Dendi လက်အောက်မှာ ခံစားရခြင်းနဲ့ ပတ်သတ်ပြီး ပြောကြားလာခဲ့တဲ့ Xcalibur

Dendi လက်အောက်မှာ ခံစားရခြင်းနဲ့ ပတ်သတ်ပြီး ပြောကြားလာခဲ့တဲ့ Xcalibur

Steve “Xcalibur” Ye ဆိုတာကတော့ Dota2 လောကရဲ့ Underrated ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင်ပဲ ဖြစ်ပါတယ်။ ပရိုဖက်ရှင်နယ် Dota2 လောကအထဲကို ၂၀၁၄ ခုနှစ်မှာ စတင် ဝင်ရောက်ခဲ့ပေမယ့် လက်ရှိအချိန်ထိ အောင်မြင်မှုတွေနဲ့ ဝေးကွာနေစဲဖြစ်တဲ့ Xcalibur အနေနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်က Dendi ဦးဆောင် ဖွဲ့စည်းထားတဲ့ B8 Dota2 အသင်းကို ပြောင်းရွေ့သွားခဲ့ပါတယ်။

Xcalibur

ယခုအခါမှာတော့ Dendi လက်အောက်မှာ ခံစားရခြင်းနဲ့ ပတ်သတ်ပြီး မိမိရဲ့ ခံစားချက်တွေကို Xcalibur အနေနဲ့ အခုလိုပဲ ဝေမျှသွားခဲ့ပါတယ်။

“လက်ရှိအချိန်မှာ အသင်းရဲ့ ရလဒ်တွေဟာ ဆိုးရွားနေစဲ ဖြစ်ပေမယ့် ကျွန်တော်တို့တွေ အစွမ်းကုန် ကြိုးစားလျက် ရှိပါတယ်။ အခုဆိုရင် အသင်းကြီးတွေနဲ့ သူတင်ကိုယ်တင် ကစားနိုင်တဲ့ အခြေအနေ တစ်ခုကို ပိုင်ဆိုင်လာပြီ ဖြစ်တာကြောင့် လေ့ကျင့်မှုတွေ များပြားလာတဲ့ အခါမှာ ထိပ်တန်း အသင်းတစ်ခု အဖြစ် ရပ်တည်သွားနိုင်မယ်လို့ ယုံကြည်မိပါတယ်။

Dendi က တကယ်ကို အရည်အချင်းရှိတဲ့ ကစားသမား တစ်ဦးပါ။ ကျွန်တော် ကိုယ်တိုင်လည်း သူနဲ့အတူ အလုပ် တွဲလုပ်ရတာကို နှစ်သက်မိပါတယ်။ သူနဲ့အရင်တုန်းက တစ်ခါမှ အတူ ကစားခဲ့ဖူးခြင်း မရှိတာကြောင့် အဆင်ပြေပါ့မလားလို့ စိုးရိမ်ခဲ့ရပေမယ့် အသင်းကို ရောက်ရှိတဲ့ အချိန်မှာ Dendi ရဲ့ စိတ်နေသဘောထား၊ ဦးဆောင်နိုင်စွမ်းတွေနဲ့ ပတ်သတ်ပြီး တကယ်ကို ကျေနပ်ခဲ့ရပါတယ်။

Dendi

Dendi ဆီမှာ ကပ္ပတိန် တစ်ယောက်ရဲ့ အတွေ့အကြုံကောင်းတွေ များစွာကို ပိုင်ဆိုင်ထားတာကြောင့် ကျွန်တော်တို့ အသင်း တိုးတက်စေဖို့ အတွက် များစွာသော အထောက်အကူတွေကို ပေးစွမ်းနိုင်ပါတယ်။ လက်ရှိအချိန်မှာ Covid-19 ကပ်ရောဂါကြောင့် ပြိုင်ပွဲ အများစုကို အွန်လိုင်းကနေသာ ကျင်းပနေရခြင်းက ကျွန်တော်တို့ B8 လို Tier2 Dota2 အသင်းတွေ အတွက် တကယ်ကို အကျိုးရှိစေပါတယ်။

အခုဆိုရင် ကျွန်တော်တို့တွေ အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ကစားခွင့်ကို ရရှိလာခဲ့ပြီဖြစ်တယ်။ ဒါကြောင့် အတွေ့အကြုံကောင်းတွေ များစွာကို သင်ယူနိုင်ခဲ့တယ်။ ကျွန်တော် အပါအဝင် Tier2 ကစားသမားတွေ အနေနဲ့ အခုလို မကြာခဏသာ Tier1 ကစားသမားတွေနဲ့ ယှဉ်ပြိုင်ကစားခွင့် ရရှိခဲ့မယ်ဆိုရင် မကြာခင် အချိန်အတွင်းမှာ Tier1 အဆင့်ကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်မိပါတယ်။”

B8 Dota2 သင်း အနေနဲ့ လက်ရှိအချိန်မှာ ESL One LA Online ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာခဲ့ရပြီ ဖြစ်တာကြောင့် မကြာခင် ထပ်မံ ကျင်းပသွားမယ့် ပြိုင်ပွဲတွေမှာ မတူကွဲပြားတဲ့ ရလဒ်တွေကို ဖော်ဆောင်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle