သတ္တမမြောက် ကစားသမားကို ခေါ်ယူခဲ့တဲ့ နာမည်ကျော် CSGO အသင်း Astralis

သတ္တမမြောက် ကစားသမားကို ခေါ်ယူခဲ့တဲ့ နာမည်ကျော် CSGO အသင်း Astralis

HLTV ရဲ့ ကမ္ဘာ့ အဆင့် သတ်မှတ်ချက် နံပါတ် (၁) နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့တဲ့ CSGO အသင်း Astralis ကတော့ အသင်း အတွက် (၇) ယောက်မြောက် ကစားသမားကို ထပ်မံ ခေါ်ယူခဲ့ပြန်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ အသင်းအတွက် ဆဌမမြောက် ကစားသမား အဖြစ် Heroic အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်သူ Patrick “es3tag” Hansen ကို ခေါ်ယူခဲ့ပေမယ့် ကစားသမား (၆) ယောက်ဆိုတဲ့ အင်အားက အသင်း အတွက် လုံလောက်ခြင်း မရှိသေးဘူးလို့ Astralis ကတော့ ခံယူထားတဲ့ ပုံပါပဲ။

es3tag

ဒါကြောင့်လည်း အသင်း အတွက် (၇) ယောက်မြောက် ကစားသမား အဖြစ် North အသင်းရဲ့ ကစားသမားဖြစ်သူ Jakob Rask “JUGI” Hansen ကို ထပ်မံ ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။ Astralis အသင်းရဲ့ သတ္တမမြောက် ကစားသမား အဖြစ် ခေါ်ယူခြင်း ခံရတာနဲ့ ပတ်သတ်ပြီး JUGI ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“အမှန်အတိုင်း ပြောရရင် ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ ဒါပေမယ့်လည်း Astralis ရုံးချုပ် အတွင်းကို ခြေချမိလိုက်တာနဲ့ ကျွန်တော့် ရွေးချယ်မှု မှန်ကန်တယ် ဆိုတာကို တစ်ခါတည်း သိခွင့် ရရှိခဲ့ပါတယ်။ အသင်းရဲ့ ကစားသမား အားလုံးကလည်း ကျွန်တော်နဲ့ ရင်းနှီးပြီးသား ကစားသမားတွေဖြစ်တယ်။ သူတို့ရဲ့ ကစားဟန်တွေကိုလည်း ကျွန်တော် အရင်ကတည်းက လေ့လာခွင့် ရရှိခဲ့တယ်။

သူတို့တွေ ကျွန်တော့်ဆီကနေ ဘာတွေ မျှော်လင့်ထားတယ် ဆိုတာကိုလည်း ကျွန်တော် သိထားပါတယ်။ Astralis အသင်း ဂျာစီကို ဝတ်ခွင့် ရရှိတော့မယ် အချိန်တွေ အတွက် တကယ်ကို ဝမ်းမြောက်မိပါတယ်။ ဖိအားတွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာကို ကြိုတင် သိရှိထားပေမယ့်လည်း အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပါတယ်။”

Jugi

(၆) ယောက်မြောက် ကစားသမား အဖြစ် ခေါ်ယူထားတဲ့ es3tag အနေနဲ့ လက်ရှိအချိန်မှာ Heroic အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခြင်း မရှိသေးတာကြောင့် ဇူလိုင်လ (၁) ရက်နေ့မှာသာ အသင်းနဲ့ စတင် ပူးပေါင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မကြာခင် အချိန်အတွင်းမှာ ကျင်းပသွားမယ့် DreamHack Masters Spring Event မှာ Jugi တစ်ယောက် နည်းပြကြီး Zonic ရဲ့ ယုံကြည်မှုတွေကို ရယူပြီး ပုံမှန် ကစားသမား အဖြစ် ပွဲထွက်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Astralis (Main Roster)

Astralis CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Nicolai “Device” Reedtz
  • Peter “Dupreeh” Rasmussen
  • Andreas “Xyp9x” Hojsleth
  • Lukas “Gla1ve” Rossander
  • Emil “Magisk” Reif
  • Jakob “JUGI” Hansen
  • Patric “es3tag” Hansen (July 1)
  • Danny “Zonic” Sorensen (Coach)

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle