Nigma ကိုယ်စားပြု ပထမဆုံး Streamer ဖြစ်လာခဲ့တဲ့ နာမည်ကျော် Kunkka ကစားသမား Attacker

Nigma ကိုယ်စားပြု ပထမဆုံး Streamer ဖြစ်လာခဲ့တဲ့ နာမည်ကျော် Kunkka ကစားသမား Attacker

Attacker လို့ ပြောလိုက်တာနဲ့ သူ့ရဲ့ ကျော်ကြားလှတဲ့ Kunkka ကစားဟန်နဲ့ အတူ Dota2 ပရိသတ် အများစု တွဲဖက် မှတ်မိနေလိမ့်မယ် ထင်ပါတယ်။ Attacker အနေနဲ့ ပရို Dota2 လောက အထဲကို ဝင်ရောက် လာခဲ့ခြင်း မရှိပေမယ့် အောင်မြင်တဲ့ Pub Star တစ်ဦး အဖြစ်၊ နာမည်ကျော် Streamer တစ်ဦး အဖြစ် ရပ်တည်နေခဲ့တာ အချိန် အတော် ကြာခဲ့ပြီ ဖြစ်ပါတယ်။

ယခုအခါမှာတော့ Attacker တစ်ယောက် နာမည်ကျော် Dota2 အဖွဲ့အစည်း Nigma ကိုယ်စားပြု ပထမဆုံး Streamer အဖြစ် ခေါ်ယူခြင်းကို ခံယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Attacker ကို အသင်းကိုယ်စားပြု Streamer အဖြစ် ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ကြောင်းကို Nigma ဘက်ကတော့ ကိုယ်ပိုင် တွစ်တာ အကောင့်ကနေ တစ်ဆင့် အခုလိုပဲ ကြေညာသွားခဲ့ပါတယ်။

“ကျွန်တော်တို့ Nigma မိသားစုကတော့ တဖြည်းဖြည်းနဲ့ ပိုမို ကြီးမားလာခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား Attacker ဟာဆိုရင် ကျွန်တော်တို့ Nigma Dota2 အဖွဲ့အစည်း ကိုယ်စားပြု ပထမဆုံး Streamer ဖြစ်လာခဲ့ပြီ ဖြစ်သလို မိသားစုဝင် အသစ် တစ်ဦး အဖြစ်လည်း ခံယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။”

Attacker အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အထိ Complexity Gaming အဖွဲ့အစည်း ကိုယ်စားပြု Streamer အဖြစ် လုပ်ကိုင်ခဲ့ပေမယ့် မိခင် UAE နိုင်ငံရဲ့ စစ်မှုထမ်း ဥပဒေအရ ၂ နှစ်ခန့် Dota2 လောကကနေ ခေတ္တ ကွယ်ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စစ်မှုထမ်း တာဝန် ထမ်းဆောင်လို့ ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် Attacker တစ်ယောက် သူချစ်မြတ်နိုးတဲ့ Hero Kunkka နဲ့အတူ Dota2 စစ်မြေပြင်မှာ ပြန်လည် တာဝန် ထမ်းဆောင်နေပြီ ဖြစ်သလို ဝါသနာပါတဲ့ Streaming ပြုလုပ်မှုကိုလည်း ပုံမှန် လုပ်ဆောင်လျက် ရှိပါတယ်။ Attacker ရဲ့ Twitch Channel ဟာ Follower ၁ သိန်းကျော်ဖြင့် ရပ်တည်လျက် ရှိသလို ပျမ်းမျှကြည့်ရှုသူ တစ်ထောင်ခန့် ရှိတာကြောင့် Nigma နဲ့ ပူးပေါင်းလိုက်ခြင်းက နှစ်ဖက်လုံး အတွက် အကျိုးရှိစေမှာ အသေအချာပဲ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ