ချစ်လက်တွေခိုင်မြဲချင်တယ်ဆိုရင် ရှောင်ကြဉ်သင့်တဲ့ အမူအကျင့် (၅) မျိုး

ချစ်လက်တွေခိုင်မြဲချင်တယ်ဆိုရင် ရှောင်ကြဉ်သင့်တဲ့ အမူအကျင့် (၅) မျိုး

တစ်ခါတလေမှာ ကိုယ်ကိုယ်တိုင် သတိမထားမိဘဲ လုပ်လိုက်မိတဲ့ အမူအကျင့်တွေ ရှိပါတယ်။ ဒီအမူအကျင့်တွေထဲက တချို့က အကျင့်ပါနေတဲ့အထိ ဖြစ်နေတာမျိုးပါ။ ချစ်သူကြားမှာ ကတောက်ကဆ ခဏခဏဖြစ်တတ်တဲ့ အကြောင်းရင်းက ဒီအမူအကျင့်တွေကြောင့်ဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။ ဘယ်လိုအချက်တွေဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်

(၁) ဆရာလုပ်/ ဆရာစားတာ
“ချစ်ပြောချင်တာက ဒီလိုလေ” ဆိုပြီး အစချီရာက အမှားတွေကို ထောက်ပြ၊ ပြီးတော့ ဒီလို ဒီလိုလုပ်ဆိုပြီး ဆရာလုပ်တဲ့အဆင့်ပါ ရောက်သွားလေရော။ ဘေးကပြောမနာဆိုမနာ သူငယ်ချင်းတွေက ဆရာစားတာ လျှော့ဖို့ပြောလည်း သတိမထားမိဘဲ လုပ်မိသွားတတ်တယ်ဆိုတာကိုတော့ ဝန်ခံလိုက်ပါ။

(၂) ဖုန်းပွတ်တာ
RS တစ်ခုမှာ အရေးကြီးဆုံးက စကားတွေ ပြောနေဖို့ပါပဲ။ Messenger မှာ စကားပြောပြီး အချိန်ဖြုန်းတာကိုတော့ Long Distance Relationship တွေအတွက် ထားလိုက်ပါ။ အပြင်မှာတွေ့နိုင်တယ်ဆိုရင် အပြင်မှာတွေ့ပြီး စကားပြောပါ။ အဲ့လိုအချိန်တွေမှာ ဖုန်းမပွတ်တာ အကောင်းဆုံးပါပဲ။ အပြင်မှာ တွေ့တိုင်း ဂိမ်းအတူတူ ကစားတတ်တယ်ဆိုရင်တော့ တစ်မျိုးပေ့ါ။ မဟုတ်ရင် သူလည်း fb သုံး၊ ကိုယ်လည်း fb သုံး၊ ပုံတင်တာတွေနဲ့ အလုပ်ရှုပ်နေမယ်ဆိုရင် နွေးနွေးထွေးထွေးမရှိတော့ဘဲ အေးတိအေးစက်ဖြစ်နေတော့မှာပေါ့။

(၃) အရစ်တစ်လိုင်း
ပြင်ဖို့ခက်ခဲတဲ့အထဲ ပါပါတယ်။ ဒီအချက်ကို RS တွေပဲ အသိဆုံး ဖြစ်မှာပါလေ ဟုတ်တယ်ဟုတ်။ ဒါပေမယ့်လည်း ချစ်တော့လည်း သည်းခံရတာပေါ့။ တစ်ခါတစ်ခါ ချစ်သူကောင်မလေးရဲ့ ရစ်တတ်လွန်းတဲ့ Skill ကြမ်းတွေကြောင့် လက်ဖျားခါရလောက်တဲ့အထိ ဖြစ်ဖူးတယ်ဆိုရင်တော့ သင်ဟာ ကမ္ဘာပေါ်မှာအရစ်နိုင်ဆုံး သူကို ချစ်သူတော်ထားရတယ်ဆိုပြီး ဂုဏ်ယူဖို့ သင့်ပါတယ်နော်။ ဖြစ်နိုင်တယ်ဆိုရင် ရစ်တော့ရစ် အများကြီး မရစ်မိစေနဲ့ပေါ့။

(၄) ကလေးဆန်တာ
အိမ်မှာ အငယ်ဆုံးတွေနဲ့ တစ်ဦးတည်းသောအဖြစ် ကြီးပြင်းလာတဲ့သူတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ အကုန်လုံးတော့ မဆိုလိုပါဘူးနော်။ မွေးကတည်းက မိသားစုကရော၊ ဘေးပတ်ဝန်းကျင်ကပါ ကလေးဆန်အောင် လေ့ကျင့်ပေးလိုက်သလိုဖြစ်တာကြောင့် ဒီအကျင့်ကို  ပြင်ဖို့မလွယ်ဘူးဆိုပေမယ့် ပြင်လို့မရတာတော့ မဟုတ်ပါဘူးနော်။

(၅) စစ်ကြောရေးဝင်တာ
ဒီအချက်ကတော့ အခုပြောထားတဲ့အချက်တွေထဲမှာ အဆိုးရွားဆုံးဖြစ်မယ်ထင်ပါတယ်။ ကိုယ့်ချစ်သူကို ချစ်တဲ့စိတ်နဲ့ အများစုလုပ်မိတတ်တဲ့ အမှားတစ်ခုပါ။ Message စစ်တယ်၊ ဘယ်သူဘယ်ဝါကို Love React ပေးထားတယ် ဘယ်သူကတော့ Love ပေးတယ်ဆိုတာတွေကို လိုက်ကြည့်မယ်ဆိုရင် ကိုယ့်ချစ်သူဟာ လွတ်လပ်ခွင့်မရှိတဲ့ လှောင်အိမ်ထဲက ငှက်လေး ဖြစ်နေမှာပေါ့။

ဒီအချက်တွေက ဖြစ်လေ့ရှိတဲ့အကြောင်းအရာတွေအများကြီးထဲက တချို့တလေပဲ ရှိပါသေးတယ်။ ဒီလိုတွေမဖြစ်ချင်ရင်တော့ Relationship တစ်ခုကို အစပျိုးချိန်ကတည်းက အချင်းချင်းပွင့်ပွင့်လင်းလင်းရှိဖို့ အကျင့်လုပ်ထားရင် အကောင်းဆုံးပါပဲလို့ အကြံပေးချင်ပါတယ်။

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle