Workout တွေအတွက် ဘယ် Gym မှာကစားကြမလဲ ?

Workout တွေအတွက် ဘယ် Gym မှာကစားကြမလဲ ?

Stay at home ကာလမှာ စားလိုက်သောက်လိုက်နဲ့ ကိုယ့်ရဲ့ Body Weight တွေက တိုးလာတယ်လို့ခံစားမိကြတယ်ဟုတ်။ အိမ်မှာ workout လုပ်ဖို့ကြံစည်တော့လည်း ရာသီဥတု
ကြောင့်၊ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ mood သွင်းလို့မရတဲ့ အကြောင်းမျိုးစုံနဲ့ workout plan ကိုနောက်ဆုတ်လိုက်ရတာများပါတယ်။ Gym မှာဆော့တာနဲ့ အိမ်မှာဆော့တာက vibe ကအစ အကုန်ကွာခြားပါတယ်။ ဒီတော့ Gym ကိုလည်းပြန်သွားချင်ပြီ safe လည်းဖြစ်၊ သန့်သန့်ရှင်းရှင်း
နဲ့ စိတ်အေးလက်အေးကစားချင်ပြီဆိုတဲ့သူတွေအတွက် Balance Fitness Gym ပြန်ဖွင့်လိုက်တဲ့ အကြောင်းလေးကို မျှဝေပေးချင်ပါတယ်။

Balance Fitness ဆိုတာနဲ့ facility အရရော equipment တွေပါစုံလင်တဲ့ Gym တစ်ခုဆိုတာအားလုံးပဲ သိကြမှာပါ။ Covid-19 ကြောင့် customer တွေရဲ့ ကျန်းမာရေးကို အလေးထားတဲ့ အနေနဲ့ Balance Fitness Branch ၃ ခုလုံးကို ခေတ္တပိတ်ထားခဲ့ပြီး မကြာသေးမီ အချိန်ကပဲ ပြန်လည်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ကျိုက်ဝိုင်းဘုရားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းနဲ့ အလုံလမ်း မှာရှိတဲ့ Gym ၃ ခုလုံးပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်ပြီး Gym လာဆော့တဲ့သူတွေအတွက်
ကျန်းမာရေးပိုင်းဆိုင်ရာ နဲ့ သန့်ရှင်းမှုတို့ကို ဦးစားပေးဆောင်ရွက်ထားပါတယ်။

Gym လာဆော့တဲ့သူတွေအနေနဲ့ စိတ်ချလက်ချworkout လုပ်နိုင်မှာဖြစ်ပြီး ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ထားလို့ အေးဆေး ကစားနိုင်မှာပဲဖြစ်ပါတယ်။ Flexible Pass Points တွေကျန်သေးတဲ့သူတွေအတွက်လည်း Flexible Pass က points တွေကို သက်တမ်းတိုးပေးထားတာဖြစ်လို့ ကိုယ့်ရဲ့ လက်ကျန် points တွေနဲ့ balance မှာလာဆော့လို့ရမှာပါ။
Time Table တွေနဲ့ အချိန်တွေကိုဖုန်းဆက်တာပဲဖြစ်ဖြစ် Balance ရဲ့ Facebook Page မှာကြိုတင်ကြည့်ထားတာဖြစ်ဖြစ်လုပ်ထားရင် ပိုပြီးအဆင်ပြေပါလိမ့်မယ်။

ကဲ…. Gym ကိုမှပြန်သွားချင်နေပါပြီဆိုတဲ့သူတွေအတွက် ကိုယ့်ရဲ့ workout routine တွေကို Balance မှာ ပြန်လည်စတင်လိုက်ကြရအောင်နော်။

Thoon-Akhyar Lifestyle