CSGOလောကထဲကို ပြန်လည် ဝင်ရောက်လာခဲ့ပြီဖြစ်တဲ့ AVANGAR CSGO

CSGOလောကထဲကို ပြန်လည် ဝင်ရောက်လာခဲ့ပြီဖြစ်တဲ့ AVANGAR CSGO

CIS အခြေစိုက် Esports အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ AVANGAR အနေနဲ့ အဖွဲ့အစည်း လက်အောက်ခံ CSGO ကစားသမားတွေကို ၂၀၁၉ ခုနှစ် ၁၂ လပိုင်းမှာ နာမည်ကျော် Esports အဖွဲ့အစည်း Virtus Pro ကို ရောင်းချပြီး CSGO လောကကနေ ကွယ်ပျောက်လို့ သွားခဲ့ပါတယ်။ ယခုအခါမှာတော့ ကာဇက်စတန်နိုင်ငံ အခြေစိုက် လူငယ်ကစားများနဲ့အတူ AVANGAR CSGO အသင်းကို ပြန်လည် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

အသစ်ဖွဲ့လိုက်တဲ့ AVANGAR CSGO အသင်းမှာ OG GANG SQUAD အသင်းရဲ့ ကစားသမားဟောင်း လေးဦး ပါဝင်လို့ လာခဲ့ပါတယ်။ ဒါ့အပြင် AVANGAR CSGO အသင်းကို နာမည်ကျော် CSGO ကစားသမားဟောင်းလည်းဖြစ်၊ HR, Mousesports, Virtus Pro စတဲ့ CSGO အသင်းတွေမှာ နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ IMBT က ဦးဆောင် နည်းပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

AVANGAR CSGO အသင်းကို ဖွဲ့စည်းလိုက်နိုင်ပြီ ဖြစ်ကြောင်းကို CEO ဖြစ်သူ Yongun Kim အနေနဲ့ အခုလိုပဲ ကြေငြာသွားခဲ့ပါတယ်။

“အခုလို CSGO အသင်းသစ်ကို ပြန်လည် ဖွဲ့စည်းလိုက်နိုင်ခြင်းက အဖွဲ့အစည်းအတွက်ရော ကစားသမားတွေ အတွက်ပါ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်တို့ အနေနဲ့ အခု ခေါ်ယူလိုက်တဲ့ ကစားသမားတွေကို လပေါင်းများစွာ စောင့်ကြည့်ခဲ့ပြီး အသင်းနဲ့ ကိုက်ညီမယ်လို့ ထင်မြင်မိတာကြောင့် အခုလို ခေါ်ယူလိုက်ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် AVANGAR CSGO အသင်းရဲ့ လူငယ် ကစားသမားတွေကို ဦးစီးဖို့ အတွက် IMBT ကို ခေါ်ယူနိုင်ခဲ့တဲ့ အတွက်လည်း အထူးပဲ ဝမ်းမြောက်မိပါတယ်။ IMBT ရဲ့ အောင်မြင်မှုတွေ၊ အတွေ့အကြုံတွေက ကျွန်တော်တို့ CSGO အသင်း တိုးတက် ဖွံ့ဖြိုးစေဖို့ အတွက် များစွာသော အထောက်အကူကို ရရှိစေမယ်လို့ ယုံကြည်မိပါတယ်။”

AVANGAR CSGO အသင်း အနေနဲ့ မကြာသေးခင် အချိန်မှာ ကျင်းပသွားမယ့် ESL One Rio 2020 CIS ဒေသတွင်း လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်တာကြောင့် အောင်မြင်မှုတွေကို စွတ်ခူးသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

AVANGAR CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Temirlan “TNDKingg” Nurmagamet
  • Makhambet “Howl” Nurlybyekuly
  • Alan “hidenway” Dyusembayev
  • Aydos “kadeO” Khayrzhan
  • Diyar “spellfull” Issakhanov
  • Sergey “Imbt” Bezhanov (Coach)

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle