ကလေးလေးတွေကဘယ်အချိန်မှာ စပြီးသွားလေးတွေပေါက်တာလဲ

ကလေးလေးတွေကဘယ်အချိန်မှာ စပြီးသွားလေးတွေပေါက်တာလဲ

သားသားမီးမီးလေးတွေက တစ်နေ့တစ်ခြားတစ်ဖြည်းဖြည်းနဲ့ လှုပ်ရှားမှုလေးတွေကပြောင်းလဲတတ်လဲလာပြီး သူတို့ရဲ့ပြောင်းလဲမှုကိုလည်းမိဘတွေကလည်းတစ်ဖြည်းဖြည်းနဲ့ပြောင်းလဲလာပြီဆိုတော့ အချစ်တွေပိုနေကြပြီပေါ့။သူတို့လေးတွေရဲ့သွားက ဘယ်အချိန်မှာစပြီးတော့ထွက်လေ့ရှိတာလဲ? ၆လမှ ၁၀ လကြားအရွယ်လေးတွေမှာပထမဆုံးသွားစပေါက်ပါတယ်။တစ်ချို့ကလေးတွေဆိုရင် ၃လမှာစပြီးတော့ပေါက်လေ့ရှိပါတယ်။

အဲ့ကလေးတွေက သွားဖွံဖြိုးတဲ့ကလေးလေးလေးတွေလို့ပြောလို့ရပါတယ်။သွားလေးတွေကစပြီးပေါက်တာက အောက်သုံးဖုံးကနေစပြီးပေါက်လေ့ရှိတာတွေ့ရပါတယ်။နောက်တော့ အပေါ်အလယ်သွားနှစ်ချောင်းအဲ့လိုဘေးတွေအနောက်တွေပေါက်လာပါတယ်။သွားလေးတွေစပေါက်လာရင်  သူ့တို့ရဲ့အနီးအနားမှာရှိတဲ့ အရာလေးတွေကိုကိုက်တတ်ကြပါတယ်။အဲ့လိုမျိုးအနေအထားမှာတိုရင် မေမေတွေကသူတို့ရဲ့ဆော့ကစားရာပတ်ဝန်းကျင်လေးကိုပိုးမွှားကင်းအောင်လုပ်ပေးထားဖို့လိုအပ်ပါတယ်နော်။ဘာလို့လဲဆိုရင်တော့ သူတို့ကဟိုဟာစမ်းလိုက်ကိုက်၊ဒီဟာစမ်းလိုက်ကိုက်ဆိုရင် သူတို့ရဲ့ပါးစပ်ထဲကိုပိုးမွှားတွေဝင်သွားနိုင်ပါတယ်။အဲ့တစ်ချက်ကိုတော့သတိပြုစေချင်ပါတယ်နော်။

Kelly -Akhayar Lifestyle

Photo Credit -Pinterest