ဒီအကျင့်ဆိုးတွေရှိနေရင် အခုပဲပြင်လိုက်ပါ

ဒီအကျင့်ဆိုးတွေရှိနေရင် အခုပဲပြင်လိုက်ပါ

အခု အခရာက ပြောပြပေးမယ့် ဒီအပြုအမူ (၁၀) ချက်က မိန်းကလေးတွေအတွက်ပဲ မဟုတ်ဘဲ ယောက်ျားလေးတွေအတွက်ပါ အသုံးဝင်စေမှာပါ။ ဒီအချက်တွေက လူ့ခန္ဓာကိုယ်ရဲ့မျက်နှာစာလို့ ပြောလို့ရတဲ့ အသားအရေကို ဆိုးဆိုးရွားရွား ထိခိုက်စေလို့ပါပဲ။

(၁) ကြမ်းကြမ်းတမ်းတမ်း ချေးချွတ်တာတွေ
မျက်နှာကို သန့်ရှင်းပါစေတော့ဆိုပြီး Scrub နဲ့ ပွတ်တိုက်တာတွေကို လိုတာထက်ပိုလုပ်မိမယ်ဆိုရင် သင့်အသားအရေရဲ့ နဂိုအဆီဓာတ်ကို ခန်းခြောက်စေနိုင်ပါတယ်။ ဒါတွေအပြင် အရေပြားကို ရောင်ရမ်းတာတွေနဲ့ ယားယံတာတွေကိုဖြစ်စေနိုင်တာကြောင့် Scrub ကို (၁) ပတ် (၁) ကြိမ်ထက်ပိုပြီး အသုံးမပြုသင့်ပါဘူးနော်။

(၂) လိုအပ်တာထက်ပိုပြီး မျက်နှာသစ်တာမျိုး မလုပ်ပါနဲ့
ခြောက်သွေ့တဲ့အသားအရေရှိတဲ့လူတွေဟာ မကြာခဏ မျက်နှာမသစ်သင့်ပါဘူး။ “တန်ဆေးလွန် ဘေး” ဆိုသလိုပါပဲ။ ဒီအလေ့အကျင့်ဟာ သင့်အသားအရေကိုခြောက်သွေ့တာနဲ့ပဲ အဆုံးသတ်စေပါလိမ့်မယ်။ မျက်နှာသစ်ဆပ်ပြာအမျိုးအစားကိုလည်း ကရင်(မ်) ဒါမှမဟုတ် အဆီကိုအခြေခံပြီးထုတ်ထားတဲ့ ဆပ်ပြာအမျိုးအစားကိုပဲ ရွေးချယ်အသုံးပြုသင့်ပါတယ်။ မျက်နှာကို ဒီ့ထက်ပိုပြီး စိုပြည်သွားချင်တယ်ဆိုရင်တော့ သဘာဝပစ္စည်းကနေထုတ်ထားတဲ့ အစိုဓာတ်ထိန်း အဆီတစ်မျိုးမျိုးကို လိမ်းပေးလိုက်မယ်ဆိုရင်တော့ သင့်မျက်နှာဟာစိုစိုလေးနဲ့ လှနေမှာပါ။

(၃) ဝက်ခြံမညှစ်ပါနဲ့
ဝက်ခြံထွက်လာလို့ မနေနနိုင်ဘဲ ညှစ်တာတို့ ကိုင်တာတို့က ဝက်ခြံကိုမသက်သာစေဘဲ ပိုလို့တောင်ဆိုးရွားစေမှာပါ။ အခုချိန်မှာတော့ ဝက်ခြံအပေါ်မှာ တို့ရုံသာတို့ထားလိုက်လို့ရတဲ့ ဆေးတွေကို အသုံးပြုနိုင်သလို အရေပြားအထူးကုဆရာဝန်တွေနဲ့လည်း ပြသပြီး ကုသလို့ရပါတယ်။

(၄) ရေပူနဲ့ မကြာခဏရေချိုးတာကို ရှောင်ပါ
Spa လိုနေရာမျိုးမှာ ရေပူနဲ့ရံဖန်ရံခါရေချိုးခြင်းက သင့်ကိုလန်းဆန်းစေမှာပါ။ ဒါပေမယ့်ရေပူနဲ့ မကြာခဏရေချိုးတာက အသားအရေရဲ့ အပေါ်ယံအလွှာကို ခြောက်သွေ့စေပြီး အဆီဓာတ် ခမ်းခြောက်စေနိုင်ပါတယ်။

(၅) မျက်နှာမှန်မှန် သစ်ပေးပါ
မျက်နှာကို အနည်းဆုံး တစ်နေ့ကို (၂) ကြိမ်ကနေ အများဆုံး (၃) ကြိမ်အထိပဲ သစ်ပေးဖို့ လိုပါတယ်။ ဒီလိုသစ်ပေးမယ်ဆိုရင် မျက်နှာပေါ်က အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေကိုသန့်စင်စေနိုင်ပြီး မျက်နှာမွဲခြောက်ခြောက်ဖြစ်မှာမျိုးတွေ ဝက်ခြံထွက်တာမျိုးတွေနဲ့ အရေးအကြောင်း မဖြစ်စေဖို့အတွက်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၆) အိပ်ရေးမပျက်ပါစေနဲ့
အိပ်ချိန်လုံလောက်စွာမရှိတာကလည်း အသားအရေကိုထိခိုက်စေနိုင်ပါတယ်။ တစ်နေ့အိပ်ချိန် (၇) နာရီထက် နည်းမယ်ဆိုရင်တော့ အသားအရေကိုမွဲခြောက်စေဖို့အတွက် အခွင့်အရေးပေးလိုက်သလိုပါပဲ။ အိပ်ချိန်ကိုသတ်သတ်မှတ်မှတ်ထားပြီးလုံလောက်စွာအိပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အထောက်အကူပေးပြီး အသားအရေအတွက် ဆဲလ်အသစ်တွေပွားဖို့ကိုလည်း အားပေးရာရောက်ပါတယ်။

(၇) မသန့်ရှင်းတဲ့ ခေါင်းအုံးစွပ်
မျက်နှာနဲ့ အနီးဆုံးထားပြီး အိပ်ရတဲ့ ခေါင်းအုံးစွပ်ကတော့ မျက်နှာပေါ်က အဆီတွေ ညကလိမ်းထားတဲ့ Skincare အကြွင်းအကျန်တွေရဲ့ စုပုံရာနေရာကြီး ဖြစ်လို့နေပါတယ်။ အဲ့အတွက် ခေါင်းအုံးစွပ်ကိုလည်း အနည်းဆုံး (၁၀) ရက်မှာတစ်ခါ လျှော်ပေး၊ လဲပေးဖို့လိုပါတယ်။ မဟုတ်ရင်တော့ ခေါင်းအုံးစွပ်ကအညစ်အကြေးတွေက မျက်နှာအသားအရေအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

(၈) သကြားအလွန်အကျွံမစားပါနဲ့
သကြားစားသုံးတာကတော့ ခနွာကိုယ်အတွက်အထောက်အကူမဖြစ်စေနိုင်တဲ့အပြင် သင့်အသားအရေရဲ့ နုပျိုမှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ အဲ့ဒါကြောင့် သကြားစားတာကိုလျှော့ချပြီး အချိုပွဲတွေစားသုံးချင်ရင်တော့ (၁) ပတ် တစ်ခါတော့ စားပေးနိုင်ပါတယ်။

(၉) အရက်အလွန်အကျွံမသောက်ပါနဲ့
အရက်အလွန်အကျွံသောက်တဲ့သူနဲ့ မသောက်တဲ့သူရဲ့ မျက်နှာကို ချိန်ထိုးကြည့်ပါ။ ဆေးလိပ်၊ အရက်တွေက အိုမင်းရင့်ရော်မှုကို ပိုဖြစ်စေပါတယ်။ အရက်က ရေဓာတ်ခမ်းခြောက်စေတာကြောင့် သင့်အသားအရေကို မွဲခြောက်ခြောက်ဖြစ်စေပါလိမ့်မယ်။ အရက် (၂) ခွက်သောက်တိုင်း ရေ (၁) ခွက် သောက်ပေးမယ်ဆိုရင်တော့ သင့်အသားအရေကို အလျင်အမြန်ပျက်စီးမှုဒဏ်ကနေ ကူညီပေးရာရောက်ပါလိမ့်မယ်။

(၁၀) ဆေးလိပ်သောက်တာတွေကြောင့်လည်း ပါပါတယ်
ဆေးလိပ်သောက်တာက အဆုတ်၊ နှလုံးတွေပါ ထိခိုက်စေတာမဟုတ်ပါဘူး။ အရေအပြားအတွက်လည်း ဆိုးကျိုးဖြစ်စေပါတယ်။ ဒီအလေ့အကျင့်က အရေပြားမှာရှိတဲ့ ကျုံ့နိုင်၊ ဆွဲဆန့်နိုင်တဲ့ အမျှင်တွေကို ပျက်စီးစေနိုင်တဲ့အထိပါ။ ဆေးလိပ်မသောက်တာက သင့်အသားအရေကို လှပတောက်ပြောင်နေစေပါတယ်။

Reference: onlymyhealth

Photo Credit: freepik

NSC (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle