နေ့မှာပဲ ဖြစ်ပွားခဲ့တဲ့ စိတ်ဝင်စားဖွယ် Martin Luther King Jr. လုပ်ကြံခံရမှုကြီး

ဧပြီ ၄ ရက်နေ့မှာပဲ ဖြစ်ပွားခဲ့တဲ့ စိတ်ဝင်စားဖွယ် Martin Luther King Jr. လုပ်ကြံခံရမှုကြီး

ဒီနေ့ဟာ ပြည်သူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Martin Luther King Jr. လုပ်ကြံခံခဲ့ရတာ ၅၁ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ Martin Luther King Jr. ကို အမေရိကန်နိုင်ငံ၊ တင်နက်ဆီပြည်နယ်၊ Memphis မြို့မှာ James Earl Ray ဆိုသူက ၁၉၆၈ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ လုပ်ကြံပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

Martin Luther King Jr.

Martin Luther King Jr. ဟာ “I have a dream” လို နာမည်ကျော်မိန့်ခွန်းကို ပြောကြားခဲ့သူ၊ Civil Rights အတွက်ကြိုးစားရာမှာ အကြမ်းမဖက်နည်း၊ ပြည်သူ့ဖီဆန်နည်းတွေကို သုံးပြီး စည်းရုံးလှုံ့ဆော်နိုင်ခဲ့သူဖြစ်သလို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အဖြစ်လည်း ထင်ရှားပါတယ်။ သူလုပ်ကြံသတ်ဖြတ်ခံရတုန်းက အသက် ၃၉ နှစ်ပဲ ရှိသေးတဲ့အတွက် ငယ်ငယ်ရွယ်ရွယ်မှာပဲ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

လုပ်ကြံသတ်ဖြတ်မှုဘယ်လို ဖြစ်ပွားခဲ့သလဲ
Martin Luther King Jr. ကို လုပ်ကြံသတ်ဖြတ်ခဲ့သူက အဲ့ဒီတုန်းက အသက် ၄၀ အရွယ်ရှိတဲ့ လူရွယ်တစ်ယောက်ဖြစ်တဲ့ James Earl Ray ပဲ ဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ King ဟာ လူမည်း သန့်ရှင်းရေးလုပ်သားတွေကို ထောက်ခံအားပေးဖို့အတွက် တင်နက်ဆီပြည်နယ်၊Memphis မြို့ကို ရောက်သွားခဲ့ပါတယ်။ အဲဒီမှာ အလုပ်သမားတွေဟာ လစာပိုမိုရရှိရေးနဲ့ ပိုကောင်းတဲ့ ပြုစုစောင့်ရှောက်မှုရရှိရေးအတွက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

King ဟာ Memphis မှာ ရှိတဲ့ Lorraine Motel က အခန်း ၃၀၆ မှာ တည်းခိုခဲ့ပါတယ်။ အဲဒီလိုတည်းခိုနေတုန်း ဧပြီလ ၄ ရက် ညနေ ၆း၀၁ မိနစ် သူအဲဒီမိုတယ်ရဲ့ ဒုတိယထပ်ဝရန်တာမှာ ထွက်ရပ်နေတဲ့အချိန်မှာ သေနတ်နဲ့ လုပ်ကြံပစ်ခတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ကျည်ဆန်ဟာ သူ့ရဲ့ ညာဘက်ပါးကဝင်သွားပြီး မေးရိုးတွေကို ကြေမွသွားစေကာ ပုခုံးကို ဖောက်ဝင်သွားခဲ့ပါတယ်။ King ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ Abernathy ဟာ သေနတ်ပစ်ခတ်သံကို ကြားကြားချင်း အဲဒီနေရာကို ရောက်သွားတဲ့အချိန်မှာ အရာရာဟာ နောက်ကျသွားခဲ့ပါပြီ။

Wide-view image of the Lorraine Motel and the boarding house (to the left) from which James Earl Ray fired the fatal shot. Police say he fired from the second-floor bathroom window (to the left of the lightpole).

ဆေးရုံကို ပို့ခဲ့ပြီး အရေးပေါ်ခွဲစိတ်မှုတွေ လုပ်ခဲ့ပေမယ့် Martin Luther King Jr. ဟာ ည ၇:၀၅ မိနစ်မှာ St.Joseph’s Hospital မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Martin Luther King Jr. ကို လုပ်ကြံသတ်ဖြတ်ခဲ့သူ James Earl Ray ဆိုတာ
James Earl Ray ရုပ်ရည်က မထင်ရဘူး၊ သန့်သန့်ပြန့်ပြန့်ပေမယ့် တကယ့်ကို လူဆိုးငပေဖြစ်ပါတယ်။ စစ်တပ်ထဲ ဝင်ခဲ့ပေမယ့် စစ်တပ်ထဲမှာ အံမဝင်တာတွေ ၊ အသုံးမကျတာတွေကြောင့် ထုတ်ခံရတဲ့သူလည်း ဖြစ်ပါတယ်။ ထောင်အကြိမ်ကြိမ်ကျဖူးပြီး လုယက်မှုနဲ့ Missouri ပြည်နယ် အကျဉ်းထောင်မှာ အကျဉ်းကျခံနေတုန်း ထွက်ပြေးလာတဲ့ တရားခံပြေးလည်း ဖြစ်ခဲ့ပါတယ်။ Ray ဟာ ထောင်က ထွက်ပြေးလာပြီး အနယ်နယ်အရပ်ရပ်လျှောက်သွားနေခဲ့ပေမယ့် ၁၉၆၇ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံ LA မှာ ပြန်အခြေချခဲ့ပါတယ်။ အဲ့ဒီမှာ အလုပ်လုပ်နေရင်းနဲ့ Ray ဟာ အယ်လ်ဘားမားအုပ်ချုပ်ရေးမှုး George Wallace သမ္မတအရွေးခံဖို့ စည်းရုံးရေး Campaign တွေမှာ ပါဝင်ခဲ့ပါတယ်။ Ray ရဲ့ စိတ်အခံကလည်း လူမည်းတွေအပေါ်ပြင်းပြင်းထန်ထန်မုန်းတီးမှုရှိနေတဲ့အတွက် Wallace ရဲ့ လူမျိုးရေးခွဲခြားမှု၊အသားအရောင်ခွဲခြားမှုဝါဒတွေမှာ မျောနေခဲ့တာလည်း ဖြစ်ပါတယ်။

James Earl Ray

အခင်းဖြစ်ပွားတဲ့ နေ့မတိုင်ခင် မတ်လ ၂၄ ရက်နေ့မှာ Ray ဟာ အတ္တလန်တာမြို့ကိုရောက်လာပြီး အခန်းငှားနေခဲ့ပါတယ်။ လုပ်ကြံသတ်ဖြတ်မှုအတွက် သေသေချာချာပြင်ဆင်ထားခဲ့ပြီး မြေပုံမှာ Church ရှိတဲ့နေရာနဲ့ Martin Luther King Jr. ရဲ့ နေအိမ်ကိုတောင် ဝိုင်းထားခဲ့တာကို လုပ်ကြံမှုဖြစ်အပြီး FBI Agents တွေ ရှာတဲ့အခါ တွေ့ရှိခဲ့ရပါတယ်။ ပြီးတော့မှ ဘာမင်ဂမ်မြို့မှာ ရိုင်ဖယ်နဲ့ Scope တွေ ပြန်သွားဝယ်ခဲ့ပါတယ်။ သေနတ်ဝယ်တဲ့နေရာမှာတော့ သူဟာ သူ့အစ်ကိုနဲ့ တောပစ်ထွက်မလို့ ဒီလို ဝယ်ယူတယ်ဆိုပြီး ပြောထားခဲ့သလို ဝယ်သူနေရာမှာလည်း Harvey Lowmeyer ဆိုတဲ့နာမည်နဲ့ ဝယ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ဧပြီလ ၂ ရက်နေ့မှာတော့ Ray ဟာ အထုပ်အပိုးပြင်ပြီး Memphis မြို့ကို သွားခဲ့ပါတော့တယ်။

ဧပြီလ ၄ ရက်နေ့မှာတော့ အပေါ်မှာ ဖော်ပြခဲ့တဲ့အတိုင်း Lorraine Motel ဒုတိယထပ်မှာ ဝရန်တာမှာ ရပ်နေတဲ့ Martin Luther King Jr. ကို သူ့ရဲ့ Remington Rifle နဲ့ ပစ်ခတ်ခဲ့တော့တာပါပဲ။ မျက်မြင်သက်သေတွေအဆိုအရတော့ Ray ဟာ မိုတယ်နဲ့ မျက်နှာချင်းဆိုင် အခန်းမှာ ငှားရမ်းနေခဲ့ပြီး အဲဒီအခန်းကနေ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ပြီးပြီးချင်းအခါမှာပဲ Ray ထွက်ပြေးသွားတာကို မြင်တဲ့သူတွေလည်း ရှိခဲ့ပါတယ်။

Ray ရဲ့ နောက်ဆက်တွဲ
ပစ်ခတ်ပြီးပြီးချင်းမှာ Ray ဟာ ကားကို ၁၁ နာရီကြာ အပြင်းမောင်းပြီး အတ္တလန်တာကို ပြေးခဲ့ပါတယ်။ သူ့ပစ္စည်းတွေကို သိမ်းဆည်းပြီး ကနေဒါကို ဆက်ပြေးခဲ့တာ ၃ ရက်အကြာမှာ တိုရွန်တိုမြို့ကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ တစ်လကျော်လောက်ပုန်းရှောင်နေခဲ့ပြီး Ramon George Sneyd ဆိုတဲ့ နာမည်နဲ့ ကနေဒါ Passport ကို ရယူခဲ့ပါတယ်။ မေလကုန်လောက်မှာ အင်္ဂလန်ကို ပြန်ခဲ့ပါသေးတယ်။

သူ့ကို ဖမ်းဆီးရမိခဲ့တာကတော့ King လုပ်ကြံမှုဖြစ်အပြီး နှစ်လအကြာ ဖြစ်ကာ UK ကနေ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို သွားဖို့ လန်ဒန် ဟိသရိုးလေဆိပ်က ထွက်ခိုက် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ Check-in လုပ်တဲ့အချိန်မှာ Ticket Agent ဟာ Ray ရဲ့ Passport ပေါ်က နာမည်ဖြစ်တဲ့ Sneyd ကို သတိထားမိပြီး Sneyd ဆိုတဲ့နာမည်ဟာ ကနေဒါရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်စာရင်းမှာ ပါဝင်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။

Ray ကို အမှုစစ်နေကြရင်း သူ့ရဲ့ အသက် ၄၁ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ၁၉၆၉ ခုနှစ် မတ်လ ၁၀ ရက်နေ့ကျမှ သူ့မှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး ထောင်ဒဏ် ၉၉ နှစ်ချမှတ်ခံခဲ့ရပါတယ်။ သူက ဘာလို့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ရသလဲဆိုရင်တော့ သူ့ရဲ့ ရှေ့နေ Percy Foreman က သေဒဏ်ကို ရှောင်လွှဲချင်တဲ့အနေနဲ့ အကြံပေးခဲ့တဲ့အတိုင်း လိုက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက Tennessee ပြည်နယ်ရဲ့ သေဒဏ်ပေးတဲ့ ပုံစံက လျှပ်စစ်နဲ့ ရှော့တိုက်တာ ဖြစ်ပါတယ်။

Ray ရဲ့ ရည်ရွယ်ချက်ကတော့ အယ်လ်ဘားမားပြည်နယ်အုပ်ချုပ်ရေးမှုး George Wallace ဟာ မကြာခင်မှာ သမ္မတအဖြစ် ရွေးကောက်ခံရပြီး သူဟာ ထောင်ကျပြီး ခဏလေးနဲ့ လွတ်မြောက်မယ်လို့ ယုံကြည်ထားတာ ဖြစ်ပါတယ်။

ဇကလည်း မသေးတဲ့ Ray ဟာ ၁၉၇၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှာ Tennessee ပြည်နယ် အကျဉ်းထောင်ကနေ တခြားအကျဉ်းသား ၆ ယောက်နဲ့အတူ ထွက်ပြေးခဲ့ပါသေးတယ်။ ဒါပေမယ့် ၃ ရက်အကြာ ဇွန်လ ၁၃ ရက်နေ့မှာတော့ ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး ဒီလို ထွက်ပြေးမှုအတွက် ပြစ်ဒဏ်ကို နှစ် ၁၀၀ ထိ ထပ်တိုးတာ ခံလိုက်ရပါတော့တယ်။ Ray ဟာ လက်မလျှော့ဘဲ သူ့ရဲ့ အပြစ်ရှိမှုကို ချေဖျက်ဖို့ ကြိုးစားရင်း သူ့အသက် ၇၀  ၁၉၉၈ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှာ အသည်းရောင်အသားဝါ C ပိုး ကြောင့် ဖြစ်တဲ့ ကျောက်ကပ်ရောဂါနဲ့ အသည်းပျက်စီးမှုကြောင့် ကွယ်လွန်ခဲ့ပါတယ်။

James Earl Ray နဲ့ King ရဲ့သား Dexter King

သူဟာ သေဆုံးတာတောင်မှ သူ့ကို အမေရိကန်မြေပေါ် မမြှုပ်ဖို့ ပြောခဲ့သူဖြစ်ပြီး သူ့အပေါ် အစိုးရရဲ့ ဆက်ဆံပုံတွေကို စိတ်နာခဲ့လို့ ဖြစ်ပါတယ်။

Martin Luther King Jr. ကို ဘာလို့ လုပ်ကြံသတ်ဖြတ်ခဲ့ပါသလဲ
အတော်များများကတော့ Ray ရဲ့ လူမျိုးရေးခွဲခြားမုန်းတီးမှုကြောင့်လို့ ထင်ကြပေမယ့် King ရဲ့မိသားစုနဲ့ တခြားသူတွေကတော့ ဒီအမှုရဲ့ နောက်ကွယ်မှာ အမေရိကန်အစိုးရ၊ မာဖီးယားဂိုဏ်းတွေနဲ့ Memphis ရဲအဖွဲ့တောင် ပါဝင်တယ်လို့ ုယုံကြည်ခဲ့ကြပါတယ်။

King ဟာ ၁၉၅၀ ခုနှစ်အလယ်ပိုင်းတွေတည်းက သူ့ရဲ့ Civil Rights လှုပ်ရှားမှုတွေအတွင်း အသက်အန္တရာယ်ခြိမ်းခြောက်စာတွေ အများကြီး ရရှိခဲ့ဖူးပါတယ်။ ၁၉၆၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန်သမ္မတ ကနေဒီရဲ့ လုပ်ကြံသတ်ဖြတ်မှုသတင်းကို ကြားတုန်းကလည်း  သူ့ဇနီးဖြစ်တဲ့ Coretta Scott King ကို “ဒီလို ဖြစ်ရပ်ကို ငါလည်း ကြုံနိုင်တယ်။ ငါမင်းကို အမြဲပြောနေသားပဲ၊ ဒီလူ့အဖွဲ့အစည်းဟာ ရုးသွပ်စိတ်ပျက်ဖွယ် လူ့အဖွဲ့အစည်းဖြစ်နေပြီ” လို့ ဆိုပြီး နိမိတ်ဖတ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ဒါကတော့ Martin Luther King Jr. ရဲ့ လုပ်ကြံခံရမှုမှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အခင်းအကျင်း၊ အဖြစ်အပျက်တွေ ဖြစ်ပြီး Martin Luther King Jr. ကွယ်လွန်တာ ၅၁ နှစ်ပြည့်အချိန်မှာ အခရာပရိသတ်ကြီးအတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်။ နောက်ထပ်ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေကို ဆက်လက်ဖော်ပြပေးမှာ ဖြစ်လို့ Akhayar-Lifestyle Page ကို See First လုပ်ထားပေးဖို့ မျှော်လင့်ပါတယ်။

Yoe Lu (Akhayar)

Source: Wikipedia

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle