ရှုံးပွဲဆက် စံချိန်ဆိုးကနေ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်တဲ့ Dota2 အသင်း B8

ရှုံးပွဲဆက် စံချိန်ဆိုးကနေ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်တဲ့ Dota2 အသင်း B8

ရက်ပေါင်း (၆၂) ရက်၊ ကစားသမား အပြောင်းအလဲ (၂) ကြိမ်တိုင်တိုင် ပြုလုပ်ပြီးတဲ့ အချိန်မှာ ပရိသတ် အချစ်တော် Dota2 ကစားသမားကြီး Dendi ဦးဆောင်တဲ့ B8 Dota2 အဖွဲ့သားတွေ အနေနဲ့ ရှုံးပွဲဆက် စံချိန်ဆိုးကနေ ရုန်းထွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Dendi ကိုယ်တိုင် ဦးစီး တည်ထောင်ထားတဲ့ B8 Dota2 အသင်း အနေနဲ့ နှစ်လတိတိ ရှုံးပွဲဆက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် Dendi တစ်ယောက် အသင်းကို အလုံးစုံ ပြုပြင် ပြောင်းလဲမှုတွေ ပြန်လည် ပြုလုပ်ရန် အတွက် အသင်းရဲ့ ကစားသမားဟောင်းတွေဖြစ်တဲ့ Xcalibur, Ghostik, KingR, LebronDota စတဲ့ ကစားသမားတွေ အားလုံးနဲ့ လမ်းခွဲခဲ့ပါတယ်။

Pio65 (Left), Xcalibur (Right)

အခုလို ကစားသမားဟောင်းတွေနဲ့ လမ်းခွဲခဲ့ပြီ အချိန်မှာ Dendi အနေနဲ့ Dota2 လောကမှာ နာမည်သိပ်ရခြင်း မရှိသေးပေမယ့် Tier-2 အသင်းတွေမှာ ကျင်လည် ကျက်စားခဲ့တာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီဖြစ်တဲ့ Pos5 ကစားသမား Fishman နဲ့ Pos3 ကစားသမား LastHero တို့ကို B8 Dota2 အသင်း အတွက် ခေါ်ယူခဲ့ပါတယ်။

Lebron (Left), Dendi (Right)

ဒါ့အပြင် Dendi အနေနဲ့ B8 Dota2 အသင်းရဲ့ Pos1 နေရာ အတွက် Pub Star တစ်ဦးဖြစ်တဲ့ Crystallis ကို ခေါ်ယူခဲ့သလို Pos4 နေရာ အတွက်ကိုလည်း လူသိနည်းသေးတဲ့ ကစားတစ်ဦးဖြစ်တဲ့ 5up ကို ခေါ်ယူခဲ့ပါတယ်။ အသစ် ပြန်လည် ဖွဲ့စည်းထားတဲ့ B8 Dota2 အသင်းမှာ Dendi အပါအဝင် အတွေ့အကြုံရင့် ကစားသမား သုံးဦး ပါဝင်လို့ လာခဲ့ပြီး ပရိုဖက်ရှင်နယ် ပြိုင်ပွဲ အတွေ့အကြုံမရှိသေးတဲ့ ကစားသမား နှစ်ဦးလည်း ပါဝင်လို့ လာခဲ့ပါတယ်။

B8 Dota2 အသင်းသစ် အနေနဲ့ Beyond Epic: EU/ CIS လက်ရည်စစ်ပွဲမှာ ပထမဆုံး အကြိမ် စတင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုံး ပွဲစဉ်ဖြစ်တဲ့ Vikin.GG နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်မှာတော့ ရှုံးနိမ့်မှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒုတိယမြောက် ပွဲစဉ်မှာ Nongrata, NoFear စတဲ့ CIS အခြေစိုက် ဝါရင့်ကစားသမားတွေ ပါဝင်သလို B8 Dota2 အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ Kingr ပါဝင်တဲ့ FlyToMoon 2.0 ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ယူပြီး ရက် (၆၀) ကြာ နိုင်ပွဲပျောက် စံချိန်ဆိုးကို ရပ်တန့်နိုင်ခဲ့ပါတယ်။

FlyToMoon 2.0 ကို အနိုင်ယူပြီး နောက်တစ်ရက်မှာလည်း B8 Dota2 အဖွဲ့သားတွေ အနေနဲ့ Pikachu, Ghostik, Bignum တို့ ပါဝင်တဲ့ Cyber Legacy ကို နှစ်ပွဲပြတ်ဖြင့် ထပ်မံ အနိုင်ယူနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ အနိုင်ရလဒ်တွေကို ပြန်လည် မြည်းစမ်းခွင့် ရရှိနေပြီဖြစ်တဲ့ Dendi အပါအဝင် B8 Dota2 အဖွဲ့သားတွေ အနေနဲ့ Beyond Epic: EU/ CIS လက်ရည်စစ်ပွဲကို အောင်မြင်ပြီး Tier-1 အသင်းကြီးတွေနဲ့ ရင်ဆိုင်ကာ အမှန်တကယ် လက်ရည်စမ်းသပ်ခွင့် ရနိုင်မယ့် အခွင့်အရေးကို ရယူသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle