၂၀၁၉ ခုနစ် အမျိုးသားဖက်ရှင်ရေစီးကြောင်းမှာ ခေတ်စားလာမယ့် အရောင်များ

၂၀၁၉ ခုနစ် အမျိုးသားဖက်ရှင်ရေစီးကြောင်းမှာ ခေတ်စားလာမယ့် အရောင်များ

ဖက်ရှင်ဆိုတဲ့စကားလုံးက အမျိုးသမီးထုတွေအတွက်ဆိုရင်တော့ စိမ်းတဲ့စကားလုံး မဟုတ်ပါဘူး။ အရင်ခေတ်တုန်းကတော့ အမျိုးသားတွေဟာ ဖက်ရှင်ကို သိပ်ဂရုမစိုက်ကြပေမယ့် အခုခေတ်မှာတော့ အမျိုးသားတွေကလည်း ဖက်ရှင်နောက်ကို အမျိုးသမီးတွေလိုပဲ လိုက်လာကြပါပြီ။ အမျိုးသားတွေဟာ သူတို့ရဲ့အသွင်အပြင်ကို ပိုပြီး သတိထားမိစေဖို့အတွက်နဲ့ ခေတ်ကိုရင်ဘောင်တန်းနိုင်စေဖို့အတွက် နောက်ဆုံးပေါ်စတိုင်လ်တွေကို ဝတ်စားဆင်ယင်ကာ သူတို့ကိုယ်သူတို့ စတိုင်လ်ကျအောင် ပြောင်းလဲနေထိုင်လာကြပါတယ်။ အဲဒီလို စတိုင်လ်ကျအောင် ပြောင်းလဲနေထိုင်လာကြတဲ့အခါ Work-culture ပေါ်မူတည်ပြီး Colour တွေ ၊ Pattern တွေကိုလည်း မှန်မှန်ကန်ကန် ရွေးချယ်ဝတ်ဆင်တတ်ဖို့ လိုအပ်ပါသေးတယ်။ ဒါ့ကြောင့်မို့ အမျိုးသားထုအတွက် ဒီ 2019 မှာ ခေတ်စားမယ့် အရောင်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ ခေတ်စားမယ့်အရောင်လေးတွေကို သိထားတော့ စမတ်ကျအောင် ဘယ်လောက်ဝတ်ရမလဲဆိုတာ ခေါင်းသိပ်မစားတော့ဘူးပေါ့။ ကဲ…..ဘယ်အရောင်လေးတွေပါလဲဆိုတာ ကြည့်လိုက်ကြရအောင်။

နီယွန်စိမ်းရောင်
ဒီနေ့ခေတ် အမျိုးသားတွေက အရင်ခေတ်ကလိုမျိုး အရောင်ဆန်းဆန်းတွေကို မဝတ်ရဲတာမျိုး သိပ်မရှိကြတော့ပါဘူး။ လင်းလက်တဲ့အရောင်တွေကိုမှ ဝတ်ရတာ ကြိုက်တဲ့သူတွေတောင် ရှိလာပါပြီ။ အရောင်တောက်တောက်တွေနဲ့ လင်းလက်တာကို ကြိုက်တဲ့သူကတော့ ဒီနှစ်မှာ နီယွန်စိမ်းရောင်ကို ရွေးချယ်ပြီး ဝတ်သင့်ပါတယ်။ စိတ်ဝင်စားဖွယ်တွေ့ရှိရတာကတော့ အမျိုးသားတွေဟာ Workout လုပ်တဲ့အချိန်မျိုးကလွဲလို့ နီယွန်စိမ်းရောင်တွေကို ခုံခုံမင်မင် ဝတ်ဆင်လာကြတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် အခုလတ်တလော ကမ္ဘာတစ်ဝှမ်းလုံးရဲ့ ဖက်ရှင်ရှိုးပွဲတွေမှာလည်း အစိမ်းရောင်ကို စတိုင်လ်အမျိုးမျိုူးနဲ့ ဝတ်ဆင်ကာ လျှောက်ပြနေပြီဖြစ်တဲ့အတွက် အမျိုးသားတွေလည်း ခေတ်နောက်ကျမကျန်ခဲ့ရအောင် အစိမ်းရောင်အကျီၤတစ်ထည်လောက် ဝယ်ပြီး ဗီဒိုထဲမှာ ထည့်ထားကာ ဝတ်ဆင်လိုက်ကြပါတော့နော်။

စစ်စိမ်းရောင်
မနှစ်က နှစ်ကုန်ခါနီးလောက်ထဲက စပြီး ခေတ်စားလာခဲ့တဲ့ ဒီစစ်စိမ်းရောင်ဟာ ဒီနှစ်မှာလည်း ဆက်ပြီး ခေတ်စားဖို့ အလားအလာများနေပါတယ်။ စစ်တပ်တွေမှာ ဝတ်တဲ့ စစ်ဘောင်းဘီလိုမျိုးနဲ့ စစ်အကွက်တွေလိုမျိုး အဆင်တွေကိုသာ ဝတ်လိုက်ရင် ဒီနွေရာသီမှာ စတိုင်လ်ကျ ကြော့မော့နေစေမှာပါ။

လိမ္မော်ရောင်
သူများတွေနဲ့မတူတဲ့ဖက်ရှင်တွေကိုမှ ဖန်တီးပြီး ဝတ်စားချင်တဲ့သူတွေအနေနဲ့ ဒီနှစ်မှာ ခေတ်စားဖို့အလားအလာများနေတဲ့ လိမ္မော်ရောင်ကို ဝတ်စားကြည့်ဖို့ တိုက်တွန်းချျင်ပါတယ်။ လိမ္မော်ရောင်ဟာ အမျိုူးသားတွေရဲ့ ဖက်ရှင်တွေထဲမှာ တဖြည်းဖြည်းနဲ့ နေရာယူလာတဲ့ အရောင်လည်းဖြစ်ပါတယ်။ စွပ်ကျယ်လေးတစ်ထည်ကောက်ဝတ်ပြီး အပေါ်ကနေ Coat တစ်ထည် ထပ်ပြီး ဝတ်တာပဲဖြစ်ဖြစ် ၊ လိမ္မော်ရောင် လည်ထောင်ရှပ်အကျီၤတစ်ထည်ကိုပဲ ဂျင်းဘောင်းဘီနဲ့ တွဲဝတ်ကြည့်တာပဲဖြစ်ဖြစ် လုပ်ပြီး သူမတူတဲ့ ဖက်ရှင်ကို လွယ်လွယ်ကူကူ ဖန်တီးလို့ရပါတယ်။ လိမ္မော်ရောင်ကို ပလိန်းကြီးပဲဝတ်ရတာ တစ်မျိုူးကြီးဖြစ်တယ်လို့ ခံစားရရင် လိမ္မော်ရောင်ခြေအိတ်လေးတွေ ဝတ်တာမျိုး၊ လိမ္မော်ရောင် အကျီၤအိတ်ကပ်ပါတာမျိုူးလေးတွေ ရွေးချယ်ပြီး ဝတ်တာမျိုး၊ လိမ္မော်ရောင်ဦးထုပ်လေးတွေ ဆောင်းတာမျိုးလုပ်ပြီးတော့လည်း ကိုရိုးကားယား ကြောင်တောင်တောင် မဖြစ်အောင် ဝတ်လုပ်လို့ရပါတယ်။

အခုဖော်ပြပေးထားတဲ့ အရောင်လေးတွေက ဒီနှစ်မှာ အမျိုးသားတွေအတွက် ခေတ်စားလာမယ့်အရောင်လေးတွေကို ဖော်ပြပေးထားတာဖြစ်လို့ ကိုယ်မှာ ဒီအရောင်လေးတွေ မရှိသေးရင် ခေတ်နောက်ကျမကျန်ရစ်ခဲ့ရအောင် အခုထဲကစပြီး စုဆောင်းထားလိုက်ကြတော့နော်။

H.H(Akhayar)