ESL One: Road to Rio Europe ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ နာမည်ကျော် CSGO အသင်း Astralis

ESL One: Road to Rio Europe ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ နာမည်ကျော် CSGO အသင်း Astralis

ESL One: Road to Rio Europe ပြိုင်ပွဲကို ဧပြီလ ၂၂ ရက်ကနေ မေလ ၁၇ ရက်နေ့ အထိ အွန်လိုင်းကနေ ကျင်းပသွားခဲ့ပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၁ သိန်း ၁ သောင်း ၅ ထောင် ပေးအပ် ချီးမြှင့်ခဲ့သလို ဥရောပ အခြေစိုက် ပရိုဖက်ရှင်နယ် CSGO အသင်းပေါင်း ၁၆ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ESL One: Road to Rio Europe ပြိုင်ပွဲကြီး ပြီးဆုံးသွားပြီ ဖြစ်တာနဲ့ အညီ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ အသင်းလည်း ပေါ်ထွက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ ESL One: Road to Rio Europe ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ အသင်းကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား CSGO အသင်းဖြစ်တဲ့ Astralis ပဲ ဖြစ်ပါတယ်။

Astralis အနေနဲ့ ESL One: Road to Rio Europe ပြိုင်ပွဲရဲ့ အုပ်စု အဆင့်မှာ ၆ ပွဲနိုင်၊ ၁ ပွဲရှုံး ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တာကြောင့် အုပ်စု ပထမနေရာဖြင့် Upper Bracket အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ Upper Bracket Round 1 ပွဲစဉ်မှာ KennyS, AmaNEk တို့ ပါဝင်တဲ့ G2 Esports ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့သလို Upper Bracket Finals အဆင့်မှာလည်း ၉ ပွဲဆက် အနိုင်ရလဒ်ကို ဖော်ဆောင်ထားနိုင်တဲ့ Faze Clan ကို နှစ်ပွဲပြတ်ဖြင့် ထပ်မံ အနိုင်ယူကာ Grand Finals အဆင့်ကို သက်တောင့်သက်သာပဲ တက်လှမ်းနိုင်ခဲ့ပါတယ်။

Grand Finals အဆင့်မှာတော့ Lower Bracket ကနေ ပြန်လည် တက်လှမ်း လာခဲ့တဲ့ G2 Esports နဲ့ ပြန်လည် ယှဉ်ပြိုင်ခဲ့ရပါတယ်။ ESL One: Road to Rio Europe ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကို Best of 5 Format ဖြင့် ယှဉ်ပြိုင်ခဲ့ရပြီး Astralis အနေနဲ့ G2 Esports ကို ၃ ပွဲပြတ်ဖြင့် ထပ်မံ အနိုင်ယူနိုင်ခဲ့တာကြောင့် ချန်ပီယံဆုနဲ့ အတူ ဆုကြေးငွေ ဒေါ်လာ ၃ သောင်း ၃ ထောင်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Astralis အနေနဲ့ ပြီးခဲ့တဲ့ ၁၂ လပိုင်းမှာ ယှဉ်ပြိုင်ခဲ့ရတဲ့ BLAST Pro Series Global Final 2019 ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီးကတည်းက ချန်ပီယံဆုတွေနဲ့ ဝေးကွာခဲ့ရပေမယ့်လည်း ယခုအခါမှာ ESL One: Road to Rio Europe ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခြင်းနဲ့အတူ ၅ လနီးပါး ဖလား လက်မဲ့ အဖြစ် ရပ်တည်ခဲ့ရခြင်းကိုလည်း ရပ်တန့်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle