ကိုယ့်ရဲ့ခန္ဓာကိုယ်ချွေးအနံ့တွေရနေပြီဆို ဒီနည်းလမ်းတွေလုပ်ကြည့်မယ်

ကိုယ့်ရဲ့ခန္ဓာကိုယ်ချွေးအနံ့တွေရနေပြီဆို ဒီနည်းလမ်းတွေလုပ်ကြည့်မယ်

လူရဲ့ခန္ဓာကိုယ်က တကယ်တမ်းပြောရရင် အနံ့အသက်တွေကရှိတတ်ပါတယ်။အနံ့အသက်တွေကဘယ်အချိန်မှာအများဆုံးထွက်လေ့ရှိလဲဆိုရင် ရာသီဥတုပူလောင်အိုက်စပ်တဲ့အချိန်မျိုး၊ တစ်နေကုန်အလုပ်တွေလုပ်ပြီး ပင်ပန်းတဲ့အချိန်မျိုး၊ တွေဆိုချွေးအနံ့ထွက်လေ့ရှိတတ်ပါတယ်။တစ်ချို့လူတွေက ကိုယ့်ရဲ့ခန္ဓာကိုယ်ကချွေးထွက်လွန်ပြီး အနံ့အသက်တွေမကောင်းဘူးအဲ့လိုပြဿနာတွေဖြစ်နေပြီဆိုရင်အခုပြောပြတဲ့သဘာဝနည်းလမ်းလေးတွေလိုက်လုပ်ကြည့်ပါနော်။
သံပရာရည်
သံပရာရည်မှာပါဝင်တဲ့ ဗီတာမင်က အနံ့သက်တွေကိုပျောက်ကင်းနိုင်စေတဲ့အတွက် သံပရာသီးကိုထက်ခြမ်းပြီး ဂျိုင်းကြားတွေခြေဖဝါးတွေမှာပွတ်တိုက်ပေးရပါမယ်။ နေ့တိုင်းမလုပ်ပေးရင်လည်း တစ်ပတ်ကိုနှစ်ကြိမ်လောက်လုပ်ပေးသင့်ပါတယ်။

Photo Credit- Mental


အုန်းဆီ
အုန်းဆီကသုံးရတာနည်းနည်းတော့စိတ်ရှုပ်စရာကောင်းပေမယ့်တကယ်ကိုထိရောက်တဲ့နည်းလမ်းတစ်ခုလို့လည်းပြောလို့ရပါတယ်။ကိုယ်သင်းရနံ့တွေကိုပျောက်ကင်းစေပြီး ဘက်တီးရီယားပိုးရန်မှာလည်းကာကွယ်ပေးနိုင်ပါသေးတယ်။ ရေချိုးပြီးတိုင်းတစ်နေ့တစ်ကြိမ်ပုံမှန်သုံးပေးပါနော်။

Photo Credit -The new yourk time


ကျောက်ချဉ်
ကျောက်ချဉ်ကိုတော့ မြန်မာတိုင်းရင်ဆေးဆိုင်တွေမှာအလွယ်တကူဝယ်လို့ရနေပါပြီ။အနံ့ဆိုးတွေပျောက်တဲ့နေရာမှာသုံးလို့လည်းရသလို တစ်ခြားမိတ်ပေါက်တာတို့၊ယားယံတာတို့၊ စသည်ဖြင့်အနာတွေဖြစ်ရင်လည်းသုံးလို့ရပါတယ်။သူ့ကိုတော့ ရေနဲ့စိမ်ထားပြီး သန့်စင်တဲ့ခွက်လေးနဲ့သိမ်းထားဖို့တော့လိုအပ်ပါတယ်။

Photo Credit -Thutaw

Kelly -Akhayar Lifestyle