Es3tag ကို ခြောက်ယောက်မြောက် ကစားသမားအဖြစ် ခေါ်ယူခဲ့တဲ့ နာမည်ကျော် CSGO အသင်း Astralis

ပြီးခဲ့တဲ့ ရက်ပိုင်းက နာမည်ကျော် CSGO အသင်း Astralis အနေနဲ့ Partick “es3tag” Hansen ကို ခြောက်ယောက်မြောက် ကစားသမားအဖြစ် ခေါ်ယူသွားဖွယ် ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။

es3tag ဆိုတာကတော့ FunPlus Phoenix အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်သလို လက်ရှိအချိန်မှာ FunPlus Phoenix CSGO အသင်း အနေနဲ့ FLASHPOINT SEASON 1 ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်လျက် ရှိတာကြောင့် အပြောင်းအရွေ့ မဖြစ်နိုင်လောက်ဘူးလို့ လူအများက ထင်မှတ်ထားကြပေမယ့် Astralis ကတော့ ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Astralis CSGO အသင်း အနေနဲ့ ကမ္ဘာ့အဆင့် (၁) နေရာမှာ အချိန်ကြာမြင့်စွာ ရပ်တည်နိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်း ပြိုင်ပွဲတွေမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရသလို ကမ္ဘာ့အဆင့် (၁) နေရာကို Natus Vincere CSGO အသင်းကို လွှဲပြောင်းပေးခဲ့ရတာကြောင့် es3tag ကို ဆဌမမြောက် ကစားသမားအဖြစ် ထပ်မံ ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။

အခုလို Astralis လက်အောက်မှာ ပရိုဖက်ရှင်နယ် ကစားသမား (၆) ဦး ရှိသွားခဲ့ပြီ ဖြစ်တာကြောင့် နောက်ပိုင်း ယှဥ်ပြိုင်သွားမယ့် ပွဲစဥ်မှာ နည်းပြဖြစ်သူ Danny “Zonic” Sorensen ရွေးချယ်ပေးတဲ့ ကစားသမား ငါးဦး အနေနဲ့ အဆိုပါ ပွဲစဥ်မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို ရရှိမှာ ဖြစ်ပါတယ်။
Es3tag ကို ခေါ်ယူခဲ့ခြင်းနဲ့ ပတ်သတ်ပြီး Astralis CSGO အသင်းဘက်ကတော့ အောက်ပါအတိုင်း ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။
In order to improve working conditions for our players, it has been decided to increase the Astralis roster to six players. On this basis, Patrick @es3tag Hansen will be joining the roster.
— Astralis (@astralisgg) March 22, 2020
Welcome, Patrick!
Read more: https://t.co/8Zof2zu0Rz#ToTheStars #LetsGoAstralis pic.twitter.com/lNyWWap6eN
“ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပိုင်းမှာ တိုးတက်မှုတွေ ရှိလာစေဖို့ အတွက်၊ အကြောင်းအမျိုးမျိုးကြောင့် ကစားသမား တစ်ဦးဦး ဝင်ရောက် ယှဥ်ပြိုင်နိုင်ခြင်း မရှိတဲ့ အခါမှာ အစားထိုး ကစားသမား လိုက်လံရှာဖွေရတဲ့ ပြဿနာကို ဖြေရှင်းနိုင်စေဖို့ အတွက် အခုလို Astralis CSGO အသင်း အတွက် ခြောက်ယောက်မြောက် ကစားသမားကို ထပ်မံ ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။”
ဒါပေမယ့်လည်း လက်ရှိအချိန်မှာ es3tag အနေနဲ့ FunPlus Phoenix CSGO အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဇူလိုင်လမှာသာ Astralis CSGO အသင်းနဲ့ ပူးပေါင်းနိုင်မှာ ဖြစ်ပါတယ်။

Astralis CSGO အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Lukas “gla1ve” Rossander
- Nicolai “device” Reedtz
- Peter “dupreeh” Rasmussen
- Andreas “Xyp9x” Hojsleth
- Emil “Magisk” Reif
- Patrick “es3tag” Hansen
REF: VpEsports