ကလေးငယ်တွေအိပ်ရေးမဝရင်ဘာတွေထိခိုက်နိုင်လဲ

ကလေးငယ်တွေအိပ်ရေးမဝရင်ဘာတွေထိခိုက်နိုင်လဲ

ကလေးငယ်လေးတွေက သူတို့ရဲ့ အိပ်ချိန်လေးမှာ အနှောက်အယှက်ကင်းကင်းနဲ့အိပ်နိုင်ထဖို့အတွက် သူတို့အိပ်နေတုန်းမှာ  ကျယ်ကျယ်လောင်လောင် အသံတွေထွက်နေမယ်၊ ဘေးနားကဆံညံတွေလုပ်နေရင်ကလေးတွေက သူတို့လေးတွေက အိပ်ရေးမဝတော့ရင် မှတ်ဉာဏ်၊အာရုံစူးစိုက်မှုနဲ့သင်ယူမှုဆိုင်ရာစွမ်းရည်ဆိုင်ရာပြဿနာတွေကိုလျော့နည်းတဲ့ပြဿနာတွေကြုံတွေ့ရတတ်ပါတယ်။ကလေးလေးတွေက ကျောင်းနေအရွယ်မှာဆိုရင် တစ်နေ့ကိုပျမ်းမျှ ၉နာရီအိပ်ဖို့လိုအပ်ပါတယ်။

အဲ့တော့ မေမေဖေဖေတို့အနေနနဲ့ ကိုယ့်ရဲ့ကလေးက ညအိပ်တာနောက်ကျနေပြီဆိုရင် မနက်ကိုမနှိုးပဲထားတာမျိုးမပြုလုပ်သင့်ပါဘူးဘာလို့လည်းဆိုရင်တော့ မနက်အချိန်မှန်မှန်နှိုးထစေရင် ညဘက်သတ်မှတ်ထားတဲ့အချိန်မှာအိပ်ပျော်ဖို့အခွင့်အလမ်းပိုများစေပါတယ်။ရင်သွေးငယ်လေးတွေက အိပ်ခါနီးအချိန်မျိုးတွေမှာ  ချောကလက်တို့လိုမျိုး ကဖင်းဓာတ်ပါတဲ့စားစရာတွေကို လုံးဝမကျွေးသင့်ပါဘူးနော်။ဗိုက်ပြည့်အင့်စေတဲ့အစားစားတွေကျွေးတာမျိုးရှောင်ပါ။

ကလေးကအိပ်တော့မယ်ဆိုရင် အနားမှာ  ဖုန်းတွေ၊ကွန်ပျူတာတွေ စတဲ့ပစ္စည်းတွေလုံးဝမထားသင့်ပါဘူးနော်။တကယ်လို့ ကလေးတွေက အိပ်ရေးမဝတာမျိုးတွေများလာရင် အရည်သွေးထုတ်ဖော်နိုင်စွမ်းလျော့နည်းတဲ့ပြဿနာတွေပါရင်ဆိုင်လာရတတ်ပါတယ်နော်။အဲ့ဒါကြောင့် ကလေးကို အိပ်ရေးဝပြီး အိပ်ချိန်မှန်အောင်လုပ်ပေးဖို့လိုပါတယ်နော်။

Kelly -Akhayar Lifestyle

Photo Credit - Pinterest