ဗိုက်ထဲကကလေးကကန်တာနဲ့ပတ်သက်ပြီးသိကောင်းစရာ
မိခင်လောင်းတစ်ယောက်ရဲ့ဘဝဟာပျော်စရာလည်းကောင်းသလိုဂရုစိုက်စရာလည်းအရမ်းကောင်းပါတယ်နော်။မိခင်လောင်းတို့ရဲ့ကြည်နူးစရာအခိုက်အတန့်လေးတွေပြောပြေပါဆိုရင် ဗိုက်ထဲကသားသားမီးမီးလေးတွေကကန်တဲ့အချိန်လေးပါနော်။သားဦး၊သမီးဦးလေးလွယ်ထားရတဲ့မိဘတွေအတွက်ဆိုပိုကြည်နူးစရာကောင်းတယ်လို့ပြောရင်ပိုမှန်ပါတယ်နော်။ကလေးကကန်တယ်ဆိုတာကဘာကြောင့်လဲဆိုတဲ့အကြောင်းအရာလေးတွေကိုဗဟုသုတရအောင်မျှဝေပေးချင်ပါတယ်နော်။
Photo Credit -Medlife
ကလေးကကန်တယ်ဆိုတဲ့လက္ခဏာက ကိုယ့်ရဲ့ကလေးကကျန်းမာတယ်၊သားအိမ်ထဲမှာအနေအထားအပြောင်းအလဲ၊လှည့်ခြင်းတို့ကြောင့်လည်းမိခင်ကကန်တယ်လို့ခံစားမိတာဖြစ်တတ်ပါတယ်။နောက်ပြီး မိခင်လောင်းလေးတွေကဘယ်ဘက်ကိုစောင်းအိပ်တတ်ရင်လည်းသန္ဓေသားလောင်းဆီကသွေးထောက်ပံမှုကိုမြှင့်တင်ပေးရာကျပါတယ်။အဲလိုအချိန်မျိုးဆိုကလေးကပိုကန်တယ်လိုခံစားရတတ်ပါတယ်။ပုံမှန်ဆိုရင်ကလေးက ၁၅ကြိမ်မှ ၂၀လောက်ထိကန်တတ်ပါတယ်။
Photo Credit -Shutterstock
သူ့တို့ကလေးတွေကကိုယ်ဝန်ရဲ ၉ပတ်ပြည့်ပြီးနောက်ပိုင်းမကြာမီမှာစပြီးကန်တတ်ကြပါတယ်နော်။မိခင်အများစုဟာကိုယ်ဝန်နုချိန်မှာဆိုရင်တော့ သူတို့ရဲကလှုပ်ရှားမှုလေးကိုသိဖို့တော့ခက်ပါလိမ့်မယ်။ကိုယ်ဝန် ၂၄ပတ်ရောက်လာရင်တော့ အထဲကကလေးလေးကကန်နေပြီဆိုတဲ့ခံစားချက်ကိုမကြာ်ခဏခံစားမမှာအမှန်ပါနော်။နောက်ပြီး ကလေးကကန်တဲ့အကြိမ်ရေလျော့ကျသွားတဲကအချိန်ကဘယ်အချိန်တွေလဲဆိုရင် ကိုယ့်ရဲ့ကိုယ်ဝန်က ၃၆ပတ်ကြာပြီးနောက်ပိုင်းကလေးကြီးထွားလာတဲ့အတွက် ကန်တဲအကြိမ်ရေကလျော့နည်းသွားခြင်းဖြစ်ပါတယ်။
Photo Credit -Medical
Kelly -Akhayar Lifestyle