B8 Dota2 အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ Xcalibur နဲ့ LeBronDota2

နာမည်ကျော် Dota2 ကစားသမား Dendi ကိုယ်တိုင် ဦးစီး တည်ထောင်ခဲ့တဲ့ B8 Dota2 အသင်း အနေနဲ့ စတင် တည်ထောင်ချိန်က စတင်ပြီး လက်ရှိအချိန်ထိ ရလဒ်ဆိုးတွေနဲ့သာ ရင်ဆိုင်ခဲ့ရသလို ပြိုင်ပွဲစုံ ၂၄ ပွဲဆက် နိုင်ပွဲမရှိဆိုတဲ့ စံချိန်ဆိုးကိုလည်း မှတ်တမ်းနိုင်ခဲ့ပါတယ်။
👉🏻 @LeBronDoTa and @XcaliburYe leave B8 roster
— B8 (@B8esportsGG) May 26, 2020
We are very grateful to them for the path traveled together and wish them excellent results in the future! GL ✌🏻#b8d pic.twitter.com/If6RR6ezYQ
အခုလို ရလဒ်ဆိုးတွေနဲ့ ဆက်တိုက် ဆိုသလို ရင်ဆိုင်ရလျက် ရှိတာကြောင့် B8 Dota2 အသင်း အနေနဲ့ အသင်းရဲ့ Carry ကစားသမားဖြစ်တဲ့ Steve “Xcalibur” Ye နဲ့ Pos5 ကစားသမားဖြစ်သူ Nikola “LeBronDota” Popovi တို့ကတော့ အသင်းနဲ့ လမ်းခွဲသွားခဲ့ပြီ ဖြစ်ပါတယ်။
အသင်းနဲ့ လမ်းခွဲခဲ့ရခြင်းနဲ့ ပတ်သတ်ပြီး B8 Dota2 အသင်းရဲ့ Carry ကစားသမားဟောင်းဖြစ်သူ Xcalibur ကတော့ အခုလိုပဲ Twitter ကနေ တစ်ဆင့် ဖြေရှင်းသွားခဲ့ပါတယ်။
About my time with B8
— Steve Ye (@XcaliburYe) May 26, 2020
Read: https://t.co/m73ciSQoOH
“ဆက်တိုက် ဆိုသလို ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရခြင်းကြောင့် အခုလို အသင်းကနေ ပြန်လည် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့တွေ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာဟာ ကစားသမားတွေရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည် ညံ့ဖျင်းတာကြောင့် မဟုတ်ဘဲ၊ ကံဆိုးခဲ့ကြလို့သာ ဖြစ်တယ်လို့ ကျွန်တော်ကတော့ ထင်မြင်မိပါတယ်။
ကျွန်တော်တို့တွေ EU နဲ့ CIS ဒေသမှ နာမည်ကျော် အသင်းတွေ ပါဝင် ယှဉ်ပြိုင်မယ့် ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဖိတ်ကြားခံခဲ့ရတယ်။ ဒါပေမယ့်လည်း အဆိုပါ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ဖို့ အတွက် ကျွန်တော်တို့တွေ လုံလောက်တဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နိုင်ခဲ့ခြင်း မရှိတာကြောင့် ရလဒ်ဆိုးတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။
ကျွန်တော်တို့ B8 Dota2 အဖွဲ့သားတွေ အနေနဲ့ လေ့ကျင့်ချိန် နည်းပါးမှု ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် နိုင်သင့်တဲ့ ပွဲစဉ်တွေမှာပါ ရှုံးနိမ့်ခဲ့ရသလို အခုလို ရှုံးနိမ့်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေ ရှိလာခဲ့ပြီး ကံဆိုးစွာနဲ့ပဲ အသင်းကနေ ထွက်ခွာဖို့ အတွက် အခုလို ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။
အသင်းကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပေမယ့်လည်း Dendi နဲ့ ပတ်သတ်ပြီး ကျွန်တော် ပြောချင်တာ တစ်ခုရှိပါတယ်။ Dendi အနေနဲ့ ယခင် အချိန်တွေကတည်းက နာမည်ကျော် ကစားသမား တစ်ဦး အဖြစ် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ အောင်မြင်မှုတွေကို ဆာလောင်နေစဲ ဖြစ်သလို အသင်းမှာ စိတ်ဓာတ်ပိုင်းအရ ကြံ့ခိုင်မှု အရှိဆုံး ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။
အခုလို ခက်ခဲတဲ့ အခြေအနေတွေမှာ ကျွန်တော့် အနေနဲ့ Dendi ကို ကူညီပေးနိုင်ခြင်း မရှိခဲ့တာကြောင့် တကယ်ကို စိတ်မကောင်းဖြစ်မိသလို B8 Dota2 အသင်းကိုလည်း Dendi မျှော်လင့်ထားတဲ့ ထိပ်သီး Dota2 အသင်း တစ်သင်း အဖြစ် အမြန်ဆုံး ရပ်တည်နိုင်စေဖို့ ဆုတောင်းပေးသွားမှာ ဖြစ်ပါတယ်။”
B8 Dota2 အသင်းရဲ့ Pos5 ကစားသမားဖြစ်သူ LeBron အနေနဲ့လည်း B8 Dota2 အဖွဲ့သားများ အားလုံးကို ကျေးဇူးတင်ကြေင်း၊ အသင်းသားတွေနဲ့ အတူ အောင်မှုတွေ စွတ်ခူးနိုင်ဖို့ ဆုတောင်းပေးလိုက်ကြောင်း Twitter ကနေ တစ်ဆင့် ပြောကြားသွားခဲ့ပါတယ်။
Thank you @B8esportsGG for everyting.
— Nikola Popovic (@LeBronDoTa) May 26, 2020
It was hard decision to leave the team but i think it's a time to go to different directions.
I hope your next roster will have more success and thank you for all @DendiBoss!
By this said i am looking for a team,pos5/can captain if needed! https://t.co/J5qQ9ZQ87y
လက်ရှိအချိန်မှာ B8 Dota2 အသင်း အနေနဲ့ Xcalibur နဲ့ LeBron တို့ နေရာမှာ အစားထိုးသွားမယ့် ကစားသမားတွေကို ကြေညာခြင်း မရှိသေးတာကြောင့် ကစားသမားသစ် ခေါ်ယူဖို့ အတွက် Dendi တစ်ယောက် အချိန်ယူ စမ်းသပ်ပြီးမှသာ အသင်းအတွက် အကျိုးရှိစေမယ့် ကစားသမားကို ခေါ်ယူသွားဖို့ ဆုံးဖြတ်ထားတဲ့ ပုံပါပဲ။
REF: AfkGaming